ပန်းသီး
ချို၍ စားသုံးနိုင်သည့် အသီး From Wikipedia, the free encyclopedia
Remove ads
ပန်းသီးသည် ချို၍ စားနိုင်သည့် သစ်သီး ဖြစ်သည်။ ပန်းသီးပင် (Malus pumila ) မှ သီးသည့် အသီး ဖြစ်သည်။ ပန်းသီးပင်များကို ကမ္ဘာတစ်ဝန်းတွင် ကျယ်ပြန့်စွာ စိုက်ပျိုးကြသည်။ ပန်းသီးပင်များ၏ မူလပေါက်ရောက်ရာ ဒေသသည် အာရှတိုက်အလယ်ပိုင်း ဖြစ်သည်။ ပန်းသီးပင်သည် genus Malus ၏ မျိုးစိတ်ဖြစ်သည်။ ထိုအာရှတိုက်အလယ်ပိုင်းတွင် ယခုထက်တိုင် ပန်းသီးပင်များ၏ မျိုးဆက်အရိုင်းပင် Malus sieversii များကို တွေ့နိုင်ပေသည်။ ပန်းသီးပင်များကို အာရှတိုက်နှင့် ဥရောပတိုက်တွင် ထောင်စုနှစ်များက စိုက်ပျိုးခဲ့ပြီး မြောက်အမေရိကတိုက်သို့ ဥရောပကိုလိုနီခေတ်တွင် သယ်ဆောင်စိုက်ပျိုးခဲ့သည်။ ပန်းသီးသည် ယုံကြည်မှု၊ ဒဏ္ဍာရီစသည်တို့နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ကို ခရစ်ယာန်၊ ဂရိနှင့် Norse စသည်တို့တွင် တွေ့နိုင်သည်။
ပန်းသီးပင်သည် အစေ့မှ စိုက်ပျိုးပါက ကြီးထွားကြသည်။ ပုံမှန်အားဖြင့် ပန်းသီးပင်စိုက်ပျိုးသူများသည် ကိုင်းဆက်သည့်နည်းလမ်းကို အသုံးပြုကြသည်။ ထိုနည်းလမ်းကို အသုံးပြုခြင်းဖြင့် ပန်းသီးပင်၏ အရွယ်အစားကို ထိန်းချုပ်နိုင်ပေသည်။
၂၀၁၇ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ပန်းသီးထုတ်လုပ်မှုသည် တန်ချိန် ၈၃.၁ သန်းရှိသည်။ တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုသည် စုစုပေါင်းထုတ်လုပ်မှု၏ ၄၉.၈ ရာခိုင်နှုန်း ရှိသည်။[၃]
Remove ads
ရုက္ခဗေဒဆိုင်ရာ အချက်အလက်များ
ပန်းသီးပင်သည် အမြင့် ၆ ပေမှ ၁၅ ပေအထိ ရှိ၏။ အလေ့ကျပေါက်သည့်အပင်များတွင် ပေ ၃၀ အထိ ရှိတတ်ကြသည်။ စိုက်ပျိုးထုတ်လုပ်သည့်အခါတွင်မူ ပန်းသီးပင်၏ အရွယ်အစား၊ ပုံသဏ္ဌာန်၊ ကိုင်းအရေအတွက် စသည်တို့ကို သတ်မှတ်ကာ စိုက်ပျိုးကြသည်။[၄]
စိုက်ပျိုးထုတ်လုပ်သူများ
ပန်းသီးပင်ကို စိုက်ပျိုးထုတ်လုပ်သူများသည် ၇၅၀၀ အထက် ရှိ၏။ စိုက်ပျိုးထုတ်လုပ်သူများသည် ပန်းသီးပင်၏ အရွယ်အစားကို အမျိုးမျိုးဖြင့် စိုက်ပျိုးကြသည်။ မတူညီသည့် စိုက်ပျိုးထုတ်လုပ်သူများသည် အပူချိန်၊ ရာသီဥတု စသည်တို့သည်လည်း တူညီမှု မရှိကြပေ။[၅][၆][၇]
စိုက်ပျိုးခြင်း
ပန်းသီးပင်များသည် အစေ့မှတစ်ဆင့် တဖြည်းဖြည်းကြီးထွားလာကြသည်။ သို့သော် ပန်းသီးပင်စိုက်ပျိုးသူများသည် ပိုမိုချိုမြိန်သော အသီးရရန်နှင့် အခြားသော အသွင်အပြင်ပြုပြင်မှုများ ပြုလုပ်နိုင်ရန် ပန်းသီးပင်များကို ကိုင်းကူးသည့် နည်းဖြင့် စိုက်ပျိုးလာကြသည်။[၈]
သိုလှောင်ခြင်း
ပန်းသီးများသည် လအချို့ခန့်သာ ထိန်းသိမ်းထားနိုင်သည်။ အိမ်များတွင်မူ ရေခဲသေတ္တာ၏ အအေးဆုံးအခန်းတွင် ထိန်းသိမ်းလေ့ရှိကြပြီး ခန့်မှန်းခြေ နှစ်ပတ်ခန့် ထားနိုင်သည်။ အချို့သော ပန်းသီးအမျိုးစားများဖြစ်သည့် (ဥပမာ - Granny Smith and Fuji) သည် အခြားသော ပန်းသီးအမျိုးအစားများထက် သုံးဆခန့် ထားရှိနိုင်ကြသည်။[၉][၁၀]
ထုတ်လုပ်ခြင်း
၂၀၁၆ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ပန်းသီးထုတ်လုပ်မှုသည် တန်ချိန် ၈၉.၃ သန်း ရှိ၏။ တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုသည် ၅၀ ရာခိုင်နှုန်း ရှိခဲ့သည်။ European Union သည် ကမ္ဘာတစ်ဝန်းထုတ်လုပ်မှု၏ ၁၃ ရာခိုင်နှုန်း ရှိခဲ့သည်။ အခြားသော အဓိက ထုတ်လုပ်သူများသည် ၅ ရာခိုင်နှုန်း (သို့မဟုတ်) ထို့အောက် ထုတ်လုပ်ခဲ့သည်။[၃]
Remove ads
အာဟာရ
ပုံမှန်ပန်းသီးသည် ၂၄၂ ဂရမ် လေး၏။ ၁၂၆ ကယ်လိုရီ ပါဝင်သည်။[၁၁]
Remove ads
လူသားများ၏ စားသုံးခြင်း
ပန်းသီးသည် အစေ့မှလွဲ၍ အခွံ၊ အခြားသော အစိတ်အပိုင်းအားလုံးသည် စားသုံးရန် သင့်လျော်၏။ အစေ့များပါဝင်သည့် အူလမ်းကြောင်းကို စားလေ့မရှိကြပေ။[၁၂]
အခြားသောထုတ်လုပ်မှုများ
ပန်းသီးအစေ့မှ အဆီထုတ်ခြင်းလည်း ပြုလုပ်နိုင်သည်။[၁၃]
ကျန်းမာရေး
ပန်းသီးတွင် ပါဝင်သည့် အာဟာရများသည် အချို့သော ကင်ဆာရောဂါများကို ကာကွယ်ပေးသည်။[၁၄]
ပြခန်း
- ပန်းသီးပင်၊ ဂျာမနီနိုင်ငံ
- အပွင့်ပွင့်နေသည့် ပန်းသီးပင်၊ Kota Batu, Indonesia
- An apple core, part of an apple not usually eaten, containing the seeds
- အပွင့်ပွင့်ခြင်း၊ အသီး၊ ပန်းသီးပင်၏ အရွက်များ (Malus pumila)
- Different kinds of apple cultivars in a wholesale food market
- ပန်းသီးပင်တွင် အပွင့်များပွင့်နေပုံ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads