သန်းဦး

From Wikipedia, the free encyclopedia

Remove ads

ဒေါက်တာဦးသန်းဦး(၁၃ ဧပြီ၊၁၉၂၈-၂၃ ဇွန် ၂၀၂၄) သည် မြန်မာ့ပညာရေးလောက ၏ အထင်ကရပညာရှင် တစ်ဦး ဖြစ်သည်။[] အမေရိကန်နိုင်ငံ ယာဝိုင်ယီတက္ကသိုလ် က ပညာရေးမဟာဘွဲ့ ရခဲ့ပြီး မြန်မာနိုင်ငံစာတတ်မြောက်ရေး လှုပ်ရှားမှု နှင့် ပတ်သတ်ပြီး ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့ သူလည်းဖြစ်သည်။ဝဏ္ဏကျော်ထင်ဘွဲ့ အပါအဝင် အမျိုးသားစာပေတစ်သက်တာဆု []နှင့် ဆုတံဆိပ်ပေါင်းများစွာချီးမြှင့်ခဲ့ရသူလည်းဖြစ်သည်။

အချက်တိုများ ဒေါက်တာဦးသန်းဦး, မွေးဖွား ...
Remove ads

ဘဝဖြတ်သန်းမှု

အဖ ဦးဖိုးသောင်၊ အမိ ဒေါ်အိုတို့မှ မြန်မာသက္ကရာဇ် ၁၂၈၉ (၁၉၂၈) ခုနှစ် နှောင်းတန်ခူးလပြည့်ကျော် ၉ ရက် သောကြာနေ့တွင် ပြည်မြို့၌ မွေးဖွားသည်။ ငယ်စဉ်က ပြည်မြို့ အမျိုးသားအထက်တန်းကျောင်း နိုင်ငံတော်တန်းမြင့်ကျောင်းတို့တွင် ပညာသင်ယူခဲ့သည်။ ၁၉၅၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီ၊ အေ (အီးဒီ) ဘွဲ့ကို ဂုဏ်ထူးနှစ်ဘာသာဖြင့် ပထမရရှိအောင်မြင်ခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် ဘီ၊ အီးဒီဘွဲ့ကို ပထမရရှိအောင်မြင်ခဲ့သည်။ ရွှေတံဆိပ်ဆုရရှိခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် အမ်၊ အီးဒီဘွဲ့ကို အမေရိကန်ပြည်ထောင်စု ဟာဝိုင်ရီတက္ကသိုလ်မှ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ပြည်ခရိုင် ပုတီးကုန်းမြို့ အစိုးရအထက်တန်းကျောင်း (၁၉၅၄) နှင့် သာယာဝတီခရိုင် အုတ်ဖိုမြို့ အစိုးရအထက်တန်းကျောင်း (၁၉၆၀) တို့တွင် ကျောင်းအုပ်ဆရာကြီးအဖြစ် အမှုထမ်းခဲ့သည်။ ပညာမင်းကြီးရုံးတွင် ကျောင်းများဆိုင်ရာ လက်ထောက်အုပ်ချုပ်ရေးမှူး (၁၉၆၃)၊ ပုသိမ်မြို့ ဆရာအတတ်သင်ကျောင်း ကျောင်းအုပ်ကြီးအဖြစ် (၁၉၆၄-၆၅) အမှုထမ်းခဲ့သည်။ မြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့တွင် လက်ထောင်သုတေသနအရာရှိ (၁၉၆၆)၊ သုတေသနအရာရှိ (၁၉၆၇-၆၈)၊ ဒုတိယညွှန်ကြားရေးမှူး (၁၉၇၂)၊ ဥက္ကဋ္ဌ (၁၉၇၆-၇၇) ရာထူးအဆင့်ဆင့်တိုးမြှင့်တာဝန်ထမ်းဆောင်ခဲ့သည်။အခြေခံပညာဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အဖြစ် ၁၉၇၇ ခုနှစ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

Remove ads

ပါဝင်ဆောင်ရွက်သည့် လူမှုအဖွဲ့အစည်းများ

ကျောင်းသားဘဝ ကတည်းက လူထုသတင်းစာ နှင့် တခြားစာစောင် များတွင်  ပြည်စိုးမင်း ကလောင်အမည်ဖြင့် နိုင်ငံရေးဆောင်းပါးများ ရေးခဲ့သည်။ရန်ကုန်တက္ကသိုလ် တွင် မာ့က်စ်ဝါဒလေ့လာရေးအတွက် ဒုဝန်ကြီးချုပ် ဦးဗဆွေ အစီအစဉ်ဖြင့် ပေးသည့် သင်တန်း ကိုလည်း တက်ရောက်ခဲ့သည်။[]

မြန်မာနိုင်ငံစာတတ်မြောက်ရေး ဗဟိုကော်မတီတွင် အတွင်းရေးမှူးအဖြစ် ၁၉၄၆ ခုနှစ်မှ စတင်ထမ်းဆောင်ခဲ့ရာ မြန်မာနိုင်ငံ စာတတ်မြောက်ရေး ကြိုးစားလှုပ်ရှားမှုအတွက် ယူနက်စကိုအဖွဲ့ချုပ်က ဂုဏ်ပြုချီးမြှင့်သော ၁၉၇၁ ခုနှစ် ယူနက်စကိုဆု (မိုဟာမက်ရီဇာဖာလာဗီဆု) ကို ပြင်သစ်နိုင်ငံ ပါရီမြို့တွင် နိုင်ငံ့ကိုယ်စား တက်ရောက်လက်ခံယူခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းဆရာများအသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံအလုပ်သမားအစည်းအရုံးဗဟိုအဖွဲ့ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံသုတေသနအသင်း အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့သည်။

ပညာရေး၊ လူမှုရေးဆိုင်ရာစာပေများကို ၁၉၅၁ ခုနှစ်မှစတင်၍ ယနေ့သို့တိုင် ရေးသားပြုစုလျက်ရှိသည်။ "မြန်မာနိုင်ငံပညာရေးဆိုင်ရာသမိုင်း" စာအုပ်ဖြင့် ၁၉၉၉ ခုနှစ်တွင် "အမျိုးသား စာပေဆု" ကို ရရှိခဲ့သည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် ရန်ကုန်တက္ကသိုလ်အထူးဘွဲ့နှင်းသဘင်တွင် ချီးမြှင့်သော "ဂုဏ်ထူးဆောင်လူထုအကျိုးပြုစာပေပါရဂူ" ဘွဲ့ကိုလည်း ရရှိခဲ့သည်။၂၀၁၅ ခုနှစ်၊ မေလ ၁၆ တွင် အမေရိကန်ပြည်ထောင်စု ဟာဝိုင်ရီပြည်နယ်၊ ဟာဝိုင်ရီတက္ကသိုလ်၏ အမြင့်ဆုံးချီးမြှင့်ပေးအပ်သော "ဂုဏ်ထူးဆောင်လူမှုရေးအကျိုးပြုစာပေပါရဂူဘွဲ့" ချီးမြှင့်ခြင်းခံရသည်။[]

မြန်မာနိုင်ငံ စာတတ်မြောက်ရေးအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ ပညာတန်ဆောင်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးသန်းဦးဖောင်ဒေးရှင်းအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[]

ဇွန်လ၊ ၂၆ ၂၀၁၅ ခုနှစ်တွင် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ အကြံပေးနာယက (၁) ဒေါက်တာသန်းဦးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်ချီးမြှင့်ခဲ့သည်။[] မြို့မကျောင်းစိန်ရတု (၁၉၂၀-၁၉၉၅) ကျင်းပခဲ့ရာတွင် ဦးစီးနာယကအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။၂၀၂၂ ခုနှစ် တွင် “အမျိုးသားစာပေ တစ်သက်တာဆု” ချီးမြှင့်ခံခဲ့ရသည်။

Remove ads

ဘဝနိဂုံး

၂၀၂၄ ခုနှစ် ဇွန်လ ၂၃ရက်နေ့ နံနက်(၁) နာရီတွင် အင်းစိန်မြို့နယ်၊ လမ်းသစ်လမ်း(အာလိန်ငါးဆင့်ဘုရားအနီး)ရှိ နေအိမ်၌ သက်ကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads