ဗန်းတဲ့ရွာ၊ တီးတိန်မြို့နယ်
မြန်မာနိုင်ငံ၊ တီးတိန်မြိုနယ်တောင်ပိုင်းရှိ ရွာ From Wikipedia, the free encyclopedia
Remove ads
ဗန်းတဲ့ရွာ(အင်္ဂလိပ်: Vangteh)သည် ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တီးတိန်မြို့နယ်၊ ဗန်းတဲ့ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၄၇၂၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဗန်းတဲ့ကျေးရွာအုပ်စုတွင် ကျား ၉၆၃ ဦး၊ မ ၁၁၃၂ ဦး၊ လူဦးရေ စုစုပေါင်း ၂၀၉၅ ဦး နေထိုင်သည်။ [၁]
Remove ads
အမည်

ဗြိတိသျှတို့၏မှတ်တမ်းတွင် ဗမာအသံကိုလိုက်၍ ဗန်ကတဲ့ Wunkathe ဟူ၍လည်းကောင်း၊[၂] တခြားခေတ်ပြိုင်မှတ်တမ်းတချို့တွင် Vangte ဟူ၍လည်းကောင်း မှတ်တမ်းတင်ထားသည်။[၃][၄]
ဗန်းတဲ့သည် ဒေသအဆိုအတိုင်း ရွာကြီးတခုဖြစ်သည်။[၅] ပင်လယ်ပြင်အထက် အမြင့်မီတာ ၁၅၀၀ နှင့် ၂၇၀၀ ကြားရှိ ချင်းတောင်ထွတ်များ[၆] အကြားတည်ရှိသော ဤတောင်ပေါ်ရွာသည် သူ့ခေတ်သူ့ခါတွင် ဘုန်းတန်ခိုးအလွန်ကြီးခဲ့ဖူးလေသည်။
သမိုင်းနှင့်ဒဏ္ဍာရီ

ဗန်းတဲ့သည် တချိန်တခါများတွင် အစဉ်အလာကြီးခဲ့သော ဂွီးသဲ (သို့မဟုတ် Nwite, Vuite, Nguite [Vangteh အတွက်ဒေသခံအသံထွက်] Gwete, Gwite[၇]) မျိုးနွယ်စုတို့၏[၈] နိုင်ငံရေး၊ စစ်ရေးဌါနကြီးတခုဖြစ်ခဲ့ဖူးလေသည် (အေဒီ 1300-1900)။[၉]
အခြားသောမျိုးနွယ်စုများသည်လည်း ဆိုင်ရာဒေသများတွင် ၎င်းတို့၏အပိုင်းစားမှုရှိခဲ့သော်လည်း ဂွီးသဲတို့၏ အချုပ်အခြာပိုင်ဆိုင်မှုအောက်ရှိ ဩဇာခံများသာဖြစ်ကြသည်။ ၎င်း ဂွီးသဲတို့၏ အချုပ်အခြာပိုင်ဆိုင်မှုသည် တောင်ပိုင်းဒေသဖက်မှ Pawi တို့၏ စုပေါင်း ထိုးစစ်ဆင်နွှဲမှုများ စိမ့်ဝင်လာသည့် ၁၉ ရာစုလယ်ပိုင်းကာလ ထိတိုင်တိုင် နှစ်ပေါင်းရာစု ၆ ခုမျှတည်တံ့ခဲ့သည့်။ ထို့ကြောင့် ဦးစိန်ခိုခိုင်ရေးသားသောစာအုပ်၌ Pawi တို့၏အစောင့်အရှောက်ခံ Sukte မိသားစုတစ်စု၏ နှောင်းပိုင်းဩဇာအာဏာကြီးထွားလာပုံကို ဒေသစကား "To" ဟူ၍လည်းကောင်း၊ ဂွီးသဲတို့၏ ရှိရင်းစွဲဘုန်းတန်ခိုးကို "Mang" ၍လည်းကောင်း နှိုင်းပြ၊ သုံးနှုန်းလေသည်။ သူ၏အနက်ဖွင့်ဆိုပုံအရ "Mang" သည် ရှိရင်းစွဲ ဩဇာညောင်းမှုသဘောသက်ရောက်ပြီး၊ "To" သည် တဖက်သတ်အနိုင်ယူမှုကြောင့် ဩဇာသက်ရောက်မှုသဘော သက်ရောက်လေသည်။[၁၀]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads