ဖြူဖြူသင်း

From Wikipedia, the free encyclopedia

ဖြူဖြူသင်း
Remove ads

ဒေါ်ဖြူဖြူသင်း (၂၃ ဒီဇင်ဘာ ၁၉၇၁ မွေးဖွား) သည် မြန်မာ နိုင်ငံရေးသမားနှင့် HIV/AIDS အရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် မင်္ဂလာတောင်ညွန့်မြို့နယ်မှ ၂၀၁၂ ခုနှစ်တွင် ရွေးကောက်တင်မြှောက်ခံရပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတွင် ကိုယ်စားလှယ်အဖြစ်မှ ဖယ်ရှားခံခဲ့ရသည်။[]

အချက်တိုများ ဒေါ်ဖြူဖြူသင်း, ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မင်္ဂလာတောင်ညွန့်မြို့နယ်မှ ...
Remove ads

အစောပိုင်းဘဝနှင့် ပညာရေး

ဒေါ်ဖြူဖြူသင်းကို ၁၉၇၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့၌ မွေးဖွားခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် အခြေခံပညာ အထက်တန်းစာမေးပွဲ အောင်မြင်ခဲ့ပြီး၊ ၁၉၉၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)၌ တက်ရောက် ပညာသင်ကြားခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် သမိုင်းအဓိကဖြင့် ဘွဲ့ရခဲ့သည်။

HIV/AIDS အရေး လှုပ်ရှားမှုများ

၁၉၉၇ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝင်ရောက်ခဲ့ပြီး မြို့နယ်လူငယ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် လူငယ်တာဝန်ခံ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၏ ညွှန်ကြားချက်ဖြင့် လူငယ် ၁၉ ဦး စိစစ်ရွေးချယ်ရာတွင် ပါဝင်ခဲ့ပြီး ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရုံးက ပြုလုပ်သည့် HIV ကာကွယ်တားဆီးရေးနှင့် ပြုစုစောင့်ရှောက်ရေးသင်တန်းကို တက်ရောက်ခဲ့သည်။ ထိုသင်တန်းမှ အစပြုကာ HIV/AIDS ဝေဒနာရှင်များ ကူညီရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့သည်။

မဖြူဖြူသင်းသည် ၂ဝဝ၂ ခုနှစ်မှ စပြီး တောင်ဒဂုံမြို့နယ် ရပ်ကွက် (၁၈) နှင့် (၂၀) ရှိ ကယ်ဆယ်ရေးဂေဟာ ၂ ခုကို ဦးဆောင်တာဝန်ယူခဲ့သူ ဖြစ်သည်။ HIV/AIDS ကူညီရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအတွက် အစဦးပိုင်းတွင် ရောဂါသည်များကို အားပေးမှု အပိုင်းသာ ဆောင်ရွက်နိုင်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် လူနာများကို အေအာဗွီ ဆေးများ တိုက်ကျွေးနိုင်ခဲ့သည်။ ၂၀၁၀ ခုနှစ်အထိ နိုင်ငံတဝန်းက ဝေဒနာရှင်ပေါင်း ၅၀၀၀ ကျော်ကို အခမဲ့ ဆေးဝါးအကူအညီ ပေးနိုင်ခဲ့သည်။[][][][]

၎င်းတို့အဖွဲ့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်များနှင့် စတင် တည်ထောင်ခဲ့သောကြောင့် အာဏာပိုင်များ၏ နှောင့်ယှက်မှုများကို အမြဲလိုလို ကြုံတွေ့ခဲ့ရပြီး၊ ဖမ်းဆီးခံရမှုများပင် ရှိခဲ့သည်။ ထို့အပြင် NGO အဖွဲ့များအနေဖြင့် နိုင်ငံရေးနှင့် မပတ်သက်ရဟု သတိပေး တားမြစ်ထားသောကြောင့် မည်သည့် NGO အဖွဲ့ကမျှ မဖြူဖြူသင်းတို့အဖွဲ့အား မကူညီရဲကြသဖြင့် အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရသည်။[ကိုးကားချက်လိုသည်]

ပြည်သူအကျိုးပြု လူမှုရေးလုပ်ငန်းများကို ကူညီပေးနေသော မဖြူဖြူသင်းအား အာဏာပိုင်များက အကူအညီမပေးသည့်အပြင် နှောင့်ယှက်ဟန့်တားခြင်း၊ အန္တရာယ်ပေးခြင်းများကို ပြုကျင့်ခဲ့သည်။[ကိုးကားချက်လိုသည်] ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ပေါ်ပေါက်ခဲ့ပြီး၊ မဖြူဖြူသင်းသည် အာဏာပိုင်များ အန္တရာယ်မှ ခေတ္တတိမ်းရှောင်နေစဉ် ဖခင်ဖြစ်သူ ဦးလှထွန်း ဆုံးပါးခဲ့ပြီး ဖခင်ကြီး၏ နောက်ဆုံးခရီးကိုပင် လိုက်ပါပို့ဆောင်နိုင်ခြင်း မရှိခဲ့ပေ။

မဖြူဖြူသင်းသည် ၂၀၁၀ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်၊ ပြည်သူ့ဂုဏ်ရည်ဆု နောက်ဆုံး ဆန်ခါတင် ၅ ဦး အမည်စာရင်းတွင် ၂ နှစ်ဆက်တိုက် အဆိုပြုခံခဲ့ရသူ ဖြစ်သည်။[]

Remove ads

နိုင်ငံရေး

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြု၍ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် အမတ် အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။[] ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် မင်္ဂလာတောင်ညွန့်မြို့နယ်မှပင် ထပ်မံ ရွေးကောက်ခံခဲ့ရသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads