ညီညီအောင်

မြန်မာနိုင်ငံသား အမျိုးသား အထွေထွေရောဂါကုဆရာဝန် ငှက်ဖျားဆရာဝန်၊ လူမှုကျန်းမာပညာရှင် လူမှ From Wikipedia, the free encyclopedia

Remove ads

ဒေါက်တာညီညီအောင်သည် မြန်မာနိုင်ငံသား အမျိုးသား အထွေထွေရောဂါကုဆရာဝန် ငှက်ဖျားဆရာဝန်၊ လူမှုကျန်းမာပညာရှင် လူမှုရေးလုပ်ငန်းလုပ်သူ စိုက်ပျိုးရေးသမား၊ နိုင်ငံရေးသမား နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်သည်။

အချက်တိုများ ဒေါက်တာ ညီညီအောင်, ဒုတိယအကြိမ်မြောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ...
Remove ads

ငယ်ဘဝ

၁၉၇၁ ခုနှစ်က ဆိပ်ဖြူမြို့တွင် ဖွားမြင်ခဲ့သည်။ [ကိုးကားချက်လိုသည်]

ပညာရေး

၁၉၇၇ ခုနှစ်တွင် ဇီးဖြူပင်ရွာရှိ အခြေခံပညာအလယ်တန်း(ယခုအထက်တန်း)ကျောင်းတွင် စတင်ပညာသင်ယူခဲ့သည်။ ၁၉၈၀ တွင် ဆိပ်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ပညာသင်ယူခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို အဆိုပါကျောင်းမှပင် အောင်မြင်သည်။ အရေးအခင်းဖြစ်ပွားနေချိန်ဖြစ်သဖြင့် သုံးနှစ်ခန့် ပညာသင်ယူမှု ရပ်နားခဲ့ရသည်။[ကိုးကားချက်လိုသည်]

၁၉၉၁ ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ် တွင် တက်ရောက်ပညာသင်ကြားသည်။ တက္ကသိုလ်ကျောင်းသားဘဝတွင် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ၁၉၉၁ နှင့် ၁၉၉၇ ခုနှစ်များတွင် ကျောင်းများပိတ်သည်ကို ကြုံရပြန်သည်။ ၁၉၉၉ ခုနှစ်တွင် နောက်ဆုံးနှစ်အပိုင်း (ခ) အောင်မြင်ပြီး ဆေးပညာဘွဲ့ ရရှိသည်။[ကိုးကားချက်လိုသည်]

၂၀၁၁ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟီဒေါ တက္ကသိုလ်တွင် သပြေပညာရေးဗဟိုဌာန၏ ပညာသင်ဆုအစီအစဉ်၊ မဟီဒေါတက္ကသိုလ်ပညာသင်ကင်းလွတ်ခွင့်အစီအစဉ်များဖြင့် လူမှုကျန်းမာသိပ္ပံပညာနိုင်ငံတကာမဟာတန်းတွင် တက်ရောက်ပညာသင်ယူခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် အဆိုပါတက္ကသိုလ်မှပင် လူမှုကျန်းမာသိပ္ပံပညာမဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။[]

Remove ads

အလုပ်အကိုင်

၁၉၉၉ ခုနှစ်တွင် မကွေးမြို့ အထွေထွေရောဂါကုဆေးရုံကြီး (တိုင်းဆေးရုံကြီး)တွင် အလုပ်သင်ဆရာဝန် အဖြစ်လုပ်ကိုင်သည်။[ကိုးကားချက်လိုသည်]

၂၀၀၀ ပြည်နှစ်တွင် မယ်ဒီမြန်မာဆေးကုမ္ပဏီတွင်ဆေးကိုယ်စားလှယ်အဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ဆေးကုမ္ပဏီအလုပ်လုပ်နေစဉ် ပုဂ္ဂလိကဆေးရုံများတွင် အချိန်ပိုင်းဆရာဝန်အဖြစ်လည်းကောင်း၊ ကိုယ်ပိုင်ဆေးခန်းအချို့တွင် အထွေထွေရောဂါကုဆရာဝန်အဖြစ်လည်းကောင်း လုပ်ကိုင်သည်။ သုတေသနစီမံချက်များတွင်သုတေသနဆရာဝန်အဖြစ်လည်း လုပ်ကိုင်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် မန္တလေးမြို့ တော်ဝင်ဆေးရုံတွင် တာဝန်ခံဆရာဝန်အဖြစ်လုပ်ကိုင်သည်။ ၂၀၀၇ ခုနှစ်တွင် ငှက်ဖျားစီမံချက်ဆရာဝန်အဖြစ်လုပ်ကိုင်သည်။ ၂၀၁၁ ခုနှစ်တွင် ပညာသင်ဆုရရှိသဖြင့် ငှက်ဖျားဆရာဝန်အလုပ်မှ ထွက်ပြီး ပြည်ပတွင် သွားရောက်ပညာသင်ကြားသည်။[ကိုးကားချက်လိုသည်]

ပညာသင်ပြန်လာအပြီး ၂၀၁၃ ခုနှစ်တွင် ငှက်များစီမံချက်တွင် လ အနည်းငယ်လုပ်ကိုင်ပြီးနောက် နောင်ချိုမြို့နယ် ဘန့်ဘွေးရွာ ကရုဏာအခမဲ့အာယုဒါနဆေးခန်း ထူထောင်ရာတွင် ပါဝင်လုပ်ကိုင်ခဲ့သည်။ အဆိုပါဆေးခန်းတွင် အခမဲ့ အထွေထွေရောဂါကုဆရာဝန်အဖြစ် အချိန်ပိုင်း ကုသိုလ်ဖြစ်လုပ်ကိုင်ပေးခဲ့သည်။ တချိန်တည်းတွင် စိုက်ပျိုးရေးလုပ်ငန်း စတင်လုပ်ကိုင်ခဲ့သည်။[ကိုးကားချက်လိုသည်]

နိုင်ငံရေး

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နောင်ချိုမြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မြေမှ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံရပြီး ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့သည်။[] ၂၀၁၆ ဧပြီလတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နောင်ချိုမြို့နယ်အမှတ်(၂) မဲဆန္ဒနယ်မြေမှပင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ရာ ဒုတိယအကြိမ်အရွေးခံရပြီး တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်လာသည်။[]

၂၀၂၁ ဖော်ဖော်ဝါရီလ (၁) ရက်နေ့ တွင် မြန်မာ့တပ်မတော်၏ ခေတ္တ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။ [ကိုးကားချက်လိုသည်]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads