မောင်မောင်ကျော်
ကာကွယ်ရေးဦးစီးချုပ် (လေ) အငြိမ်းစား From Wikipedia, the free encyclopedia
Remove ads
ဗိုလ်ချုပ်ကြီး (ငြိမ်း) ဇေယျကျော်ထင် မောင်မောင်ကျော် (၂၃ ဇူလိုင် ၁၉၆၄)[၁] သည် မြန်မာ့တပ်မတော်(လေ)၏ ကာကွယ်ရေးဦးစီးချုပ်(လေ) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သက်ပြည့် အငြိမ်းစားယူသွားသည့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၏ နေရာတွင် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်အား တပ်မတော် (လေ)၏ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်ခန့်အပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။[၂] ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အဆိုပါ ရာထူးတာဝန်မှ လုပ်သက်ပြည့်၍ အငြိမ်းစားယူခဲ့သည်။[၃][၄]
Remove ads
ပုဂ္ဂိုလ်ရေးဘဝ
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် သည် ယခင်က စစ်ဦးစီးအရာရှိချုပ်(လေ) ရာထူးနေရာ၌ ဗိုလ်ချုပ် အဆင့်ဖြင့် ထမ်းဆောင်ခဲ့သည်။[၅] ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၏ ဖခင်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး သူရကျော်ထင် ဖြစ်သည်။[၅]
သူ၏ ဇနီးဖြစ်သူ အမည်မှာ ဒေါ်အောင်မာမြင့် ဖြစ်ပြီး ၎င်းတို့ဇနီးမောင်နှံနှစ်ဦးသည် ဟိန်းထက် နှင့် ကောင်းထက် အမည်ရှိသော သား (၂) ဦး ထွန်းကားခဲ့သည်။[၆] ဟိန်းထက် (ခေါ်) Ivan Htet သည် ပါရာမောင့်အီးဗန့်စ်မြန်မာကုမ္ပဏီလီမိတက် (Paramount Events Myanmar Company Ltd) နှင့် စင်္ကာစစ်စတန်ကုမ္ပဏီလီမိတက် (Singa Systems Company Limited) တွင် ဒါရိုက်တာတစ်ဦးဖြစ်သည်။[၇][၆]
Remove ads
စစ်ဖက်ဆိုင်ရာ တာဝန်ထမ်းဆောင်ခြင်း
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်သည် စစ်တက္ကသိုလ် အပတ်စဉ် (၂၆) ဆင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် မြိတ်လေတပ်စခန်း ဌာနချုပ်မှူး၊ ၂၀၁၅ ခုနှစ်တွင် စစ်ဦးစီး အရာရှိချုပ် (လေ)နှင့် ၂၀၁၈ ခုနှစ်တွင် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဖြစ်လာခဲ့သည်။[၃] ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှ စတင်ထမ်းဆောင်ခဲ့သည်။[၈]
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ပြင်ဆင်ဖွဲ့စည်းလိုက်ရာ ကောင်စီဝင် အဖြစ် ပါဝင်ခြင်း မရှိတော့ဘဲ၊ ရာထူးတာဝန် အသီးအသီးမှ အနားပေးခံရသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads