ဂင်းနီဗစ်ဆောနိုင်ငံ

From Wikipedia, the free encyclopedia

ဂင်းနီဗစ်ဆောနိုင်ငံ
Remove ads

ဂင်းနီဗစ်ဆောနိုင်ငံ [မှတ်စု ၁] (အင်္ဂလိပ်: Guinea-Bissau) ၏ မူရင်းအမည်မှာ ပေါ်တူဂီဂင်းနီနိုင်ငံ ဖြစ်သည်။ ၁၉၇၄ ခုနှစ် တွင် လွတ်လပ်ရေးရရှိ၍ ဂင်းနီဗစ်ဆောနိုင်ငံဟု အမည် ပြောင်းခဲ့သည်။ အာဖရိကတိုက် အနောက်ဘက် ကမ်းခြေတွင် တည်ရှိပြီး မြောက်ဘက်တွင် ဆီနီဂေါနိုင်ငံ၊ အရှေ့နှင့်တောင်ဘက်တွင် ဂီနီနိုင်ငံတို့ တည်ရှိသည်။ နိုင်ငံ၏အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၃၉၄၈ ရှိသည်။ ၁၉၇၆ခုနှစ် ခန့်မှန်းချက်အရ လူဦးရေ ၅၃ဝဝဝဝ ရှိသည်။ မြို့တော်မှာ ဗစ်ဆောမြို့ ဖြစ်သည်။ မြေနိမ့်လွင်ပြင်များနှင့် ကျွန်းပြတ်များ ပေါများပြီး သစ်တောထူထပ်သော နိုင်ငံ ဖြစ်သည်။

အချက်တိုများ ဂင်းနီဗစ်ဆောသမ္မတနိုင်ငံ República da Guiné-Bissau (ပေါ်တူဂီ), မြို့တော် နှင့် အကြီးဆုံးမြို့ ...

ဂင်းနီဗစ်ဆောနိုင်ငံကို ၁၅ ရာစုခန့်မှ အစပြု၍ ပေါ်တူဂီလူမျိုး ပင်လယ်ခရီးသွား တစ်စုက စတင် တွေ့ရှိခဲ့သည်။ ၁၇ ရာစုနှင့် ၁၈ ရာစု နှစ်များအတွင်း ထိုအရပ်၌ ငွေဝယ်ကျွန် အရောင်းအဝယ်လုပ်ငန်း ထွန်းကား ခဲ့သည်။ ထိုအချိန်မှ အစပြု၍ ပေါ်တူဂီလူမျိုးတို့က ကိုလိုနီနိုင်ငံအဖြစ် သိမ်းပိုက် အုပ်ချုပ်ခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ပေါ်တူဂီပိုင် ကိုလိုနီများ အားလုံးကို ဖျက်သိမ်းလိုက်သောအခါ ဂင်းနီဗစ်ဆော နိုင်ငံသည် ပေါ်တူဂီတို့၏ ပင်လယ်ရပ်ခြား ပြည်နယ်တစ်ခု ဖြစ်လာသည်။

ထိုအချိန်မှ အစပြု၍ ဂင်းနီဗစ်ဆောနိုင်ငံရှိ အာဖရိက တိုင်းရင်းသားများ၏ လွတ်လပ်ရေး လှုပ်ရှားမှုများသည် တစ်နေ့တခြား ပြင်းထန်လာခဲ့သည်။ ပေါ်တူဂီအစိုးရသည် တိုးတက် လှုပ်ရှားလာသော လွတ်လပ်ရေး လှုပ်ရှားမှုများကို ဖိနှိပ်ရန် အပြင်းအထန် ကြိုးစားခဲ့သော်လည်း အချည်းနှီးပင် ဖြစ်သည်။ အာဖရိက တိုင်းရင်းသားတို့၏ ၁၃ နှစ်ကြာ တိုက်ခဲ့ရသော လွတ်လပ်ရေး တိုက်ပွဲအပြီး၊ ၁၉၇၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် လွတ်လပ်ရေး ပေးလိုက်ရ သည်။ သမ္မတအဖြစ် လွီဒီအယ်လမေဒါ ကဗရဲကို၎င်း၊ ဝန်ကြီးချုပ်အဖြစ် ဖရန်စစ္စကိုမန်းဒိကို၎င်း တင်မြှောက်ကြသည်။ လွတ်လပ်ရေးတိုက်ပွဲ တစ်လျှောက်လုံးတွင် ရုရှနိုင်ငံက စစ်ရေးအတွက် စစ်လက်နက်ပစ္စည်းများကို ထောက်ပံ့ခဲ့သည်။

အာဖရိက တိုင်းရင်းသားများမှာ အများအားဖြင့် ကပ္ပလီလူမျိုးများ နေထိုင်ကြသည်။ အများစုမှာ အစ္စလာမ် ဘာသာကို ကိုးကွယ်ကြသူများ ဖြစ်သည်။ အဓိက ထွက်ကုန်များမှာ မြေပဲနှင့် ဆီထွက်အုန်းတို့ ဖြစ်ကြပြီး ပျားမွေးမြူခြင်း လုပ်ငန်းကိုလည်း လုပ်ကိုင်ကြသည်။ ဓာတ်သတ္တု တူးဖော်ရေး လုပ်ငန်းတွင် ရေနံကို လည်း စတင် တွေ့ရှိနေပြီး ဖြစ်သည်။ []

Remove ads

မှတ်စု

  1. ၂၀၂၃ ခုနှစ်တွင် ပင်းနီဗစ်ဆောနိုင်ငံနှင့် မြန်နိုင်ငံကြား သံတမန်အဆက်အသွယ် ထူထောင်ခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနက Guinea-Bissau ၏ အမည်ကို မြန်မာလို "ဂီနီဘစ်ဆောသမ္မတနိုင်ငံ" ဟု မြန်မာမူ အသုံးပြုထားသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads