ဟတ်ယိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်

From Wikipedia, the free encyclopedia

ဟတ်ယိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်
Remove ads

ဟိုက်ရိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ် (အင်္ဂလိပ်: Hat Yai International Airport; ထိုင်း: ท่าอากาศยานหาดใหญ่) သည် ထိုင်းနိုင်ငံ တောင်ဘက်အတွက် အဓိကလေဆိပ် တစ်ခုဖြစ်သည်။ ထိုင်းနိုင်ငံ၊ ဟိုက်ရိုင်မြို့တွင် တည်ရှိသည်။ မက္ကာသို့ သွားရောက်ဘုရားဖူးမည့် မူစလင်ဘာသာဝင်များအတွက် အရေးပါသည့် လေဆိပ်တစ်ခုလည်း ဖြစ်သည်။ နှစ်စဉ် ခရီးသည် ၁ သန်းခွဲ ကို ဝန်ဆောင်မှုပေးလျက်ရှိပြီး လေယာဉ်အစီးရေ ၉၅၀၀ နှင့်  ကုန်တန်ချိန် ၁၂၀၀၀ ကို ကိုင်တွယ်လျက်ရှိသည်။

အချက်တိုများ ဟိုက်ရိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်Hat Yai International Airport ท่าอากาศยานหาดใหญ่, အချက်အလက်များ ...
Remove ads

ယေဘုယျအချက်အလက်

လောင်ဂျီကျူ့ 100° 23' 55" E နှင့် လတ္တီကျူ့ 06° 55' 46" N တွင် တည်ရှိသည်။ ပင်လယ်ပြင်မျက်နှာပြင်အထက် ၂၈ မီတာ နှင့် ဟိုက်ရိုင်မြို့မှ ၉ကီလိုမီတာ အကွာတွင် တည်ဆောက်ထားသည်။ ၄၁၃၅ အဝေးပြေးလမ်းမကြီးသည် လဆဆိပ်ကို လာရောက်ချိတ်ဆက်ထားသည်။ မနက် ၆ နာရီမှ ည၁၂ နာရီအထိ ဖွင့်လှစ်သည်။ လေယာဉ်ပြေးလမ်းသည် ၁ နာရီလျှင် လေယာဉ်  အစီး ၃၀ အတက်အဆင်းပြုလုပ်နိုင်သည်။

လေကြောင်းလိုင်းများနှင့် ပျံသန်းရာမြို့များ

နောက်ထပ် အချက်အလက်များ လေကြောင်းလိုင်းများ, ပျံသန်းရာနေရာ ...
Remove ads

မတော်တဆဖြစ်ပွားမှု

  • ၂၀၀၅ ခုနှစ် ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင်၊ လေဆိပ်ထွက်ခွာဆောင်တွင် ဗုံးတစ်လုံး ထောင်ထားခဲ့ပြီး ဧပြီ ၃ ရက် ၂၀၀၅ ခုနှစ်တွင် ပေါက်ကွဲခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ခရီးသည် ၁ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့သည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads