နွဲ့ယဉ်ဝင်း

From Wikipedia, the free encyclopedia

Remove ads

နွဲ့ယဉ်ဝင်း (၁၉၄၅ ဖွား) သည် မြန်မာနိုင်ငံမှ အဆိုကျော် တစ်ဦးဖြစ်သည်။ တက္ကသိုလ်ဆရာမတစ်ဦးလည်းဖြစ်ပြီး “တက္ကသိုလ်က သီချင်း ဆိုကောင်းတဲ့ ဆရာမ” ဟူ၍ လူအများ စိတ်ဝင်စားခြင်းခံရသည်။နာမည်ရင်းမှာ ဂျွိုက်(စ်)ဝင်းဖြစ်သည်။ ခရစ်ယာန် ဘာသာ ကိုးကွယ်သည်။

အချက်တိုများ နွဲ့ယဉ်ဝင်း, အမည်ရင်း ...
Remove ads

ငယ်ဘဝ

မိဘများမှာ ဦးမင်းဆွေ(ဦးဝင်းမောင်) နှင့် ဒေါ်တင်တင်လှ(ဂက်တီ)တို့ဖြစ်သည်။၁၉၄၅ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် မွေးဖွားသည်။ နွဲ့ယဉ်ဝင်း တွင် မွေးချင်း(၅) ယောက် ရှိသည်။ အဖေအမည် ဦးဝင်းမောင်ကြောင့် ဂျိုက်(စ်)ဝင်းဖြစ်လာသည်။ အဖေမှာ စစ်ကိုင်းမှဖြစ်သည်။ အမေမှာ ကပြားဖြစ်သည်။မိဘများမှာ ငယ်သူဘဝမှာပင် အိမ်ထောင်ကျခဲ့ကြသည်။ အဖေမှာ၁၉နှစ်၊အမေမှာ၁၆နှစ်နှင့်ခိုးရာပြေးကြသည်။ စစ်ပြီးသွားသောအခါကျောင်းများမဖွင့်သေး။ ထိုအချိန်၌သူတို့မှာ ၁၀တန်းပင်မအောင်သေး။ နောက်မှအ​ဖေမှာ ပညာဝန်ထောက်ဖြစ်လာသည်။

Remove ads

ပညာရေး

အသက် ၃ နှစ် အထိ မွေးရပ်ဇာတိ စစ်ကိုင်း တွင်ပင် ဖြတ်သန်းခဲ့သည်။ယင်းနောက် ရန်ကုန်မြို့ သို့ မိဘများနှင့်အတူ ပြောင်းရွှေ့လာကာ  စိန့်ဖရန့်စစ် (ယခု အ.ထ.က (၄) တာမွေ)အမျိုးသမီးကျောင်း တွင်  သူငယ်တန်းကနေ ၄ တန်းအထိ တက်ရောက် သင်ကြားခဲ့သည်။ ငယ်စဉ်ကတည်းက ပညာရေးတွင် ထူးချွန်သည်။ယင်းနောက် ၅တန်းကျောင်းသူဘဝ မှ စပြီး   စိန့်ဖလောမီးနား( ယခု အ.ထ.က(၂) စမ်းချောင်း)သို့  ပြောင်းရွှေ့ တက်ရောက်သည်။ ၁၀တန်းအထိ ယင်းကျောင်းကိုပင် တက်ခဲ့သည်။ ဆေးကျောင်း သို့ တက်ရောက်ရန် အဆင့်မီသော်လည်း သူမသည် အင်္ဂလိပ်စာဘာသာရပ်ကို ပင် ရွေးချယ်ခဲ့သည် ရန်ကုန်တက္ကသိုလ် မှနေ၍ ၁၉၆၇ ခုနှစ်တွင် အင်္ဂလိပ်စာမေဂျာ ဖြင့် ဘွဲ့ရသည်။ ဘွဲ့ရသည့် နှစ် မှာပင် တက္ကသိုလ်ဆရာမ အဖြစ် အလုပ်ဝင်သည်။ယင်းနောက် မန္တလေးတက္ကသိုလ် ထိုမှတဆင့် ရန်ကုန်ပညာရေးတက္ကသိုလ် စသည်ဖြင့် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်သည်။ ၁၉၇၃ ခုနှစ် တွင် မာစတာဘွဲ့ ရရှိသည်။

Remove ads

နွဲ့ယဉ်ဝင်း ဖြစ်လာပုံ

ဂျွိုက်(စ်)ဝင်းဆိုသည့် နာမည်ကို တက္ကသိုလ်မှ ဆရာမ လုပ်သောအချိန်ထိ အသုံးပြုခဲ့သည်။ အင်္ဂလိပ် မေဂျာ ဒုတိယနှစ်လောက်တွင်သီချင်းစဆိုခဲ့သည်။။ ထိုစဉ်တွင် ဂျွိုက်(စ်)ဆိုသော နာမည်မှာ မြန်မာစာဖြင့်ပေါင်းလျှင် “ဂငယ်၊ ယပင်း၊ ဝဆွဲ၊ လုံး ကြီးတင်၊ တစ်ချောင်းငင်၊ ကသတ်၊ စသတ်” ဂျွိုက်(စ်) ဖြစ်သည်။ မြန်မာလို နှင့် အင်္ဂလိပ်လို အသံထွက်သည် အနည်းငယ် ကွာခြားသည်။ ရေးသည့် နေရာတွင် လည်း မတူချေ။ ထို့ကြောင့်သီချင်း စဆိုသော အချိန်တွင် ဂျွိုက်(စ်)ဝင်း နှင့် အဆင် မပြေ၊မြန်မာ လူမျိုးနားထဲ တစ်မျိုးဖြစ်နိုင်မည် ထင်၍ ဂီတစာဆို ကိုမြတ်လင်း ထံသွားကာ "ဝင်း” ပါလျှင်ပြီးရောဆိုပြီး မြန်မာ နာမည်လေး တစ်ခု ရွေးခိုင်းသည်။ ကိုမြတ်လင်းမှ မွေးနံမမေးဘဲ "နွဲ့ယဉ်ဝင်း"ဟု ပေးလိုက်သည်။ တနင်္လာသမီးအား "နွဲ့ယဉ်ဝင်း" ဆိုသော စနေနံ နှင့် ဗုဒ္ဓဟူးနံ တွဲပြီး ပေးလိုက်သည်။ ထိုစဉ်မှစကာ၎င်းအမည်ဖြင့် အောင်မြင်ခဲ့သည်။

အဆိုတော်ဘဝဖြတ်သန်းမှု

၁၉၆၁ ခုနှစ်ကတည်းက  အင်္ဂလိပ်ပိုင်း အစီအစဉ် Verity Show များတွင် အင်္ဂလိပ်သီချင်းများ စဆိုခဲ့သည်။၁၉၆၄ ခုနှစ်   တက္ကသိုလ်ဒုတိယနှစ်တွင်  ဂီတစာဆို ကိုမြတ်လင်း ရေးသည့် “ပန်းကမ္ဘာ မျှော်စင်” သီချင်း ဖြင့် အဆိုတော်လောက ထဲ စတင်ဝင်ရောက်ခဲ့သည်။အစပိုင်းတွင်  အင်္ဂလိပ်ပိုင်းကိုသာ အဓိကထား ဆိုနေကြဖြစ်၍ မြန်မာ စကားလုံးအသံ ပီပီပြင်ပြင် ဆိုနိုင်မှု အခက်အခဲနှင့် ကြုံတွေ့ခဲ့ရသည်။ သူမသည် မြန်မာသံ အဆိုတော်များဖြစ်ကြသည့် တင်တင်မြတင်တင်လှချိုပြုံးတို့ ၏ ဆိုဟန်များကို ကြိုက်နှစ်သက်သည်။မြန်မာသံ နှင့် ပတ်သတ်ပြီး ပထမဦးဆုံး လက်တွဲခဲ့သည့် အဖွဲ့မှာ “မေတ္တာရိပ်မြုံ” တေးဂီတအဖွဲ့ ဖြစ်သည်။ မေတ္တာရိပ်မြုံ ဦးမျိုးကြည် သည် သူ့ ဖခင်၏ မိတ်ဆွေဖြစ်သည်။ပထမဦးဆုံးသီဆိုသည့် မြန်မာသံ “ပန်းကမ္ဘာ မျှော်စင်” သီချင်းဖြင့် ဓာတ်ပြားရပြီး မြန်မာ့အသံ မှ တစ်ခါတည်း လွှင့်ခွင့်ရကာ ဂီတ လောကထဲ ရောက်လာသည်။

Remove ads

မိသားစုဘဝ

သူသည် အိမ်ထောင်သည် တစ်ဦးဖြစ်ပြီး သား ၂ဦး၊သမီး ၂ဦး ရှိသည်။ဂီတမျိုးဆက်သစ် အနေဖြင့် သားကြီး ဖြစ်သူ မျိုးမြင့်ဝင်း သည် မျိုးမျိုး အမည်ဖြင့်လည်းကောင်း၊ သမီးဖြစ်သူ သံသာဝင်း သည် သံသာဝင်း အမည်ဖြင့် လည်းကောင်း ဂီတလောက ထဲ ဖြတ်သန်းနေသည်။အဆိုတော် အနဂ္ဂ မှာ သံသာဝင်း၏ ခင်ပွန်း[] ၊ နွဲ့ယဉ်ဝင်း ၏ သမက် ဖြစ်သည်။

အောင်မြင်ခဲ့သည့် တေးသီချင်းများ

  • မေမြို့ သို့မဟုတ် ပြင်ဦးလွင်
  • “ပန်းကမ္ဘာမျှော်စင်”
  • “ချစ်သူတို့ ဘဝဝယ်”
  • “တစ်လုံးနှစ်လုံး စာစီကုံး”
  • “မေတ္တာပန်းများ ချွေခူးထား တယ်”
  • “မောင်မောင့် အပေါ်ထားတဲ့ မေတ္တာ”
  • “ရွှေလှေခါးလေး ခင်းပေးမယ်” []


ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads