ဇွဲဝင်းမြင့်
မြန်မာ့ရေတပ်အရာရှိနှင့် မြန်မာ့ရေတပ်ဦးစီးချုပ်ဟောင်း From Wikipedia, the free encyclopedia
Remove ads
ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် (၁၉၆၈ ဖွား) သည် တပ်မတော်(ရေ) ၏ ၁၆ဦးမြောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်သည်။[၃] ယင်းမတိုင်မီက သူသည် စစ်ဦးစီးအရာရှိချုပ်(ရေ)ဖြစ်ခဲ့သည်။
Remove ads
တပ်မတော်တာဝန်
သူသည် စစ်တက္ကသိုလ် အပတ်စဉ် (၃၀) ဆင်း ဖြစ်သည်။ပြန်တမ်းဝင်အမှတ် ရေ ၃၄၇၄ ဖြင့် တပ်မတော်(ရေ) တွင် စစ်မှုထမ်းသည်။ရာထူးအဆင့်ဆင့်တိုးပြီး ၂၀၁၅ ခုနှစ်တွင် အမှတ်(၁)ဗျူဟာစစ်ရေယာဉ်စု၊ရေယာဉ်စုမှူး တာဝန်၊ ၂၀၁၆ ခုနှစ်အရောက်တွင် ဗိုလ်မှူးကြီးရာထူးဖြင့် တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှူး[၄] ၊ယင်းနောက်တွင် ဗိုလ်မှူးချုပ်အဆင့်တိုးပြီး ဧရာဝတီရေတပ်စခန်းဌာနချုပ်မှူး[၅] ၊ဒလတပ်နယ်မှူး စသည့်တာဝန်များထမ်းဆောင်သည်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်တွင် ဗိုလ်ချုပ်ကြီး မိုးအောင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်လာစဉ် သူသည် စစ်ဦးစီးအရာရှိချုပ်(ရေ) တာဝန်အား လွှဲပြောင်းဆက်ခံရသည်။[၆] ယင်းနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက် တွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် အရပ်ဘက် ဝန်ကြီးဌာန သို့ ကူးပြောင်းသွားသောအခါ သူသည် ၁၆ဦးမြောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်လာခဲ့သည်။[၇]သူသည် ကာကွယ်ရေးဦးစီးချုပ်(ရေ) တာဝန်အား ၆လ ခန့် ထမ်းဆောင်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လ တွင် နုတ်ထွက်စာတင်ခဲ့သည်။[၈]
ထင်ရှားဖြစ်ရပ်များ
သူသည် ၂၀၁၅ ခုနှစ် က နေရပ်ပြန်ရန်ခက်ခဲနေသည့် မလေးရှားနိုင်ငံရောက်မြန်မာလုပ်သား ၁၀၂ ဦးအား စစ်ရေယာဉ် မဟာသီဟသူရ ဖြင့် ခေါ်ဆောင်လာရာတွင် ဦးဆောင်ခဲ့သည်။[၉] ထို့အပြင် ၂၀၂၀ပြည့်နှစ်က ပြုလုပ်သော တပ်မတော်(ရေ)မှ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စစ်ရေယာဉ်- မင်းရဲသိင်္ခသူ ပါဝင်သည့် စစ်ရေယာဉ်ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း (Fleet Exercise-2020) အား တာဝန်ရေတပ်မမှူး အဖြစ် တာဝန်ယူသည်။[၁၀]
Remove ads
ချီးမြှင့်ခံရသည့်ဘွဲ့
၎င်း သည် ၂၀၂၂ ခုနှစ် တွင် တပ်မတော်ဆိုင်ရာဆုတံဆိပ်ဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့ အပ်နှင်းခံရသည်။ [၁၁]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads