မောတောင်မြို့
From Wikipedia, the free encyclopedia
Remove ads
မောတောင်မြို့ (အင်္ဂလိပ်: Mawdaung) သည် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ မြို့ဖြစ်သည်။တနင်္သာရီတိုင်းအတွင်း အရှေ့ဘက်အကျဆုံး နယ်စပ်မြို့ဖြစ်သည်။ ယခင်က ကျေးရွာတစ်ခုဖြစ်ပြီး နောက်ပိုင်းတွင် နယ်စပ်မြို့အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။ ကျေးရွာအဆင့်ကတည်းကပင် နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ထားရှိသည်။ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်-ကော့သောင်းလမ်းမကြီးမှ ခွဲထွက်၍ တနင်္သာရီတောင်တန်းကို ဖြတ်ကျော်ကာ ကားလမ်းဖောက်လုပ်ထားသည်။
Remove ads
ပထဝီဝင်အနေအထား
တည်နေရာနှင့် အကျယ်အဝန်း
မောတောင်မြို့သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် တည်ရှိသည်။ မြန်မာနိုင်ငံအောက်ပိုင်းတွင် အရှေ့ဘက်အကျဆုံးမြို့ဖြစ်သည်။မြိတ်မြို့၏ အရှေ့ဘက် ၁၁၈မိုင် အကွာတွင် တည်ရှိသည်။ ဧရိယာစတုရန်းမိုင် ၂.၉၉ ကျယ်ဝန်းသည်။
နယ်နိမိတ်
မောတောင်မြို့၏ အရှေ့ဘက်တွင် ထိုင်းနိုင်ငံမှ ဆင်ခွန်းရွာ တည်ရှိသည်။ ထိုရွာသည် အမှတ် (၂) အာရှအဝေးပြေးလမ်းမကြီး၏ ထိုင်းနိုင်ငံအပိုင်းနှင့် (၁၅)မိုင်မျှသာဝေးသည်။
Remove ads
စီးပွားရေး
မောတောင်တွင် နယ်စပ်ကုန်သွယ်ရေးစခန်းရှိသော်လည်း တနင်္သာရီတောင်တန်းရှိ တိုင်းရင်းသားလက်နက်ကိုင်လှုပ်ရှားမှုများကြောင့် ပိတ်ထားခဲ့ရသည်များရှိသည်။[၂]မြိတ်-တနင်္သာရီ ဒေသများမှ ပို့ကုန်များကို ထိုင်းနိုင်ငံသို့ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှတင်ပို့ရာ မြိတ်မြို့မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ရေမိုင် ( ၂၇၆)မိုင်ကို ၂၄နာရီကြာသွားရသည်။ ထိုမှနေ၍ ထိုင်းနိုင်ငံ၏ အကြီးဆုံးငါးဈေးကွက်ဖြစ်သော မဟာချိုင်သို့ တင်ပို့ရာ စုစုပေါင်း မြိတ်မှ မဟာချိုင်သို့ ၃၁ နာရီခန့်ကြာမြင့်သည်။ မြိတ်-မောတောင်-ဆင်ခွန်းမှ တင်ပို့ပါက အချိန် (၇)နာရီခန့်သာ ကြာမြင့်သဖြင့် မောတောင်မြို့မှာ စီးပွားရေးအရ အရေးပါသည်။[၃][၄][၅]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads