ညွန့်အောင်

From Wikipedia, the free encyclopedia

Remove ads

ဦးညွန့်အောင် သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဟောင်း ဖြစ်သည်။ သူသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အဖွဲ့ဝင်၊[] ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီအတွင်းရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။[]

အချက်တိုများ ဦးညွန့်အောင်, စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ...
Remove ads

ပညာရေး

ဦးညွန့်အောင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၃၀ တွင် တက်ရောက်ခဲ့သည်။

ဝန်ထမ်းဘဝ

တပ်မတော်တွင် စစ်ထောက်လှမ်းရေးဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၁၉၉၉ ခုနှစ်ဝန်းကျင်တွင် ကုန်သွယ်ရေး ဦးစီးဌာနသို့ ပြောင်းရွှေ့လာခဲ့သည်။

ဦးညွန့်အောင်သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ညွန်ကြားရေးမှူးချုပ်ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့စဉ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း ကချင်ပြည်နယ်ရှိ ဖားကန့် ကျောက်စိမ်းတွင်းများတွင် တရုတ်ဘက်မှ တရားမဝင် ယန္တရားကြီးများ အလွန်အကျွံသုံးစွဲနေမှုကို ထိရောက်သည့် အရေးယူမှုမရှိကြောင်း စိစစ်တွေ့ရှိ၍ သမ္မတ ဦးသိန်းစိန်က ဦးညွန့်အောင်အား အငြိမ်းစားပေးခဲ့သည်။[] ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ဦးညွန့်အောင်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး အဖြစ်ခန့်အပ်ခဲ့သည်။[]

အနားပေးခံရခြင်း

စားသုံးဆီဈေး အဆမတန်မြင့်တက်ခဲ့မှုအပါအဝင် ကုန်ဈေးနှုန်းကြီးမြင့်သွားမှုနှင့် ပါတ်သတ်ပြီး စစ်ဗိုလ်ချုပ်ကြီးအချို့ စစ်ဆေးခံကြရရာဝယ် ၎င်းလည်း ပါဝင်ခဲ့သည်။[]ယင်းနောက် ၂၀၂၃ စက်တင်ဘာ ၂၅ ရက်တွင် စစ်ကောင်စီက ၎င်းကို ဒုတိယဝန်ကြီး အဖြစ်မှ အနားပေးကြောင်း စာထုတ်သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads