ပုဏ္ဏားကျွန်းမြို့

From Wikipedia, the free encyclopedia

Remove ads

ပုဏ္ဏားကျွန်းမြို့ သည် စစ်တွေခရိုင်အလယ်ပိုင်းရှိ ပုဏ္ဏားကျွန်းမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ပုဏ္ဏားကျွန်းမြို့နယ်သည် ကုလားတန်မြစ်နှင့် မယူမြစ်တို့အကြား ကျဉ်းမြောင်း ရှည်လျားသော မြို့နယ်ဖြစ်၍ ၇၀၄ စတုရန်းမိုင် ကျယ်ဝန်းသည်။ ပုဏ္ဏားကျွန်းမြို့နယ်၏ တောင်ပိုင်းတွင် ဒီတက်ဒီကျရှိသော ချောင်းငယ်များ ပိုက်ကွန်သဖွယ် ယှက်သန်းနေသည်။ မြောက်ပိုင်းတွင်ကား တောင်ကုန်းထူထပ်သည်။ ချောင်းမြောင်းများ ယှက်သန်းရာ မြေနိမ့်ဒေသရှိ ကုလားတန်မြစ်ဝ၏ လက်ျာဘက်ကမ်းတွင် ပုဏ္ဏားကျွန်းမြို့ တည်ရှိသည်။ စစ်တွေမြို့မှ ရေကြောင်းခရီးဖြင့် ၁၆ မိုင်ကွာဝေးသည်။

အချက်တိုများ ပုဏ္ဏားကျွန်းမြို့, နိုင်ငံ ...

၁၉၀၅-ခုနှစ်တွင် မြို့ဖြစ်လာသည်။ မြို့၏ အကျယ်အဝန်းမှာ ၀.၀၇-စတုရန်းမိုင် ဖြစ်သည်။ ၁၈၆၈-ခုနှစ်၊ လေမုန်တိုင်းကြီးကြောင့် မူလရုံးစိုက်ရာ တန်ခိုးရွာကြီးမှ ပြောင်းရွေ့လာကာ တည်ထောင်ခြင်း ဖြစ်သည်။ မြို့သည် ပင်လယ်ရေမျက်နှာပြင် အမြင့် ၈' ရှိသည်။ မြို့အရပ်တွင် ရှေးအခါက ပုဏ္ဏားများ နေထိုင်ခဲ့၍ ပုဏ္ဏားကျွန်းမြို့ဟု အမည်တွင်သည်။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၇၈၀ ယောက် ရှိသည်။ မြို့ပေါ်နေ လူဦးရေမှာ ၁၀၆၆၆ ဦးရှိသည်။ မြို့နယ်တစ်ခုလုံး၏ လူဦးရေမှာ ၁.၃၃-သိန်းကျော်ရှိသည်။ []

မြို့သောက်သုံးရေအတွက် ဂူဝဆည်ကို တည်ထားသည်။ ပုဏ္ဏားကျွန်းမြို့၏ ပတ်ဝန်းကျင်သည် မြေဩဇာ ကောင်းသော မြေပြန့်ဒေသဖြစ်သဖြင့် ဆန်စပါးစိုက်ပျိုးလုပ်ကိုင်ရာ၊ ယင်းမြို့၏ အဓိက ထွက်ကုန်သည် ဆန်စပါး ဖြစ်သည်။ စပါးစိုက် ဧရိယာ ၉၃.၅၈-စတုရန်းမိုင် ရှိကာ ပုဇွန်ကန်ပေါင်း ၄၅၃-ကန်၊ မွေးမြူရေးဧရိယာ ၇၄၈၀-ဧက ရှိသည်။ တောင်ဖျားချောင်းဆိုသည့် ဒေသမှ ငရုတ်ကောင်း အများဆုံး ထွက်သည်။

ပုဏ္ဏားကျွန်းမြို့၏ တန်ခိုးကြီးဘုရားမှာ ဦးရာဇ်တော်ဓာတ်စေတီ ဖြစ်သည်။ ယင်းဘုရားကို အစွဲပြု၍ ပုဏ္ဏားကျွန်းမြို့ကို ဦးရာဇ်တောင်မြို့ ဟုလည်း ခေါ်ဆိုကြသည်။ ဂူဝဘုရား၊ စမြုံတော်ဓာတ်စေတီနှင့် ဘဲငါးရာတောင်တို့ ရှိသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads