နန္ဒာလှိုင်
မြန်မာအမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် From Wikipedia, the free encyclopedia
Remove ads
နန္ဒာလှိုင် (၁၉၇၄ -) သည် မြန်မာရုပ်ရှင်သရုပ်ဆောင် ဖြစ်သည်။ ကြော်ငြာလောကတွင် လူကြိုက်များသော မင်းသမီးတစ်လက်ဖြစ်ခဲ့သည်။
Remove ads
ငယ်ဘဝ
၁၉၇၄ ခုတွင် မော်လမြိုင်မြို့တွင်မွေးဖွားခဲ့သည်။ မွေးခြင်း ၆ ယောက်ရှိသည့်အနက်ဒုတိယမြောက်သမီးဖြစ်သည်။
အနုပညာခရီး
၁၉၉၆ ခုတွင် မြားနတ်မောင် ဇာတ်ကားဖြင့် အနုပညာနယ်သို့ စရောက်သည်။ ၁၉၉၈ ခုတွင် ရွှေနံ့သာစံအိမ် ဇာတ်ကား၌ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိခဲ့သည်။ ၂၀၀၆ ခုတွင် တောင်သမန်သစ္စာ ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု ရသည်။[၁]
သရုပ်ဆောင်သော ဇာတ်ကားများ
- မြူနှင်းတို့ထာဝရဝေ
- သူ့ကျွန်မခံပြီ
- ရင်ခွင်နန်းတော်
- ရွှေနံ့သာစံအိမ်
- မာယာရထား
- ပေါ့ပေါ့ပါးပါးပြုံး
- ပင်လယ်မင်းသား
- ကမ်းလွန်ပင်လယ်ပြင်ကိုဗဟိုပြု၍
- ချစ်လူမိုက်
- ပုဂံပြည်မှပန်းနံ့သာ
- ကျားမြှီးဆွဲကိုကိုနဲ့ မျောက်မူးလဲမမ
- ကိုယ်တိုင်ရေးရာဇဝင်
- ပျော်ရွှင်ခြင်းကမ္ဘာ
- ဓမ္မာသောကအင်းဝရာဇာ
- ကျွန်တော့်ချစ်သူပြောသော သူ့ချစ်သူအကြောင်း
- တောင်သမန်သစ္စာ
- ကိုးဆယ်ဆသာလိမ့်မယ်
- အချစ်နှင့်သူ၏ဂုဏ်သိက္ခာ
- အချစ်အိမ်ကလေး
- ပြန်ပြောပြဖို့တော်တော်ခက်လိမ့်မယ်
- ချစ်ပါနော်မောင့်ကို
- မကြားရမမြင်ရသောသံယောဇဉ်
- မော်ကင်းဥဒါန်း
- မငြိမ်းသောမီး
- ကာရံအလွဲ
- ကဝေပျို၏ပစ္စုပ္ပန်
- ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီ
- ကက်ကင်း
- ဒါပဲနော်
- ပြဒါးမဲ့မှန်
- ဇော်က,ကနေသည်
- တောင်တန်းနဲ့တူသောယောကျာ်းများ
- အနှိုင်းမဲ့ရင်ခွင်
- ချစ်သောအရိမဒ္ဒနပူရ၏ မဟာအောင်ပွဲ
မိသားစုဘဝ
၂၀၀၈ ခု၊ မေလတွင် [ဇေကမ္ဘာ ခင်ရွှေ၊ဦး]]၏သား ဇေသီဟနှင့် လက်ထပ်သည်။[၂][၃] ၂၀၁၁ ဧပြီ ၁၉ ရက်နေ့တွင် ဒုတိယ သမီးဖြစ်သူ ဇေရတီလှိုင်ကို မွေးဖွားခဲ့ပြီး[၄] ၂၀၁၄ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့တွင် တတိယသမီးဖြစ်သူ ဇေမဒီလှိုင်ကို မွေးဖွားခဲ့သည်။[၅]
စီးပွားရေးလှုပ်ရှားမှု
၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် နန္ဒာလှိုင်၏ မဟာနန္ဒာထရိတ်ဒင်းကုမ္ပဏီသည် Missha အလှကုန်ပစ္စည်းများအား မြန်မာနိုင်ငံသို့ တင်သွင်းဖြန့်ဖြူးခွင့်ရခဲ့သည်။[၆][၇]
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads