ပင်လယ်ဘူးမြို့

စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင် From Wikipedia, the free encyclopedia

Remove ads

ပင်လည်ဘူးမြို့သည် ကသာခရိုင်၊ ကောလင်းနယ်အတွင်းရှိ ပင်လည်ဘူးမြို့နယ်၏ ရုံးစိုက်ရာ ဖြစ်သည်။ ယင်းမြို့ကို တည်ထောင်ရန် မြေရှင်းသောအခါ ကြက်ဖတစ်ကောင်ကို တွေ့ရှိရာမှ အစပြု၍ ရှမ်းဘာသာဖြင့် ပင်ကယ်ဗူးမြို့ (ပင်ကိုင်ဖရူး) ဟု မှည့်ခေါ်သည်။ အဓိပ္ပာယ်မှာ ကြက်ပျံ၍ မကျသောမြို့ ဖြစ်သည်။ ကာလရွေ့လျောလာသောအခါ ပင်ကယ်ဗူး မှ ပင်လယ်ဗူးမြို့ ဟု အမည်တွင်လာသည် ဟု ဆိုကြသည်။

အချက်တိုများ ပင်လည်ဘူးမြို့, နိုင်ငံ ...

ပင်လည်ဘူးမြို့သည် ကောလင်းမြို့ အနောက်မြောက်ဘက် ၂၅ မိုင်ခန့် အကွာ၌ မူးမြစ်ပေါ်တွင် တည်ရှိ၍ ဝန်းသိုမြို့ နှင့်လည်း ၄၁ မိုင်ရှည်သော မော်တော်ကားလမ်းဖြင့် ဆက်သွယ်ထားသည်။ ယင်းမှတစ်ပါး အခြား လမ်းပန်း အဆက်အသွယ် မရှိသဖြင့် စည်ကားခြင်းမရှိပေ။ လူဦးရေ နှစ်ထောင်ကျော်မျှ နေထိုင်လျက် ရှိသည်။ ၁၈၉၁ ခုနှစ်တွင် ဝန်းသိုနယ်ကို ဗြိတိသျှတို့ သိမ်းပိုက်သောအခါ ပင်လယ်ဘူးမြို့နယ်ကို ဝန်းသိုမြို့နယ် အတွင်းသို့ သွင်းလိုက်သည်။ သို့ရာတွင် ဒုတိယကမ္ဘာစစ် ပြီးဆုံးသောအခါ ဝန်းသိုနယ်မှ ခွဲထုတ်၍ ကောလင်းနယ်အတွင်းသို့ သွတ်သွင်းလိုက်သည်။ ပင်လည်ဘူးမြို့နယ်သည် မူးမြစ် တစ်ဘက်တစ်ချက်တွင် တည်ရှိသည်။ မြောက်ဘက်တွင် ဗန်းမောက်မြို့နယ်၊ တောင်ဘက်တွင် ရွှေဘိုခရိုင် ကျွန်းလှမြို့နယ်၊ အနောက်ဘက်တွင် မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ် ရှိသည်။ ပင်လည်ဘူးမြို့နယ်သည် ၁၃၆၇ စတုရန်းမိုင် ကျယ်သော်လည်း မြို့သက်သက်မှာမူ ၁.၁ စတုရန်းမိုင်မျှသာ ကျယ်သည်။ မြို့နယ်အတွင်း၌ ဆန်စပါးခဲသတ္တု နှင့် ဆား ထွက်သည်။ သစ်လုပ်ငန်းကိုလည်း လုပ်ကိုင်ကြသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads