ခင်အောင်မြင့် (ဗိုလ်ချုပ်ကြီး)
From Wikipedia, the free encyclopedia
Remove ads
ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် (၁၉၅၈ ဖွား) သည် မြန််မာနိုင်ငံ၏ ၁၃ဦးမြောက် ကာကွယ်ရေးဦးစီးချုပ် (လေ)နှင့် ၄ဦးမြောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဖြစ်သည်။လက်ရှိတွင် တပ်မတော် ၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုအဖြစ်ရပ်တည်နေသော မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်လျှက်ရှိသည်။
Remove ads
စစ်ဘက်တာဝန်ထမ်းဆောင်ခြင်း
သူသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဥ် (၁၉) ဆင်း တစ်ဦးဖြစ်သည်။ပြန်တမ်းဝင်အမှတ် လေ ၁၇၅၄ ဖြင့် တပ်မတော်(လေ) တွင် စတင်တာဝန်ထမ်းဆောင်သည်။တာဝန်များ အဆင့်ဆင့်ထမ်းဆောင်ပြီးနောက် ၂၀၁၀ပြည့်နှစ် နောက်ပိုင်းတွင် ဗိုလ်ချုပ်ရာထူးဖြင့် စစ်ဦးစီး အရာရှိချုပ် (လေ) ဖြစ််လာသည်။ယင်းနောက် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း ရာထူးမှ နှုတ်ထွက်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ ၏ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဝန်ကြီးအဖြစ်သို့ ပြောင်းရွေ့သွားသည့်အခါ သူသည် ထိုနေရာကို ဆက်ခံသည်။[၂][၃] တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ အထူးယုံကြည််စိတ််ချရသူတစ်ဦးအဖြစ်လည်း ထင်ရှားခဲ့သည်။ထို့ကြောင့်သာပင် တပ်မတော် (ကြည်း) ထိပ်တန်းစစ်ဘက်အရာရှိကြီးများသာ တာဝန်ယူရလေ့ရှိသော ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ရာထူးကိုပါ သူသည် ပူးတွဲထမ်းဆောင်ခွင့်ရခဲ့သည်။[၄] ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက် တွင် သက်ပြည့်ပင်စင််ဖြင့် တပ်မတော် မှ အငြိမ်းစားယူသည်။[၅]
Remove ads
၂၀၂၁ နောက်ပိုင်းကာလ
၂၀၂၅ ခုနှစ် ဧပြီ ၃၀ ရက်တွင် ကျင်းပသည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂၀၂၅) တွင် ယင်းအဖွဲ့၏ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တာဝန်ပေးခံရသည်။[၆][၇]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads