ဒီးဒုတ်

ငှက်မျိုးစိတ်များ From Wikipedia, the free encyclopedia

ဒီးဒုတ်
Remove ads

ဒီးဒုတ်သည် ဦးချိုကဲ့သို့ အမွေးဖုတ်ရှိသော ဇီးကွက်နွယ်ဝင် ညဉ့်ငှက်ကြီးဖြစ်သည်။[] မသူတော်ခုနစ်ပါးဟုဆိုရိုးရှိသည့် တိရစ္ဆာန်ခုနစ်မျိုးတွင် တစ်မျိုးအပါအဝင် ဖြစ်သည်။

အချက်တိုများ ဒီးဒုတ်, ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း ...
Thumb
Ketupa zeylonensis

ဇီဝ‌ဗေဒအလိုအရ တီးတုတ်ငှက်ကို ‘ကီတူးပါဇီလုံနင်ဆစ်’ ဟု‌ခေါ်သည်။ ‘စတြစ် ဂျီဒီး’မျိုးရင်း တွင်ပါဝင်သည်။ တီးတုတ်ငှက်သည် ကိုယ်ထည်ကြီးမားတုတ်ခိုင်သည်။ ကိုယ်အလျား လက်မ ၂၀ ရှိသည်။ အမွေးအရောင်မှာ အညိုရောင်ဖြစ်သည်။ ကိုယ်အောက်ပိုင်းရှိ အမွေးများသည် ပို၍အရောင်‌ဖျော့သည်။ အထူးသဖြင့် ရင်ပိုင်း၌ ထောင်လိုက်အမည်စင်းများရှိသည်။ဦး‌ခေါင်းဖက်အပေါ်သို့ ထိုးထွက်‌နေ‌သောအမွေးစုများသည် နားရွက်နှင့်တူသည်။ မျက်စိများသည် ကြီး၍ဝိုင်းလျက် အဝါ‌ရောင်ရှိသည်။ ခြေများတွင် အမွေးမရှိ‌ချေ။ တီးတုတ်အဖိုနှင့်အမသည် ရုပ်ချင်းဆင်တူ၏။ နေဝင်ရီတရောအချိန်၌ တောထူထပ်ရာ အရပ်တွင် တစ်‌ကောင်ချင်း‌တွေ့ရသည်။

တီးတုတ်ငှက်ကို အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် တွေ့ရသည့်ပြင် သီဟိုဠ်ကျွန်း၌လည်း တွေ့ရသည်။ မြန်မာနိုင်ငံတွင် တောင်‌ခြေရှိ သစ်‌တောများ၌၊ နေ‌လေ့ရှိသည်။ ကုန်းမြင့်များ‌ပေါ်တွင် နေဟန်မတူ‌ချေ။

ထိုငှက်သည် တောများတွင် နေ‌လေ့ရှိပြီးလျှင် ချောင်းကြီး ချောင်းငယ်များသို့ လာ‌ရောက်ကျက်စားတတ်သည်။ ညဉ့်ငှက် ဖြစ်သဖြင့် နေ့အချိန်တွင်အိပ်၍၊ မှောင်စပျိုးသည့်အချိန်ကျမှ စားကျက်ရှိရာသို့ သွား‌ရောက်သည်။ တီးတုတ်ငှက်၏အော်သံသည် ကျယ်‌လောင်၍ လူတစ်‌ယောက်၏ နှုတ်ခမ်းကိုပိတ်လျက် အူအူအူဟု မြည်သော အသံမျိုးနှင့်တူသည်။ ထိုအသံမျိုးကို သုံးခွန်းဆင့်‌အော်တတ်သည်။

တီးတုတ်ငှက်သည် ငှက်ကလေးများ၊ နို့တိုက်သတ္တဝါများ၊ ငါးနှင့် ကနန်းတို့ကို စား‌သောက်တတ်သည်။ ခြေသည်းများသည် အစာကို မြဲမြံစွာကိုင်ဖမ်းထားနိုင်ရန် ချွန်ထက်‌နေသည်။ ရေစပ်နားရှိ သစ်ကိုင်း‌ပေါ်တွင်နား၍ အစာကို ရှာ‌ဖွေတတ်သည်။ ရေစပ်တွင်ဆင်း၍ ရေချိုးလျက် အမွေးအတောင်များကို ပြုပြင်‌ပေး‌လေ့ရှိသည်။

ဒေသအလိုက် သား‌ပေါက်ချိန် အမျိုးမျိုးရှိ‌သော်လည်း၊ များ‌သောအားဖြင့် ဒီဇင်ဘာလနှင့် မတ်လအကြားတွင် သားပေါက်တတ်သည်။ ဥများကို ကမ်းပါး‌ကျောက်‌ဆောင်များ၌ ဖြစ်‌စေ၊ သစ်‌ခေါင်းများ၌ဖြစ်‌စေ အုတတ်သည်။ အသိုက်များကို ရေနှင့်နီး‌သော နေရာများတွင် ဖွဲ့‌လေ့ရှိသည်။ စွန် နှင့် လင်းတများ စွန့်ပစ်သွား‌သော အသိုက်‌ဟောင်းများကို ဆက်လက်၍ အသုံးပြုတတ်သည်။ တမြုံလျှင် ဥတစ်လုံးမှ၊ ၂ လုံးရှိတတ်သည်။ ဥမှာ ဖြူ၍ လုံးသယောင်‌ယောင်ရှိသည်။

စတြစ်ဂျီဒီး မျိုးရင်းဝင် တီးတုတ်ငှက်မျိုး များပြားစွာရှိ၏။ ယင်းတို့အနက် ထင်ရှား‌သော တီးတုတ် ငှက်မျိုးများမှာ ကုပ်ကလူငှက်မြီးဝန်တောလုံငှက်မိန်ငှက် တို့ဖြစ်ကြသည်။ ထိုငှက်များကို မြန်မာနိုင်ငံအနှံ့အပြား၌ တွေ့ရသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads