နိုင်ငံခြားရေးဝန်ကြီး

From Wikipedia, the free encyclopedia

Remove ads

နိုင်ငံခြားရေးဝန်ကြီး သည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံခြားရေးရာမူဝါဒများနှင့် ဆက်ဆံရေးများအတွက် တာဝန်ယူသည့်ဌာန၏ အကြီးအကဲဝန်ကြီးဖြစ်သည်။ နိုင်ငံတကာစာမျက်နှာတွင် အမြဲမပြတ် ဆက်ဆံရလေ့ရှိပြီး အစိုးရအဖွဲ့တွင် ထိပ်ပိုင်းအဖွဲ့ဝင်ဖြစ်ကာ နိုင်ငံရေးအရ အရေးပါသော ရာထူးတစ်ခုဖြစ်သည်။[]

နိုင်ငံခြား​ရေးမူဝါဒများကို ကိုင်တွယ်သည့် အခြား​သော သာမန်ဝန်ကြီးများလည်းရှိတတ်သည်။ဥပမာ - မြန်မာနိုင်ငံတွင် ၂၀၁၇ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာပူး​ပေါင်း​ဆောင်ရွက်​ရေးဝန်ကြီး ထားရှိခဲ့သည်။ဤဝန်ကြီးသည် နိုင်ငံခြား​ရေးဝန်ကြီး တိုက်ရိုက်ကိုင်တွယ်ခြင်းမရှိသည့် နိုင်ငံခြားကိစ္စရပ်များကို တာဝန်ယူ​လေ့ရှိသည်။[]

Remove ads

အင်္ဂလိပ်အသုံးအနှုန်းများ

နိုင်ငံတကာတွင် များသောအားဖြင့် နိုင်ငံခြားရေးဝန်ကြီးကို Minister of Foreign Affairs (သို့မဟုတ်) Foreign Affairs Minister ဟု သုံးစွဲကြသည်။ အိန္ဒိယနိုင်ငံတွင်မူ နိုင်ငံခြားရေးဝန်ကြီးကို ပြည်ပရေးရာဝန်ကြီး (Minister of External Affairs) ဟု အသုံးပြုသည်။ ဘရာဇီးလ်နှင့် ယခင်ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်များသည် Minister of External Relations ဟုသုံးသည်။ အမေရိကန်ပြည်ထောင်စုတွင် Secretary of State ဟူသော ဝန်ကြီးသည် အစိုးရအဖွဲ့၏ နိုင်ငံခြားရေး လုပ်ငန်းများကို ဆောင်ရွက်သော ဝန်ကြီးဖြစ်သည်။ အချို့နိုင်ငံများတွင် Minister of Foreign Relationsဟု အသုံးပြုကာ လက်တင်အမေရိကနိုင်ငံများတွင် Chencellor ဟု အသုံးပြုသည်။

Remove ads

အခွင့်အာဏာ

နိုင်ငံခြားရေးဝန်ကြီးတစ်ဦး၏ အခွင့်အာဏာသည် နိုင်ငံများအလိုက် ကွဲပြားသည်။ နိုင်ငံခြားရေးဝန်ကြီးသည် နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒများနှင့် ပက်သက်၍ ဩဇာရှိသော်လည်း အားကောင်းသော ဝန်ကြီးချုပ်ပါဝင်ဖွဲ့စည်းသည့် အစိုးရတစ်ရပ်တွင်မူ နိုင်ငံခြားရေးဝန်ကြီးသည် ထိုဝန်ကြီးချုပ်၏ မူဝါဒနောက်တွင်သာ နေရလေ့ရှိပြီး အခွင့်အာဏာကန့်သတ်ထားသည်။ အားကောင်းသော သမ္မတစနစ်များတွင်လည်း ဤအတိုင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် နိုင်ငံခြားရေးဝန်ကြီးများနှင့် ကာကွယ်ရေးဝန်ကြီးများသည် ကာကွယ်ရေးနှင့် သံတမန်နိုင်ငံရေးကို ပေါင်းစပ်ညှိနှိုင်းနိုင်ရန် အလို့ငှာ အမျိုးသားကာကွယ်ရေးကောင်စီများ၏ အဖွဲ့ဝင်များ ဖြစ်လာခဲ့ကြသည်။

အချို့နိုင်ငံများတွင် နိုင်ငံခြားရေးဝန်ကြီးများသည် အစိုးရအဖွဲ့အတွင်း အရေးပါဆုံးသော ဝန်ကြီးဖြစ်သည်။ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးသည် အမေရိကန်ဝန်ကြီးများတွင် အဆင့်အမြင့်ဆုံးဖြစ်ကာ ဝန်ကြီးများတွင် သမ္မတနေရာကို ဆက်ခံနိုင်သည့်နေရာ၌ နံပါတ် (၁)ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဦးသိန်းစိန် အစိုးရအဖွဲ့အတွင်း နိုင်ငံခြားရေးဝန်ကြီးသည် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ တို့ပြီးလျှင် နံပါတ် (၄)နေရာတွင်ရှိခဲ့ကာ[] အရပ်သားဝန်ကြီးများတွင် ထိပ်ဆုံးမှဖြစ်သည်။ဦးထင်ကျော်အစိုးရနှင့် ဦးဝင်းမြင့်အစိုးရ အဖွဲ့များတွင် နိုင်ငံခြားရေးဝန်ကြီးသည် နံပါတ် (၁)နေရာတွင် တည်ရှိခဲ့သည်။၂၀၂၁ခုနှစ်နောက်ပိုင်းတွင် အဆင့်(၄)နေရာတွင် တည်ရှိသည်။

Remove ads

နိုင်ငံခြားရေးဝန်ကြီးများစာရင်း

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads