နာရာပွန်ချန်အိုချာ

ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ဇနီး From Wikipedia, the free encyclopedia

နာရာပွန်ချန်အိုချာ
Remove ads

နာရာပွန်ချန်အိုချာ (အင်္ဂလိပ်: Naraporn Chan-o-cha) သည် ထိုင်းနိုင်ငံဝန်ကြီးချုပ်​ဟောင်း ပရာယွတ်ချန်အိုချာ၏ ဇနီးဖြစ်သည်။ ယခင်က ချူလာလောင်ကွန်းတက္ကသိုလ်မှ တွဲဖက်ပါမောက္ခတစ်ဦးဖြစ်သည်။

အချက်တိုများ နာရာပွန်ချန်အိုချာNaraporn Chan-o-cha, ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ဇနီး ...
Remove ads

ငယ်ဘဝနှင့်ပညာရေး

နာရာပွန်အား ၁၉၅၄ခုနှစ် ဇွန်လ ၂၀ရက်တွင် ထိုင်းနိုင်ငံတောင်ဘက်အစွန်ရှိ နရသီဝပ်ပြည်နယ်၌ ဖွားမြင်ခဲ့သည်။ ဖခင်ဖြစ်သူမှာ နရသီဝပ်ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲမှူးကြီး ချာမရတ် ရော့ချနချန်ဖြစ်ကာ မိခင်ဖြစ်သူမှာ ဆုသင် ရော့ချနချန်ဖြစ်သည်။ စိန့်ဂျိုးဇက်ကျောင်းတွင် အထက်တန်းကို တက်ခဲ့သည်။ ထို့နောက် ဘန်ကောက်ရှိ ဓမ္မသတ်တက္ကသိုလ် မှ ဘွဲ့ရရှိခဲ့သည်။ ထို့နောက် မဟီတလတက္ကသိုလ် မှ ဘွဲ့လွန် ရရှိခဲ့သည်။[]

အလုပ်အကိုင်

တွဲဖက်ပါမောက္ခ နာရာပွန်ချန်အိုချာသည် ချူလာလောင်ကွန်းတက္ကသိုလ် ဘာသာစကားသင်တန်းကျောင်း၌ စီမံကိန်းနှင့် စီမံရေးရာ ဒုတိယညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၎င်းဆောင်ရွက်ခဲ့သော တာဝန်များအနက် ၁၉၉၉ခုနှစ်နှင့် ၂၀၀၅ခုနှစ်များတွင် ဆောင်ရွက်ခဲ့သော အင်္ဂလိပ်စာအား နိုင်ငံခြားဘာသာစကားတစ်ခုအဖြစ် သင်ကြားရေး၊ အပြည်ပြည်ဆိုင်ရာ ဆရာများအသင်း၏ ကော်မတီအဖွဲ့ဝင်နှင့် ၂၀၀၁ခုနှစ်နှင့် ၂၀၀၃ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့် ထိုင်းမင်းသမီး ဂယ်လ်ယာနီ ဝါယာနာ၏ ပံ့ပိုးမှုဖြင့် ဖွင့်လှစ်ထားသော ထိုင်းနိုင်ငံအင်္ဂလိပ်စာသင်ကြားရေးဆရာများအသင်း၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့မှုများသည် ထင်ရှားသည်။ ချူလာလောင်ကွန်းတက္ကသိုလ်မှ ထ့က်လာပြီးနောက် မျက်မမြင်ဖောင်ဒေးရှင်းအတွက်လည်း လုပ်ကိုင်ခဲ့သည်။[]

စစ်ဦးစီးချုပ်၏ဇနီး

ခင်ပွန်းဖြစ်သူ ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာချိန်တွင် နာရာပွန်သည် ထိုင်းတပ်မတော် ဇနီးများအသင်း၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

Thumb
ဗိုလ်ချုပ်ကြီး ပရာယွတ်နှင့် ဇနီးသည်

နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး

၎င်း၏ ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာသည် ၂၀၁၄ခုနှစ်တွင် အစိုးရထံမှ အာဏာသိမ်းယူခဲ့ပြီးနောက် ထိုင်းနိုင်ငံ၏ (၂၉)ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ထိုအချိန်မှစ၍ နာရာပွန်သည် ဝန်ကြီးချုပ်၏ ဇနီးဖြစ်လာခဲ့သည်။ သူသည် ခင်ပွန်းသည်သွားရောက်သည့် ပြည်ပနိုင်ငံများသို့ နိုင်ငံတော်အဆင့်ခရီးစဉ်များတွင် အမြဲတမ်းနီးပါး လိုက်ပါလေ့ရှိသည်။

Thumb
အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း တွေ့ရသော ပရာယွတ်နှင့် နာရာပွန်
Remove ads

မိသားစုဘဝ

ချူလာလောင်ကွန်းတက္ကသိုလ်တွင် အင်္ဂလိပ်စာသင်ကြားစဉ်က ဆုံတွေ့ခဲ့သော ပရာယွတ်ချန်အိုချာနှင့် ၁၉၈၄ခုနှစ် ဇွန်လ ၂၂ရက်နေ့တွင် လက်ထပ်ခဲ့သည်။ ၎င်းတို့ဇနီးမောင်နှံတွင် တည နှင့် နစ်သ ဟုအမည်ရသော အမြွှာသမီးနှစ်ယောက် ထွန်းကားခဲ့သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads