မက်ဂနိစ်

အက်တမ်နံပါတ် ၂၅ ရှိသော ဒြပ်စင် From Wikipedia, the free encyclopedia

မက်ဂနိစ်
Remove ads

မက်ဂနိစ် သည် အက်တမ် နံပါတ် ၂၅ ရှိပြီး သင်္ကေတ Mn ဖြင့်ဖော်ပြသော ဓာတုဗေဒ ဒြပ်စင်ဖြစ်သည်။ ယင်းအား လွတ်လပ်သော ဒြပ်စင်အဖြစ် သဘာဝအတိုင်း မတွေ့ရပေ။ တခါတရံတွင်းထွက်ပစ္စည်းများ၌ သံနှင့်ရောနှောကာ တွေ့ရလေ့ရှိသည်။ မက်ဂနိစ်သည် စက်မှုသုံး သံမဏိများထုတ်လုပ်ရတွင် အသုံးချသည့် သံသတ္တုတစ်မျိုးဖြစ်သည်။ သမိုင်းအားဖြင့်ဆိုလျင် မက်ဂနိစ်သည် ဂရိနိုင်ငံ Magnesia မြို့ဒေသရှိ အနက်ရောင်တွင်းထွက်ပစ္စည်းများကို အစွဲပြု၍ ခေါ်ဆိုခြင်းဖြစ်သည်။ မက်ဂနိစ်ဒိုင်အောက်ဆိုဒ်ကို သွပ်ကာဗွန်နှင့် အယ်ကာလိုင်း ဘက်ထရီများတွင် ကတ်သုပ်အဖြစ် အသုံးပြုသည်။

အချက်တိုများ ယေဘုယျ ဂုဏ်သတ္တိများ, အမည်၊ သင်္ကေတ ...

မဂ္ဂနိ သည် မာသော သတ္တုတစ်ခုဖြစ်၍ သံနှင့် အသွင်အပြင်တူ ူသည်။ သို့သော် သံမှာကဲ့သို့ သံလိုက်ဓာတ်မရှိချေ။ မဂ္ဂနိ သည် ဆတ်၍ အရောင်မှာ ညိုကာ အနီသေး လွှမ်းလျက်ရှိသည်။ မဂ္ဂနိ ၏ သပိသည်းဆမှာ ၇. ၄ ဖြစ်၍ အပူချိန် စင်တီဂရိတ် ၂၆ဝ တွင် အရည်ပျော်သည်။ စိုထိုင်းသော လေထဲတွင် ထားပါက အလျင်အမြန် သံချေး တက်လွယ်သည်။ ထိုသတ္တုကို မဂ္ဂနိ သံမဏိ သတ္တုစပ်များ ပြုလုပ်ရာတွင်လည်းကောင်း၊ မဂ္ဂနိ ကြေးနီသတ္တုစပ်များတွင် အလွန်မာသော သတ္တိရှိသောကြောင့် ကြီးလေးသောစက်ကရိယာ တန်ဆာများ၊ စစ်ဖက်ဆိုင်ရာ အမြောက်လက်နက်များနှင့် သံချပ်ကာများ ပြုလုပ်ရာတွင် အလွန် အသုံးဝင်သည်။


သံတွင် မဂ္ဂနိ ရာခိုင်နှုန်း ၁ဝ မှ ၃ဝ အထိ ရောစပ်ထားသော စပီဂယ်လိုင်ဇင်ခေါ် သံတစ်မျိုးသည် သံမဏိ လုပ်ငန်းများ တွင် အကြီးအကျယ် အသုံးဝင်၏။ မဂ္ဂနိ ရာခိုင်နှုန်း ၇ဝ လောက်နှင့် ကာဗွန် ရာခိုင်နှုန်း ၅ လောက်တို့ဖြင့် ရောစပ်ထား သော ဖဲရိုမဂ္ဂနိ ခေါ် သံတစ်မျိုးမှာလည်း အလွန်မာသောကြောင့် သံမဏိ လုပ်ငန်းများတွင် အသုံးဝင်ပေသည်။ အချို့သော မဂ္ဂနိ ဓာတ်ဆားများကို ဓာတုဗေဒတွင် လည်းကောင်း၊ ဘယဆေးများ ဖော်စပ်ရာတွင် လည်းကောင်း အသုံးပြုရ၏။ မဂ္ဂနိ ဓာတ်ဆားများသည် အောက်ဆီဂျင် ဓာတ်ငွေ့ကို အလွယ်တကူ ထုတ်ပေးနိုင်သောကြောင့် မဂ္ဂနိ ဓာတ်ဆားများဖြစ်ကြသောပိုတက်ဆီယမ်နှင့် ဆိုဒီယမ်ပါမင်ဂနိတ်တို့သည် ပိုးသတ်ဆေးနှင့် ပိုးမွှားနိုင်ဆေး၊ အနံ့အသက်ပျောက်ဆေးတို့အဖြစ်ဖြင့် အလွန်ပင် ထင်ရှားပေသည်။ အကြောင်းသော်ကား မဂ္ဂနိ ဓာတ်ဆားများမှ ထွက်လာသော အောက်ဆီဂျင်ဓာတ်သည် ပိုးမွှားများကို သတ်နိုင်သည့်သတ္တိရှိသောကြောင့် ဖြစ်သည်။ မဂ္ဂနိ သတ္တုသည် ရုရှနိုင်ငံမှ အများဆုံးထွက်၍ အိန္ဒိယနိုင်ငံနှင့် ချက်ကိုဆလိုဗားကီးယားနိုင်ငံများမှလည်းအတော်အသင့် ထွက်လေသည်။[]


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads