ဒူရှန်ဘဲမြို့

တာဂျစ်ကစ္စတန်နိုင်ငံ၏ မြို့တော် From Wikipedia, the free encyclopedia

ဒူရှန်ဘဲမြို့map
Remove ads

ဒူရှန်ဘဲမြို့(တာဂျစ်: Душанбе, IPA: [duʃæmˈbe]; ပါရှားဘာသာစကားအရ တနင်္လာနေ့ဟု အဓိပ္ပာယ်ရ[][][][], ရုရှား: Душанбе, tr. Dushanbe)သည် တာဂျစ်ကစ္စတန်နိုင်ငံ၏ အကြီးဆုံးမြို့နှင့် မြို့တော်ဖြစ်သည်။ ဤသို့ အမည်နာမခေါ်ဆိုကြခြင်းမှာ တနင်္လာနေ့အား ဈေးနေ့အဖြစ် စည်ကားလေ့ရှိသော ရွာကလေးမှ တဖြည်းဖြည်း ကြီးမားလာခဲ့သော မြို့ဖြစ်သောကြောင့် ဖြစ်သည်။ ၂၀၁၆ ခုနှစ်အရောက်တွင်တော့ ဒူရှန်ဘဲမြို့၌ လူဦးရေ ၈၀၂,၇၀၀ ဦး ရှိ၍နေပြီ ဖြစ်သည်။

အချက်တိုများ ဒူရှန်ဘဲမြို့Душанбe Душанбе Дюшамбе (Dyushambe, ၁၉၂၄–၂၉),Сталинабад (Stalinabad, ၁၉၂၉–၆၀), Dushanbe ...

သမိုင်းတွင် ရွာငယ်လေးတစ်ရွာ ဖြစ်ခဲ့သော ဒူရှန်ဘဲသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တာဂျစ် ဆိုဗီယက် ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ မြို့တော်အဖြစ် ၁၉၂၄ ခုနှစ်တွင် ဖြစ်၍လာခဲ့သည်။ ၁၉၂၉ ခုနှစ်မတိုင်မီအထိ ရုရှားဘာသာဖြင့် ဂျူရှမ်ဘဲ(ရုရှား: Дюшамбе, Dyushambe)ဟု ခေါ်ဆိုခဲ့ပြီး ၁၉၂၉ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ဂျိုးဇတ် စတာလင်အား အစွဲပြု၍ စတာလင်နာဘတ်မြို့(တာဂျစ်: Сталинобод, Stalinobod)ဟု သုံးနှုန်းခေါ်ဝေါ်ကြသည်။

Remove ads

သမိုင်းကြောင်း

ဒူရှန်ဘဲမြို့သည် ဗာဇော့မြစ်နှင့် ကာဖာနီဟွန်းမြစ်ဆုံရာတွင် တည်ရှိပြီး တာဂျစ်ကစ္စတန်နိုင်ငံ၏ မြို့တော်ဖြစ်သည်။ ထိုဒေသတွင် ဘီစီ ၅ ရာစုမှ ရှေးဟောင်းသုတေသန အကြွင်းအကျန်များကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ဒူရှန်ဘဲသည် ၂၀ ရာစုအစောပိုင်းအထိ ရွာငယ်လေးတစ်ခုမျှသာဖြစ်သည်ဟု ဆိုနိုင်သည်။

တနင်္လာနေ့တွင် ဈေးနေ့အဖြစ် ပြုလုပ်ရာ လမ်းဆုံတွင် တည်ရှိသောကြောင့် ဒူရှန်ဘဲဈေးဟု ခေါ်ဆိုပြီး ၎င်းမှာ ပါရှန်းဘာသာစကား တနင်္လာနေ့ဟု အဓိပ္ပာယ်ရသော ဒူရှန်ဘဲမှ ဆင်းသက်လာခြင်းဖြစ်ရာ တိုက်ရိုက်ပြန်ဆိုမည်ဆိုပါက စနေနေ့ပြီးနောက်(shambe) ဒုတိယနေ့(du)ဟု အဓိပ္ပာယ်ရသည်။ ရွာတွင် အိမ်ထောင်စု ၅၀၀ ကျော်နှင့် လူဦးရေ ၈၀၀၀ ကျော်ရှိသည်။

၁၈၂၆ ခုနှစ်တွင် မြို့အား ဒူရှန်ဘဲ ကုဂန်းဟုတ်ခေါ်ပြီး ရုရှားအသံထွက်ဖြင့်ဆိုလျှင် ဂျုရှမ်ဘဲဟုခေါ်သည်။ ပထမဆုံးအချိန် မြေပုံတွင် ဖော်ပြခဲ့သည်မှာ ၁၈၇၅ ခုနှစ်တွင် ဖြစ်ပြီး ထိုအချိန်တွင် မြို့သည် ဗာဇော့မြစ်၏ လက်ဝဲဘက်ကမ်းရှိ မတ်စောက်သော ကမ်းပါးပေါ်တွင် တည်ရှိသော ခံတပ်မြို့ဖြစ်ကာ နေထိုင်သူ ၁၀.၀၀၀ ခန့်ရှိသည်။

Remove ads

ပထဝီဝင်

ရာသီဥတု

ဒူရှန်ဘဲမြို့တွင် မြေထဲပင်လယ်ရာသီဥတု(ကော့(ခ်)ပန်: Csa)[]ရှိပြီး ပြင်ထန်သော ကုန်တွင်းပိုင်းရာသီဥတု(continental climate) (ကော့(ခ်)ပန်: Dsa)[]က လွှမ်းမိုးမှုရှိသည်။ နွေရာသီတွင် ပူပြင်းခြောက်သွေ့၍ ဆောင်းရာသီ၌ အေးစိမ့်၍နေသော်လည်း အေးလွန်းသော ရာသီဥတုတော့ မဟုတ်ပေ။ အခြားသော ဗဟိုအာရှရှိ မြို့တော်များထက် စိုထိုင်းမှု ပိုသော ရာသီဥတုရှိပြီး ဆောင်းတွင်းနှင့် နွေဦးတွင် ဝန်းရံထားသော တောင်ကြားများမှ တိုက်ခတ်လာသော စိုစွတ်သော လေအေးများကြောင့် နှစ်စဉ် မိုးရေချိန် ၅၀၀ မီလီမီတာ (၂၀ လက်မ) ကျော်ရှိသည်။ တောင်များပတ်လည် ကာရံထားမှုကြောင့် ဆိုက်ဘေးရီးယားမှ တိုက်ခတ်လာသော အလွန်အေးမြသော လေအေးများဒဏ်မှ ကာကွယ်ထားသကဲ့သို့ ဖြစ်ရာ ဆောင်းတွင်းတွင် မြောက်ဖျားလောက်တော့ အအေးမပိုချေ။ အထူးသဖြင့် ၂၀၀၈ ခုနှစ် ဇန်နဝါရီလတွင် အအေးပိုလာခဲ့ပြီး အပူချိန်သည် −၂၂ ဒီဂရီ စင်တီဂရိတ် (−၈ ဒီဂရီ ဖာရင်ဟိုက်) ထိ ထိုးကျ၍ သွားခဲ့သည်။[]

နောက်ထပ် အချက်အလက်များ Dushanbe (1961–1990, extremes 1951–2012) အတွက် ရာသီဥတု အချက်အလက်များ, လ ...

အဓိက လည်ပတ်စရာနေရာများ

Remove ads

လူမှုအခြေပြ

ဒူရှန်ဘဲမြို့၏ လူဦးရေမှာ-

  • ၁၉၈၇ ခုနှစ်တွင် ၇၉၆,၀၀၀ ဦးရှိပြီး တာဂျစ်လူမျိုး (၇၅%)၊ ဥဇဘတ်လူမျိုး (၁၀%)၊ ရုရှားလူမျိုး (၃%)နှင့် အခြားလူမျိုးများ (၁၂%) ရှိသည်။
  • ၂၀၁၀ ခုနှစ်တွင် တာဂျစ်လူမျိုး (၈၉.၅%)၊ ဥဇဘတ်လူမျိုး (၆.၇%)၊ တာတာလူမျိုး (၀.၃%)၊ တာ့ခ်မန်လူမျိုး (၀.၁%)နှင့် အခြားလူမျိုးများ (၀.၇%) ထိ ရှိ၍လာသည်။[၁၁]
  • ၂၀၁၆ ခုနှစ်တွင် လူဦးရေ ၈၀၂,၄၀၀ ထိ ရှိလာပြီး တာဂျစ်လူမျိုး (၈၄.၄% ခန့်)၊ ဥဇဘတ်လူမျိုး (၉.၁%)၊ ရုရှားလူမျိုး (၄.၁%)နှင့် အခြားလူမျိုးများ (၂.၄%) ရှိလာသည်။
နောက်ထပ် အချက်အလက်များ ခုနှစ်, လူဦးရေ ...

စီးပွားရေးနှင့် အခြေခံအဆောက်အဦ

Thumb
ရုပ်သေး ကဇာတ်ရုံ

တာဂျစ်အဲယား()၏ ရုံးချုပ်သည် ဒူရှန်ဘဲမြို့ရှိ ဒူရှန်ဘဲ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တည်ရှိသည်။[၁၆] ဆိုမန်အဲယား()သည်လည်း ဒူရှန်ဘဲမြို့တွင်ပင် ၎င်း၏ ရုံးချုပ်ကို ထားရှိသည်။[၁၇]

သယ်ယူပို့ဆောင်ရေး

Thumb
ဒူရှန်ဘဲ ဘူတာကြီး
Thumb
ဒူရှန်ဘဲမြို့ရှိ ထရော်လီဘတ်စကား

မြို့တော်တွင် ဒူရှန်ဘဲ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ရှိပြီး ၂၀၁၅ ခုနှစ် ဧပြီလအရ ရုရှား၊ ဗဟိုအာရှ၊ ဒေလီ၊ ဒူဘိုင်း၊ ဖရန်ဖွတ်၊ အစ္စတန်ဘူလ်၊ ကာဘူးလ်နှင့် Ürümqi မြို့များသို့ ပုံမှန်ပျံသန်းနေသော လေကြောင်းလိုင်းများ ရှိ၍နေပြီ ဖြစ်သည်။ တောင်ပိုင်းဒေသတွင် တာဂျစ်ကစ္စတန် မီးရထားလိုင်းသည် ဒူရှန်ဘဲမြို့အား စက်မှုဒေသများဖြစ်သော ဂီဆာ(Gissar)နှင့် ဗက်ရှ်([:en:[Vakhsh River|Vakhsh]]) တောင်ကြားဒေသ၊ ထို့အပြင် ဥဇဘက်ကစ္စတန်နိုင်ငံတာ့ခ်မင်နစ္စတန်နိုင်ငံကာဇက်စတန်နိုင်ငံရုရှားနိုင်ငံတို့နှင့် ဆက်သွယ်၍ ပေးထားသည်။[၁၈]

ဒူရှန်ဘဲ ထရော်လီဘတ်စကားစနစ်သည် မြို့တော်အတွင်း အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေး ဘတ်စကားများအဖြစ် အသုံးပြုလျက်ရှိပြီး မီသရိုစနစ်တည်ဆောင်ခြင်းကို ၂၀၂၅ တွင် စတင်မည်ဖြစ်သည်။[၁၉] မော်တော်ကားများသည် နိုင်ငံ၏ အဓိကသယ်ယူပို့ဆောင်ရေးစနစ် ဖြစ်၍နေပါသည်။ ဥဇဘက်ကစ္စတန်နိုင်ငံနယ်စပ်မျဉ်းနှင့် ၅၀ ကီလိုမီတာခန်ကွာဝေးပြီး ကားလမ်းများသည် ဥဇဘက်မြို့ဖြစ်သော ဒီနော့ဗ်မြို့(Denov)နှင့် ဆက်သွယ်၍ထားသည်။ ကားလမ်းများသည် မြောက်ဘက်တွင် Sughd Region နှင့်ဆက်သွယ်ထားပြီး ၎င်းမှ ဥဇဘက်ကစ္စတန်နှင့် ကာဂျစ္စတန်နိုင်ငံတို့အား ဆက်သွယ်ပေးထားသည်။ တောင်ဘက်သို့ သွားသော ကားလမ်းများသည် ၁၅၀ ကီလိုမီတာကွာဝေးသော bridge at Panji Poyon တံတားမှတဆင့် အာဖဂန်နစ္စတန်နိုင်ငံတို့နှင့် ဆက်သွယ်ပေးထားသည်။.

Remove ads

ပညာရေး

ဒူရှန်ဘဲမြို့တွင် တည်ရှိသော ပညာရေးဆိုင်ရာ ဝန်ဆောင်မှုများမှာ-

Remove ads

နိုင်ငံတကာ ဆက်ဆံရေး

Thumb
The Palace of Unity (Vahdat Palace)

အမွှာမြို့နှင့် ညီအစ်မမြို့များ

ဒူရှန်ဘဲမြို့သည် အမွှာမြို့နှင့် ညီအစ်မမြို့များအဖြစ်[၂၀]-

Remove ads

မှတ်သားဖွယ်ရာ လူပုဂ္ဂိုလ်များ

ကိုးကား

ပြင်ပလင့်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads