နန္ဒာလှိုင်

မြန်မာအမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် From Wikipedia, the free encyclopedia

Remove ads

နန္ဒာလှိုင် (၁၉၇၄ -) သည် မြန်မာရုပ်ရှင်သရုပ်ဆောင် ဖြစ်သည်။ ကြော်ငြာလောကတွင် လူကြိုက်များသော မင်းသမီးတစ်လက်ဖြစ်ခဲ့သည်။

အချက်တိုများ အကယ်ဒမီ နန္ဒာလှိုင်, နိုင်ငံလူမျိုး ...
Remove ads

ငယ်ဘဝ

၁၉၇၄ ခုတွင် မော်လမြိုင်မြို့တွင်မွေးဖွားခဲ့သည်။ မွေးခြင်း ၆ ယောက်ရှိသည့်အနက်ဒုတိယမြောက်သမီးဖြစ်သည်။

အနုပညာခရီး

၁၉၉၆ ခုတွင် မြားနတ်မောင် ဇာတ်ကားဖြင့် အနုပညာနယ်သို့ စရောက်သည်။ ၁၉၉၈ ခုတွင် ရွှေနံ့သာစံအိမ် ဇာတ်ကား၌ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိခဲ့သည်။ ၂၀၀၆ ခုတွင် တောင်သမန်သစ္စာ ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု ရသည်။[]

သရုပ်ဆောင်သော ဇာတ်ကားများ

  • မြူနှင်းတို့ထာဝရဝေ
  • သူ့ကျွန်မခံပြီ
  • ရင်ခွင်နန်းတော်
  • ရွှေနံ့သာစံအိမ်
  • မာယာရထား
  • ပေါ့ပေါ့ပါးပါးပြုံး
  • ပင်လယ်မင်းသား
  • ကမ်းလွန်ပင်လယ်ပြင်ကိုဗဟိုပြု၍
  • ချစ်လူမိုက်
  • ပုဂံပြည်မှပန်းနံ့သာ
  • ကျားမြှီးဆွဲကိုကိုနဲ့ မျောက်မူးလဲမမ
  • ကိုယ်တိုင်ရေးရာဇဝင်
  • ပျော်ရွှင်ခြင်းကမ္ဘာ
  • ဓမ္မာသောကအင်းဝရာဇာ
  • ကျွန်တော့်ချစ်သူပြောသော သူ့ချစ်သူအကြောင်း
  • တောင်သမန်သစ္စာ
  • ကိုးဆယ်ဆသာလိမ့်မယ်
  • အချစ်နှင့်သူ၏ဂုဏ်သိက္ခာ
  • အချစ်အိမ်ကလေး
  • ပြန်ပြောပြဖို့တော်တော်ခက်လိမ့်မယ်
  • ချစ်ပါနော်မောင့်ကို
  • မကြားရမမြင်ရသောသံယောဇဉ်
  • မော်ကင်းဥဒါန်း
  • မငြိမ်းသောမီး
  • ကာရံအလွဲ
  • ကဝေပျို၏ပစ္စုပ္ပန်
  • ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီ
  • ကက်ကင်း
  • ဒါပဲနော်
  • ပြဒါးမဲ့မှန်
  • ဇော်က,ကနေသည်
  • တောင်တန်းနဲ့တူသောယောကျာ်းများ
  • အနှိုင်းမဲ့ရင်ခွင်
  • ချစ်သောအရိမဒ္ဒနပူရ၏ မဟာအောင်ပွဲ

မိသားစုဘဝ

၂၀၀၈ ခု၊ မေလတွင် [ဇေကမ္ဘာ ခင်ရွှေ၊ဦး]]၏သား ဇေသီဟနှင့် လက်ထပ်သည်။[][] ၂၀၁၁ ဧပြီ ၁၉ ရက်နေ့တွင် ဒုတိယ သမီးဖြစ်သူ ဇေရတီလှိုင်ကို မွေးဖွားခဲ့ပြီး[] ၂၀၁၄ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့တွင် တတိယသမီးဖြစ်သူ ဇေမဒီလှိုင်ကို မွေးဖွားခဲ့သည်။[]

စီးပွားရေးလှုပ်ရှားမှု

၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် နန္ဒာလှိုင်၏ မဟာနန္ဒာထရိတ်ဒင်းကုမ္ပဏီသည် Missha အလှကုန်ပစ္စည်းများအား မြန်မာနိုင်ငံသို့ တင်သွင်းဖြန့်ဖြူးခွင့်ရခဲ့သည်။[][]

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads