ပြည်ထောင်စုတော်လှန်ရေးကောင်စီအဖွဲ့

From Wikipedia, the free encyclopedia

Remove ads

ပြည်ထောင်စုတော်လှန်ရေးကောင်စီအဖွဲ့၊ (အင်္ဂလိပ်: Union Revolutionary Council၊ အတိုကောက် URC) တော်လှန်ရေးကောင်စီ သို့မဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရသည် မြန်မာနိုင်ငံ၏ အမြင့်ဆုံး အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်ပြီး ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဦးနု၏ အရပ်သားအစိုးရထံမှ အာဏာသိမ်းခဲ့ကာ ၁၉၇၄ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ၁၉၇၄ ခုနှစ် မြန်မာ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထုတ်ပြန်ကြေညာချိန်အထိ အုပ်ချုပ်ခဲ့သည်။ ထို့နောက် အုပ်ချုပ်ရေးအာဏာကို တစ်ခုတည်းသော ဥပဒေပြုလွှတ်တော်ဖြစ်သည့် ပြည်သူ့လွှတ်တော်သို့ လွှဲပြောင်းပေးခဲ့သည်။[][]

အချက်တိုများ အတိုကောက်, ဆက်ခံသည့် အဖွဲ့အစည်း ...
Remove ads

တော်လှန်ရေးကောင်စီ၏ ခံယူချက်သည် ၁၉၆၂ ခုနှစ် ဧပြီ ၃၀ ရက်တွင် ချမှတ်ခဲ့သော မြန်မာနိုင်ငံအား ဆိုရှယ်လစ် ဒီမိုကရက်တစ်စနစ် ပြောင်းလဲရန် ရည်ရွယ်သော မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကို အခြေခံသည်။[] ၁၉၆၂ ခုနှစ် ဇူလိုင် ၄ ရက်နေ့တွင် တော်လှန်ရေးကောင်စီသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို တည်ထောင်ခဲ့သည်။[] ၁၉၆၂ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ မဆလသည် တော်လှန်ရေးကောင်စီ၏ အမာခံအဖွဲ့ဝင်များအပါအဝင် အမြုတေအဖွဲ့ဝင်များအား ပါတီဝင်အဖြစ် ပြောင်းလဲခဲ့သည်။[] ပါတီ၏ ပထမအကြိမ် ညီလာခံတွင် ပါတီဝင်ပေါင်း ၃၄၄,၂၂၆ ဦး ရှိခဲ့သည်။[] ၁၉၈၁ ခုနှစ်တွင် မဆလပါတီဝင်ဦးရေမှာ ၁.၅ သန်းအထိ ရှိခဲ့သည်။[]

Remove ads

ဦးဆောင်မှု

ပြည်ထောင်စုတော်လှန်ရေးကောင်စီအဖွဲ့ကို ဥက္ကဋ္ဌဖြစ်သူ ဦးနေဝင်းနှင့် အဖွဲ့ဝင် ၁၆ ဦးမှ ဦးဆောင်သည်။[] တော်လှန်ရေးကောင်စီအဖွဲ့ တည်ထောင်သူ အဖွဲ့ဝင်များအားလုံးသည် တပ်မတော်အရာရှိများ ဖြစ်ကြပြီး ယင်းတို့မှာ[][][][]

  1. ဗိုလ်ချုပ်ကြီး နေဝင်း BC-3502) (‌စစ်ဦးစီးချုပ်)
  2. ဗိုလ်မှူးချုပ် အောင်ကြီး BC-5458 (ဒုတိယစစ်ဦးစီးချုပ်) (ကြည်း)
  3. ဗိုလ်မှူးချုပ် သန်းဖေ (ဒုတိယစစ်ဦးစီးချုပ်) (ရေ) (၁၉၆၂ တွင် ကွယ်လွန်)
  4. ဗိုလ်မှူးချုပ် တော်မီကလစ် (Thomas "Tommy" Cliff) (ဒုတိယစစ်ဦးစီးချုပ်) (လေ) (၁၉၆၄ တွင် နုတ်ထွက်)
  5. ဗိုလ်မှူးချုပ် တင်ဖေ BC-3508 (စစ်ထောက်ချုပ်) (၁၉၇၀ တွင် နုတ်ထွက်)
  6. ဗိုလ်မှူးကြီး သန်းစိန် BC-3574 (Colonel-General Staff)
  7. ဗိုလ်မှူးကြီး ကျော်စိုး (၁၉၇၄ တွင် အငြိမ်းစားယူ) BC-3526 (စစ်ရာထူးခန့်ချုပ်)
  8. ဗိုလ်မှူးကြီး ချစ်မြိုင် (၁၉၆၄ တွင် အနားပေး) BC-3520 (ဒုတိယစစ်ထောက်ချုပ်)
  9. ဗိုလ်မှူးကြီး ခင်ညို (၁၉၆၅ တွင် အနားပေး) BC-3537 (တပ်မတော်လေ့ကျင့်ရေးညွှန်ကြားရေးမှူးချုပ်)
  10. ဗိုလ်မှူးကြီး လှဟန် (ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးချုပ်)
  11. ဗိုလ်မှူးချုပ် စန်းယု BC-3569 (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး)
  12. ဗိုလ်မှူးချုပ် စိန်ဝင်း BC-3525 (အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး)
  13. ဗိုလ်မှူးကြီး သောင်းကြည် BC-3523 (အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး)
  14. ဗိုလ်မှူးကြီး ကြည်မောင် (၁၉၆၃ တွင် ထုတ်ပယ်) BC-3516 (အနောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး)
  15. ဗိုလ်မှူးကြီး မောင်ရွှေ (၁၉၇၂ တွင် နုတ်ထွက်) BC-3575 (အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး)
  16. ဗိုလ်မှူးကြီး စောမြင့် (၁၉၆၄ တွင် ထုတ်ပယ်) BC-3518 (Administrator of Border Regions) (နယ်ခြားဒေသအရာရှိချုပ်)
  17. ဗိုလ်မှူးကြီး တန်ယုဆိုင် (၁၉၆၈ တွင် နုတ်ထွက်) BC-5090 (Vice-Commissioner of General of People's Police) (ဒုတိယရဲမင်းကြီးချုပ်)
Remove ads

ဆက်စပ်ဖတ်ရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads