ချင်းမိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်
ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ လေဆိပ် From Wikipedia, the free encyclopedia
Remove ads
ချင်းမိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ် (အင်္ဂလိပ်: Chiang Mai International Airport; ထိုင်း: ท่าอากาศยานเชียงใหม่) သည် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မြို့တော် ချင်းမိုင်မြို့တွင် တည်ရှိသည်။ ချင်းမိုင် လေဆိပ်သည် ထိုင်းနိုင့်ငံ မြောက်ပိုင်း၏ အဓိက တံခါးဝ ဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း စတုတ္ထမြောက် အလုပ်အများဆုံး လေဆိပ်တစ်ခုလည်း ဖြစ်သည်။
Remove ads
သမိုင်း
လေဆိပ်ကို ၁၉၂၁ ခုနှစ်တွင် ဆူထေ့ပ်လေဆိပ်အဖြစ် စတင် တည်ဆောက်ခဲ့သည်။
၂၀၀၈ ခုနှစ် ဆန္ဒပြမှုများဖြင့် သုဝဏ္ဏဘူမိလေဆိပ် ခေတ္တပိတ်ထားခဲ့ရချိန်တွင် ချင်းမိုင်လေဆိပ်သည် တရုတ်လေကြောင်းလိုင်း၊ ဆွစ် အင်တာနေရှင်နယ် လေကြောင်းလိုင်း တို့၏ ရပ်နားရာ တစ်ခု ဖြစ်ခဲ့သည်။ ၂၀၁၁ ခုနှစ် တွင် ချင်းမိုင်လေဆိပ်သည် ထိုင်းအဲအေးရှား လေကြောင်းလိုင်း၏ ဒုတိယ အခြေစိုက် ဗဟိုချက်လေဆိပ်ဖြစ်ခဲ့သည်။[၄]
၂၀၁၃ ခုနှစ်တွင် လေကြောင်းလိုင်း ၁၉ ခုမှ ချိတ်ဆက်ပျံသန်းလျက် ရှိပြီး ခရီးသည် စုစုပေါင်း ၅.၃ သန်း၊ လေယာဉ်အစီးရေ ၄၃,၀၀၀ နှင့် ကုန်တန်ချိန် ၁၈,၀၀၀ တန်ကို ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။[၅]
၂၀၁၄ ခုနှစ်တွင် လေဆိပ်ကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့သည်။ လေယာဉ်ခရီးသည် အတင်အချပြုလုပ်ရာ နေရာတိုးချဲ့ခြင်း၊ ၂၄ နာရီပြည့် လည်ပတ်ခြင်း နှင့် ပြည်ပ ဆိုက်ရောက်ခန်းမ နှင့် ပြည်တွင်း ထွက်ခွာ ခန်းမ တို့ တိုးချဲ့ခြင်းတို့ပါဝင်သည်။[၆]
Remove ads
ဝန်ဆောင်မှု
လေဆိပ်သည် ပင်လယ်ပြင်မျက်နှာပြင်အထက် ၃၁၆ မီတာ (၁၀၃၇ ပေ) တွင် တည်ရှိသည်။ နိုင်လွန်ကတ္တရာ လေယာဉ်ပြေးလမ်း တည်ဆောက်ထားပြီး အရှည် ၃၁၀၀ မီတာ (၁၀၁၇၁ ပေ) ရှိသည်။ လေဆိပ် အဆောက်အဦး (၂) ခု ရှိပြီး (၁) ခုမှာ ပြည်တွင်း ခရီးသည်များအတွက် ဖြစ်ပြီး (၁) ခုမှာ ပြည်ပ လေယာဉ်များအတွက် ဖြစ်သည်။
မြန်မာနိုင်ငံနှင့် ချင်းမိုင်လေဆိပ် ချိတ်ဆက်မှု
လက်ရှိတွင် မြန်မာနိုင်ငံမှ မြန်မာအမျိုးသားလေကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းတို့သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်လေဆိပ်သို့ လေယာဉ်များ ပျံသန်းပြေးဆွဲလျက်ရှိသည်။
လေကြောင်းများနှင့် ပျံသန်းရာမြို့
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
