ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်
From Wikipedia, the free encyclopedia
Remove ads
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (ပအိုဝ်း: ပအိုဝ်ႏစွိုးခွိုꩻလွစ်ထန်ႏရေꩻတပ်မတောႏ, အင်္ဂလိပ်: Pa-O National Liberation Army; အတိုကောက် PNLA) သည် မြန်မာနိုင်ငံရှိ ပအိုဝ်းလူမျိုး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ၁၉၄၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(ပအလဖ)နှင့် ၁၉၆၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ရလလဖ အဖွဲ့ နှင့် ၁၉၇၇ ခုနှစ်တွင် အမည်တွင်လာသည့် ရလလဖ(အနီ) ခေါ် (ပအိုဝ်းနီ) တပ်ဖွဲ့တို့မှ ပေါက်ဖွားလာပြီး ၂၀၀၉ ခုနှစ်တွင် အခြားပအိုဝ်းလက်နက်ကိုင်အဖွဲ့အချို့နှင့် ပူးပေါင်းပြီး ပြန်လည်ဖွဲ့စည်းခဲ့သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။[၂][၃] PNLA သည် အခြားသော ပအိုဝ်းလက်နက်ကိုင်အဖွဲ့များနည်းတူ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ ပါဝင်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် လင်းခေးခရိုင်၊ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင် တို့တွင် လှုပ်ရှားလျက် ရှိသည်။[၄]
၂၀၁၂ ခုနှစ် ဩဂုတ်လတွင် PNLA သည် မြန်မာနိုင်ငံ အစိုးရနှင့် "ပြည်နယ်အဆင့် သဘောတူညီချက် ငါးချက်"[၅] နှင့် "ပြည်ထောင်စုအဆင့် သဘောတူညီချက် ရှစ်ချက်"[၆] တို့ကို လက်မှတ်ရေးထိုးခဲ့သည်။
Remove ads
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ
၂၀၁၂ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် အစိုးရနှင့် PNLA တို့သည် "ပြည်နယ်အဆင့် သဘောတူညီချက် ၅ ချက်" နှင့် "ပြည်ထောင်စုအဆင့် သဘောတူညီချက် ၈ ချက်" တို့ကို လက်မှတ်ရေးထိုးခဲ့ကြသည်။[၇]
ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် PNLA ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့သည် အောက်ပါ အချက်ငါးချက်ကို သဘောတူညီခဲ့ကြသည်။
- (က) ၂၀၁၂ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှစ၍ နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရန်၊
- (ခ) နှစ်ဖက်သဘောတူညီ ညှိနှိုင်းရရှိထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရန်၊
- (ဂ) သတ်မှတ်နေရာမှအပ အခြားဒေသသို့ လက်နက်ဖြင့် သွားရောက်ခြင်း မပြုရန်၊
- (ဃ) ဆက်ဆံရေးရုံးစခန်းများကို နှစ်ဖက်သဘောတူညီသည့် တောင်ကြီး၊ ဆီဆိုင်၊ မောက်မယ်မြို့များ၌ လက်နက်မပါ ထားရှိရန်၊
- (င) ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအဖွဲ့နှင့် ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ တရားဝင်ဖွဲ့စည်းပေးရန်နှင့် ၂၀၁၂ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှစ၍ သုံးလထက်မကျော်သော ကာလတွင် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို စတင်နိုင်ရန်
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် PNLA တို့သည် အောက်ပါ အချက်ရှစ်ချက်ကို သဘောတူညီခဲ့ကြသည်။
- (က) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကိစ္စကို ခိုင်မာသည်ထက် ခိုင်မာအောင် ဆွေးနွေးရန်၊
- (ခ) Code of Conduct များ သတ်မှတ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်၊
- (ဂ) ဆက်ဆံရေးရုံးများ လုပ်ငန်းလည်ပတ်နိုင်ရန်အတွက် ပြည်ထောင်စုငြိမ်းချမ်း၇ေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ကူညီရန်၊
- (ဃ) PNLO/PNLA တပ်ဖွဲ့ဝင်များ၏ တပ်တည်နေရာများကို ဆက်လက်ညှိနှိုင်းရန်၊
- (င) မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စ ညှိနှိုင်းရန်၊
- (စ) သတင်းမီဒီယာကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက်ရန်
- (ဆ) တပ်ဖွဲ့ဝင်များ၏ စားဝတ်နေရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းရန်၊
- (ဇ) ပြည်သူလူထုလုံခြုံရေးနှင့် အခြေခံစိုက်ပျိုးရေးကိစ္စ ဆွေးနွေးညှိနှိုင်းရန်
Remove ads
၂၀၂၁ နောက်ပိုင်း ဖြစ်ရပ်များ
၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခြင်း ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် အလွှာပေါင်းစုံအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တို့အကြား လက်နက်စွဲကိုင်တိုက်ပွဲများတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် က ဝင်မပါဘဲ ကြားနေ ခဲ့သည်။ စစ်ကောင်စီ နှင့် နီးကပ်သည့် ဆက်ဆံရေးကိုလည်း ပြုလုပ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် စစ်ကောင်စီဥက္ကဋ္ဌ ကမ်းလှမ်းသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား တက်ရောက်သည်။ [၈]
Remove ads
တိုက်ပွဲပြန်လည်ဖြစ်ပွားခြင်း
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက် တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးရွာ ၌ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(PNLA) ၏ လက်နက်ယာဉ်တန်းအား တပ်မတော် နှင့် PNO ပအိုဝ်းပြည်သူ့စစ် တို့က ဖမ်းဆီးစစ်ဆေးခဲ့ရာမှ တဆင့် တိုက်ပွဲ စတင် ဖြစ်ပွားသည်။ နှစ်ဖက်ဆွေးနွေးညှိနှိုင်းခဲ့ကြသော်လည်း ပြေလည်မှုမရဘဲ တိုက်ပွဲ ဆက်လက်ဖြစ်ပွားသည်။တောင်ကြီးမြို့ ရှိ PNLA ဆက်ဆံရေးရုံး တာဝန်ခံအပါအဝင် ၃ ယောက်ဦး အား တပ်မတော်က ဖမ်းဆီးသည်။[၉]
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ အား PNLA ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်သိမ်းပိုက်သည်။[၁၀] [၁၁]
၈နှစ်ကြာချုပ်ဆိုခဲ့သော NCAသဘောတူညီချက်ကို စစ်ကောင်စီကချိုးဖောက်ခဲ့သဖြင့် စစ်ကောင်စီအား ဘဝတူညီနောင် မဟာမိတ်များနှင့်အတူ တိုက်ခိုက်မည်ဖြစ်ကြောင်း ၂၀၂၄ခုနှစ် ဇန်နဝါရီလ၂၆ရက်နေ့ညပိုင်းတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် က ကြေညာသည်။[၁၂]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads