မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်

From Wikipedia, the free encyclopedia

Remove ads

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(အင်္ဂလိပ်: Myanmar Investment Commission; အတိုကောက် MIC)သည် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်း ပြည်တွင်းရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများကို တန်ဖိုးသတ်မှတ်ပေးရန်နှင့် အဓိကကဏ္ဍများ ဖွံ့ဖြိုး တိုးတက်မှုများအတွက် အမိန့်ကြော်ငြာစာများကို ထုတ်ဝေရန်အတွက် ဖွဲ့စည်းထား​သောကော်မရှင်အဖွဲ့ဖြစ်သည်။ လက်ရှိဥက္ကဋ္ဌမှာ ဗိုလ်ချုပ်ကြီးမြထွန်းဦးဖြစ်သည်။

အချက်တိုများ မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း, ​ကော်မရှင် အကျဉ်းချုပ် ...
Remove ads

သမိုင်း​ကြောင်း

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းပြီးသော ၁၉၉၄ ဧပြီတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။[] ၂၀၀၀ ပြည့်နှစ်တွင် အဖွဲ့အစည်းတွင်းပြောင်းလဲမှုများစွာ ကြုံတွေ့ခဲ့ရပြီး ကော်မတီအဖွဲ့ဝင် လေးဦးထိ လျော့ချခြင်းခံခဲ့ရသည်။[] မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် ၁၉၈၈ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဥပဒေလည်း အသက်ဝင်သည်။[] ၂၀၁၁ ခုနှစ်တွင် ရင်းနှီးမြှုပ်မှုအဆိုပြုလွှာများကို သေချာမှန်ကန်စွာ လုပ်ဆောင်နိုင်စေရန်အတွက် အဖွဲ့ဝင် ၁၆ ဦးထိ တိုးမြှင့်ခဲ့သည်။ []

မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုဥပဒေအသစ်အရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အခန်းကဏ္ဍတွင် ပြောင်းလဲမှုများ ရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက် အနည်းငယ်အတွက်သာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့် ရယူရန် လိုအပ်ပါသည်။ အဆိုပြုလွှာများကို လျင်မြန်စွာ စိစစ်၍  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အတည်ပြုသည့် အတည်ပြုမိန့်ကိုလည်း ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် လျှောက်ထား နိုင်သည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ အစိုးရ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပညာရှင်များ သင့်လျော်သောပုဂ္ဂိုလ်များအား အဖွဲ့ဝင်များအဖြစ် ပါဝင်စေလျက် ဖွဲ့စည်းထားသည်။[]

Remove ads

ရည်ရွယ်ချက်များ

ကော်မရှင်၏ ရည်ရွယ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်-

  • ရင်းနှီးမြှုပ်နှံသူများအား ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းထားသော ရင်းနှီးမြှုပ်နှံမှု  ဥပဒေဖြင့် အကာအကွယ်ပေးရန်
  • သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းစောင့်ရှောက်ရန်
  • လူမှုပတ်ဝန်းကျင်ထိခိုက်မှုများအား အလေးအနက်ထားရန်
  • နိုင်ငံတကာသတ်မှတ်ချက်များနှင့်အညီ ပွင့်လင်းမြင်သာ၍ တာဝန်ယူမှုရှိသော ဘဏ္ဍာရေးဆိုင်ရာ သတ်မှတ်ချက်များနှင့် စစ်ဆေးမှုအလေ့အကျင့်များဖြစ်စေရန်
  • အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်စေရန်
  • လက်ရှိအလုပ်သမားဥပဒေများအား လိုက်နာဆောင်ရွက်စေရန်
  • လူမှုအကျိုးစီးပွားတာဝန်ယူမှုများ(CSR)ကို ထောက်ပံ့ပေးရန်
  • နည်းပညာများလွှဲပြောင်းယူရန်[]
Remove ads

ဥက္ကဋ္ဌများ (၂၀၁၁ -လက်ရှိ)

စဉ် အမည် ရာထူး ဝန်ကြီးဌာန ရာထူးစတင် ရာထူးပြီးဆုံး
ဦးစိုးသိန်း[] ပြည်ထောင်စုဝန်ကြီး သမ္မတရုံးဝန်ကြီးဌာန
ဦးဝင်းရှိန် ပြည်ထောင်စုဝန်ကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၂၀၁၃ ၂၀၁၆
ဦးကျော်ဝင်း[] ပြည်ထောင်စုဝန်ကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၂၀၁၆ ၂၀၁၈
ဦးသောင်းထွန်း ပြည်ထောင်စုဝန်ကြီး ၁၆ ဇွန် ၂၀၁၈ ၁ ဖေဖော်ဝါရီ ၂၀၂၁
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ကောင်စီဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၄ မတ် ၂၀၂၁ ၁၇ စက်တင်ဘာ ၂၀၂၃
ဗိုလ်ချုပ်ကြီးမြထွန်းဦး ဒုတိယ ဝန်ကြီးချုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၁၇ စက်တင်ဘာ ၂၀၂၃ လက်ရှိ


အဖွဲ့ဝင်များ

လက်ရှိအဖွဲ့ဝင်များကို ၂၀၂၁ခုနှစ် မတ်လ ၄ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်မှ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ကော်မရှင်ဥက္ကဋ္ဌမှာ အရပ်ဘက်မဟုတ်ဘဲ စစ်ဘက်မှ ပုဂ္ဂိုလ်ဖြစ်သည်။[]

စဉ် အမည် ရာထူး တာဝန်
(က) မိုးမြင့်ထွန်း အာဏာသိမ်းစစ်ကောင်စီဝင် ဥက္ကဋ္ဌ
(ခ) ဦးအောင်နိုင်ဦး ပြည်ထောင်စုဝန်ကြီး
ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
ဒုတိယ ဥက္ကဋ္ဌ
(ဂ) ဦးခင်မောင်ရီ ပြည်ထောင်စုဝန်ကြီး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အဖွဲ့ဝင်
(ဃ) ဒေါက်တာသီတာဦး ပြည်ထောင်စုရှေ့နေချုပ်
ပြည်ထောင်စုရှေ့နေချုပ်ရုံး
အဖွဲ့ဝင်
(င) ဦးညွန့်အောင် ဒုတိယဝန်ကြီး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
အဖွဲ့ဝင်
(စ) ဦးဝင်းသော် ဒုတိယဥက္ကဋ္ဌ
ဗဟိုဘဏ်
အဖွဲ့ဝင်
(ဆ) ဦးကျော်မင်းဦး အမြဲတမ်းအတွင်းဝန်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

အဖွဲ့ဝင်
(ဇ) ဦးမင်းထွဋ် ညွှန်ကြားရေးမှူးချုပ်

ပြည်တွင်းအခွန်များဦးစီးဌာန၊စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

အဖွဲ့ဝင်
(ဈ) ဦးသန့်စင်လွင် ညွှန်ကြားရေးမှူးချုပ်

ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

အတွင်းရေးမှူး
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads