နွိုင်ဘိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်

From Wikipedia, the free encyclopedia

Remove ads

နွိုင်ဘိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်(IATA: HAN, ICAO: VVNB) (ဗီယက်နမ်: Sân bay Quốc tế Nội Bài) သည် ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်းမြို့တွင် တည်ရှိသည်။ ဗီယက်နမ်နိုင်ငံ၏ အကျယ်ဆုံး လေဆိပ်ဖြစ်ပြီး တန်ဆွန်းညက် အပြည်ပြည်ဆိုင်ရာ လေဆိပ်ပြီးလျှင် ဒုတိယအလုပ်အများဆုံး လေဆိပ်ဖြစ်သည်။ လေဆိပ် အဆောက်အဦး (၂) ခု တည်ဆောက်ထားပြီး လေဆိပ်အဆောက်အဦး (၁) သည် ပြည်တွင်းခရီးစဉ်များအတွက် ဖြစ်ပြီး လေဆိပ်အဆောက်အဦး (၂) သည် ပြည်ပ ခရီးစဉ်များအတွက် ဖြစ်သည်။  ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော် အလံတင် လေကြောင်းလိုင်းဖြစ်သော ဗီယက်နမ် လေကြောင်းလိုင်း ၏ အဓိကအခြေစိုက်ရာ လေဆိပ်ဖြစ်သည်။ တန်ဖိုးနည်း လေကြောင်းလိုင်းများဖြစ်သော ဗီယက်ဂျက် လေကြောင်းလိုင်း နှင့် ဂျက်စတား ပစိဖိတ် လေကြောင်းလိုင်းတို့၏ အခြေစိုက်ကွင်း ဖြစ်သည်။

လေဆိပ်သည် ဟနွိုင်းမြို့လည်မှ အရှေ့မြောက်ဘက် ၃၅ ကီလိုမီတာ (၂၁ မိုင်) အကွာတွင် တည်ရှိသည်။ ၂၀၁၃ ခုနှစ်တွင် ဝန်ဆောင်မှုပေးနိုင်သော ခရီးသည် ၉ သန်းသာ ရှိသော်လည်း ကျော်လွန်၍ ခရီးသည် ၁၃ သန်း ဝန်ဆောင်မှု ပေးနိုင်ခဲ့သည်။ လေဆိပ်အဆောက်အဦးအသစ် ကို တည်ဆောက်ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ခရီးသည် လေယာဉ်စတင်ဆင်းသက်ခဲ့သည်။  ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အပြည့်အဝ လည်ပတ်ခဲ့ကာ တစ်နှစ်လျှင်ခရီးသည် ၁၉ သန်းအထိ ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။

Remove ads

သမိုင်း

လေဆိပ်ကို ၁၉၇၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ လေဆိပ်အဆောက်အဦး (၁) ကို ၂၀၀၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

၂၀၀၅ ခုနှစ် အတွင်းတွင် တိုက်ဂါး လေကြောင်းလိုင်းသည် စင်ကာပူ နှင့် ဟနွိုင်း အကြား တစ်ပတ်လျှင် ၃ ကြိမ် ပျံသန်းမည့်ခရီးစဉ်ကို ကြေညာခဲ့သည်။ အဆိုပါ တိုက်ဂါး လေကြောင်းလိုင်းသည် ဗီယက်နမ် နိုင်ငံတွင် ပထမဦးဆုံး စတင်ပျံသန်းသည့် တန်ဖိုးနည်း လေကြောင်းလိုင်း ဖြစ်လာသည်။ အဲအေးရှား လေကြောင်းလိုင်းက ဟနွိုင်း - ဘန်ကောက် - ကွာလာလမ်ပူ အကြား ပျံသန်းကာ ဒုတိယမြောက် တန်ဖိုးနည်း လေကြောင်းလိုင်း ဖြစ်လာခဲ့သည်။

ဒုတိယ လေယာဉ်ပြေးလမ်း (1B – 11R/29L) ကို ၂၀၀၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ဗီယက်နမ် လေကြောင်းလိုင်း သည် Sky Team သို့ ဝင်ရောက်ပြီးနောက် လေဆိပ်သည်လည်း Sky Team ၏ အခြေစိုက်လေဆိပ် ဖြစ်လာခဲ့သည်။


Remove ads

လေဆိပ်အဆောက်ဦး

Thumb
လေဆိပ်အဆောက်အဦးအသစ်

လေဆိပ်အဆောက်အဦး (၁) ကို ၂၀၀၁ ခုနှစ်တွင် တည်ဆောက်ပြီးစီးကာ ဖွင့်လှစ်ခဲ့သည်။ လေဆိပ်အဆောက်အဦးကို ၂၀၁၃ ခုနှစ်တွင် တိုးချဲ့ခဲ့ကာ ပြည်တွင်း ပြည်ပ ခရီးစဉ်များအားလုံးကို ဝန်ဆောင်မှုပေးခဲ့သည်။ တစ်နှစ်လျှင် ခရီးသည် ၉ သန်း ကို ဝန်ဆောင်မှုပေးနိုင်သည်။ သို့သော် တိုးတက်လာသော ခရီးသည် အရေအတွက်မျာအရ လေဆိပ်အဆောက်အဦး (၂) ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ တွင် ဖွင့်လှစ်ခဲ့သည်။ လေဆိပ်အဆောက်အဦး (၂) ကို ပြည်ပ ခရီးစဉ်များအတွက် အသုံးပြုပြီး လေဆိပ်အဆောက်အဦး (၁) တွင် ပြည်တွင်းခရီးစဉ်များ အတွက်သာ အသုံးပြုတော့သည်။ တစ်နှစ်လျှင် ခရီးသည် ၁၀ သန်း ဝန်ဆောင်မှုပေးနိုင်မည့် လေဆိပ်အဆောက်အဦး (၂) ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၆၄၅.၃၅ သန်း ရှိခဲ့ပြီး ဂျပန်နိုင်ငံက ဒေါ်လာ ၅၀၄.၂၇ သန်း ကူညီခဲ့သည်။

၃၈၀၀ ရှည်လျားတဲ့ လေယာဉ်ပြေးလမ်းကို ၂၀၀၆ ခုနှစ် ဩဂုတ်လတွင် အသစ်တည်ဆောက်ပြီးစီးခဲ့သည်။ လေယာဉ်ပြေးလမ်း အဟောင်းမှ ၃၂၀၀ မီတာ ရှည်လျားသည်။ လေယာဉ်ပြေးလမ်း ၂ ခုအကြား ၂၅၀ မီတာသာ ကွာဝေးသည်။ 

Remove ads

Airlines and destinations

ခရီးသည်

Thumb
Terminal 1 check-in area
Thumb
Terminal 2 check-in area
Thumb
Aeroflot II-96-300 takeoff at Noi Bai International Airport
Thumb
Vietnam Airlines Airbus A321-200 taxiing at Noi Bai International Airport
Thumb
Lao Airlines ATR 72 at Noi Bai International Airport
နောက်ထပ် အချက်အလက်များ လေကြောင်းလိုင်းများ, ပျံသန်းရာနေရာ ...
Thumb
လေဆိပ်အဆောက်အဦး ၁ Check-in ဧရိယာ
Thumb
လေဆိပ်အဆောက်အဦး ၂ Check-in ဧရိယာ
Thumb
Aeroflot II-96-300 takeoff at Noi Bai International Airport
Thumb
Vietnam Airlines Airbus A321-200 taxiing at Noi Bai International Airport
Thumb
Lao Airlines ATR 72 at Noi Bai International Airport
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads