ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်

From Wikipedia, the free encyclopedia

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်
Remove ads

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အင်္ဂလိပ်: Zomi Congress for Democracy; အတိုကောက် ZCD) သည် ချင်းပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီဖြစ်သည်။ အဓိကအားဖြင့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့တွင် ရွေးကောက်ပွဲ ဝင်ပြိုင်သည့် ပါတီ ဖြစ်သည်။

အချက်တိုများ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်, အင်္ဂလိပ် အမည် ...
Remove ads

နောက်ခံသမိုင်း

၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပါတီများ၏ အမည်နှင့် ပတ်သက်ပြီး ကန့်သတ်ချက်များ ထည့်သွင်းလိုက်ပြီးသည့်နောက်တွင် ဇိုမီးအမျိုးသားကွန်ကရက်ကို ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အဖြစ် အမည်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ပါတီဝင်များမှာ တွန်းဇံ၊ တီးတိန်မြို့နယ်များ အပါအဝင် ချင်းပြည်နယ်မှ ဖြစ်ကြသည်။[]

ZCD ပါတီဟာ Zomi National Congress - ZNC ပါတီအမည်ဖြင့် ၁၉၉၀ ရွေးကောက်ပွဲတုန်းက တီးတိန်နှင့် တွန်းဇံမြို့နယ်မှာအနိုင်ရရှိခဲ့သည်။

Remove ads

ပါတီမှတ်ပုံတင်ခြင်း

၂၀၂၄

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့တွင် အသစ်ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပါတီများအား ရက် ၆၀ အတွင်း ပြန်လည်မှတ်ပုံတင်ခိုင်းခဲ့ရာ၊ ZCD ပါတီ၏ မှတ်ပုံတင်လျှောက်ထားမှုကို စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၄ ဩဂုတ် ၅ ရက်နေ့တွင် ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်ဟုဆိုကာ ပယ်ချခဲ့သည်။[]

ရွေးကောက်ပွဲ ဝင်ပြိုင်မှု

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေ ၆ နေရာ၊ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေ ၂ နေရာ အသီးသီး အနိုင်ရရှိခဲ့သည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads