တစ်စီးရှင် သီဟသူ
From Wikipedia, the free encyclopedia
Remove ads
တစ်စီးရှင် သီဟသူ (၁၂၆၅–၁၃၂၅) သည် ပင်းယမြို့တည် ဘုရင်တစ်ပါးဖြစ်သည်။
ပုဂံကို မွန်ဂိုတို့တိုက်ခိုက်ဖျက်ဆီးကာ အပြန်တွင် ကျော်စွာအား ပုဂံမင်းအဖြစ်နန်းတင်ခဲ့ကြသည်။ သို့သော် အမှန်တကယ်အင်အားကြီးနေခဲ့ကြသူများမှာ ကျောက်ဆည် နှင့် လယ်တွင်းနယ်များကို အုပ်စီးမိနေသည့် အသင်္ခယာ၊ ရာဇသင်္ကြံ နှင့် သီဟသူ တို့ မင်းညီနောင်သုံးဦးဖြစ်သည်။ ပုဂံမင်းကျော်စွာအား နန်းချကာ မိမိတို့ ဩဇာခံဖြစ်သည့် စောနစ်ကို နန်းတင်သည်။ ထိုနောက် မက္ခရာ၊ မြင်စိုင်း နှင့် ပင်လယ်တို့တွင် အသီးသီး မင်းလုပ်အုပ်ချုပ်ခဲ့ကြသည်။ အဆုံးတွင် အငယ်ဆုံးဖြစ်သည့် ပင်လယ်မင်း သီဟသူက နောင်တော်များကို လုပ်ကြံကာ ၁၃၁၃ ခုနှစ် တွင် ပင်းယနန်းတည်၍ မင်းပြုအုပ်ချုပ်သည်။ ဆင်ဖြူအသေတစ်စီးမျောလာသည်ကို ဆယ်ယူစေပြီး ဆင်ကတင်ကာ ဆင်ဖြူရှင်ဘွဲ့ခံသဖြင့် သမိုင်းတွင် "တစ်စီးရှင်သီဟသူ" အဖြစ်လည်းကောင်း၊ ပင်းယမြို့တည်သီဟသူ အဖြစ်လည်းကောင်း ကျော်ကြားပေသည်။ ရံဖန်ရံခါ သီဟသူရ ဟူသောဘွဲ့ဖြင့်လည်း တွေ့ရတတ်သည်။
ပင်းယတွင် မြို့မတည်မီ အင်းဝနေရာတွင် မြို့တည်ရန် သုံးကြိမ်တိုင်တိုင် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ ပင်းယတည်ပြီးနောက် သုံးနှစ်အကြာတွင် သားတော်တစ်ပါးဖြစ်သည့် အသင်္ခယာ စောယွန်းကို စစ်ကိုင်းမြို့တည်ပေးပြီး မင်းအဖြစ်အုပ်ချုပ်စေသည်။ သီဟသူလွန်လျှင် သားဖြစ်သူ ဥဇနာက ပင်းယနန်းကို ဆက်ခံသည်။
Remove ads
ဆင်ဖြူရှင် ခံခြင်း
သက္ကရာဇ် ၆၇၆ ခုတွင် စမုန်မြစ်တွင် ဆင်ဖြူသေမျောလာရာ ငမွဲဥယျာဉ်၌ ဆယ်ထား၍ ပညာရှိတို့နှင့်တိုင်ပင်ကာ ညှပ်လုပ်၍ ရတနာကတင်ပြီး ဆင်ဖြူရှင် ခံသည်။ သို့ဖြင့် တစီးရှင် တွင်၏။ [၁]
ကြင်ဘက်များ
တောင်နန်းမိဘုရား ဘွားစော
နရသီဟပတေ့၏ မိဘုရားငယ်တွင် မြင်သော မိစောဦးကို ဘွားစောအမည်နှင့် ကျော်စွာ မိဘုရားမြှောက်သည်။ ကျော်စွာ နန်းကျသည့်နောက် ထိုအမည်နှင့်ပင် မိဘုရားအရာ ဆက်ထားသည်။ မြင်သည့် သား ၃ ယောက်မှာ -
မြောက်နန်းမိဘုရား ရတနာပုံ
လင်းယဉ်ရွာနေ သားတယောက်အမေ မုဆိုးမကို ပင်လယ်၌တွေ့စဉ် မိဘုရားမြှောက်သည်။ သမီး စောပုလဲကို မြင်မှ ရတနာပုံအမည်နှင့် မြောက်နန်းတင်သည်။ သားသမီး ၃ ယောက်မှာ -
- တရဖျား (မယားပါသား)
- အသင်္ခယာ (အမည်ရင်း စောယွမ်း)
- စောပုလဲ
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads