ဖလမ်းဘာသာစကား
From Wikipedia, the free encyclopedia
Remove ads
ဖလမ်းဘာသာစကား (ဖလမ်းချင်း၊ Baro Halam ဟုလည်း သိကြ) သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံတို့တွင် ပြောဆိုကြသော ကူကီးဘာသာစကားတစ်ခု ဖြစ်သည်။
ဖလမ်ချင်းဘာသာစကားသည် အထူးသဖြင့် ဟားခါး (လိုင်) ကဲ့သို့သော အလယ်ပိုင်းချင်းဘာသာစကားများနှင့် အတော် နီးစပ်သည်။[၃]
ဖလမ်းချင်းများသည် ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြပြီး သမ္မာကျမ်းစာကို ဖလမ်းချင်းဘာသာသို့ ပြန်ဆိုထားပြီး ဖြစ်သည်။
Remove ads
ဒေသိယစကားများ
Ethnologue တွင် အောက်ပါတို့ကို ဖလမ်းချင်းဘာသာစကား၏ ဒေသိယစကားအဖြစ် စာရင်းပြုထားသည်။
- ဇန်ညှပ် (Zahnyiet, Zanniet, Zangiat)
- တိုင်ချွန်း (Shunkla, Sunkhla, Taishon, Tashom, Tashon)
- လိုင်ဇို (Laiso, Laizao, Laizo-Shimhrin)
- ဇာဟောင် (Lyen-Lyem, Yahow, Zahau, Zahau-Shimhrin, Za-How)
- ခွာဆင်းမ် (Khualshim, Kwelshin)
- ဂွေးတဲ (Lente, Gunte, Lyente)
- ဆင်မ် (Sim)
- တပေါင် (Tapong)
- ဟွာလ်ငို (Hualngo)
Ethnologue တွင် ၁၉၈၃ ခုနှစ် စာရင်းများအရ ဖလမ်းချင်းစကားပြောဆိုသူဦးရေမှာ ၉,၀၀၀ (တိုင်ချွန်း)၊ ၁၆,၀၀၀ (ဇန်ညှပ်)၊ ၇,၀၀၀ (ခွာဆင်းမ်)၊ ၄,၀၀၀ (ဂွေးတဲ)၊ ၁၄,၄၀၀ (ဇာဟောင်) နှင့် ၁၈,၆၀၀ (လိုင်ဇို) တို့ ဖြစ်ကြသည်။
Remove ads
စာရေးစနစ်
ဖလမ်းချင်းဘာသာစကားကို ရောမပုံစံ သို့မဟုတ် အင်္ဂလိပ်အက္ခရာများ ဖြင့် ရေးသားသည်။ သို့သော် Q, Y, J နှင့် X တို့ မပါဝင်ပေ။ ဗျည်းအက္ခရာ ṭ (t with dot) နှင့် ng (လည်ချောင်းသံ) နှင့် aw သရများကို အရေးနှင့် အပြော နှစ်မျိုးစလုံးတွင် အသုံးပြုကြသည်။
ဖလမ်းချင်း စာလုံးများ
ဗျည်းများမှာ - b c d f g h j k l m n p r s t ṭ v z တို့ ဖြစ်ပြီး သရများမှာ -
- a – as in amphibious
- aw – as in omega (Long vowel)
- e – as in example
- i – as in interesting
- o – as in son (Short vowel)
- u – as in due
တို့ ဖြစ်သည်။
ဖလမ်းချင်းဘာသာစကားတွင် အပြောအတွက် သရ ငါးမျိုးရှိသော်လည်း အရေးအတွက် သရ ၆ မျိုးဖြစ်သည်။[၄]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads