မောင်တောမြို့

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ မြို့ From Wikipedia, the free encyclopedia

Remove ads

မောင်တောမြို့ ( Mayu Tek - Tatchaung) သည် မြန်မာနိုင်ငံ အနောက်ဘက်အစွန် ရခိုင်ပြည်နယ်တွင် တည်ရှိသော မြို့ဖြစ်၍ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့်ရှ်နိုင်ငံ နယ်စပ်တွင်ဖြစ်သည်။ နတ်မြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။ လူဝင်လူထွက် စစ်ဆေးရာတွင် အရေးပါ အရာရောက်သော ဆိပ်ကမ်း ဖြစ်၏။ ဒုတိယ ကမ္ဘာစစ်အတွင်းက အရေးပါသော စခန်းတစ်ခု ဖြစ်ခဲ့သည်။

အချက်တိုများ မောင်တောမြို့, နိုင်ငံအမည် ...
Remove ads

သမိုင်းအကျဉ်း

မောင်တော ( တက်‌ချောင်း - မယူတက်)

"မောင်တော" အမည်သည် "ဗိုလ်မောင်တော တပ်စွဲထားခြင်း" ကို အစွဲပြု၍ ပေါ်ပေါက်လာသည်ဆိုသော ရခိုင်သမိုင်းပညာရှင်များ၏ လိမ်လည်ဖန်တီးမှု သမိုင်းဇာတ်လမ်းဖြစ်နိုင်သည်ဟု ဆိုပါသည်။ အမည်၏ မူလအရင်းအမြစ်အဖြစ်  "မေယုတက်" (Mayu Tek) သို့မဟုတ် "မိုရ်တက်" (More Tek) ကဲ့သို့သော စကားလုံးများမှ ပြောင်းလဲလာကာ မေယုတက်→ မယူတက် → မူတက် → မောင်တက် → မောင်တော အဆင့်ဆင့် ဖြစ်လာနိုင်သည်ဟု ယူဆကြပါသည်။ ‌မောင်တော ကို နာဖ်ခါရီ၊ မာဟာရီ ဖြင့်လည်း ‌ခေါ်ဆိုခဲ့ကြောင်း အထောက်ထားရှိပါသည်။ မာဟာရီ နာမည် နဲ့ မောင်တောနာရီဆောင် ရဲ့ အရှေ့တောင် ဘက် ကျတဲ့ ရပ်ကွက်တစ်ခု ယနေ့ထိ ရိုဟင်ဂျာ တွေ ခေါ်နေဆဲဖြစ်ပါသည်။


"မေယုတက်" (Mayu Tek) ဆိုသည့်အသုံးအနှုန်းမှာ  ရိုဟင်ဂျာလူမျိုးစု၏ ဒေသိယစကား ဖြစ်နိုင်ပြီး၊ ဘိသိသျှကိုလိုနီခေတ် မှတ်တမ်းများ (ဥပမာ - "တက်ချောင်း" Tetchaung) တွင်လည်း "တက်" (Tek) ဟူသော စကားလုံးကို အသုံးပြုထားသည်ကို တွေ့ရပါသည်။ နတ်မြစ် (Naf River) ၏ တစ်ဖက်ကမ်းရှိ "တက်နတ်" (Tek Naf) နှင့် နှိုင်းယှဉ်လျှင်၊ အာရကန်ဘက်ကမ်းတွင် "မေယုတက်" (Mayu Tek) ဟု ရည်ညွှန်းခဲ့ဟန်ရှိပါသည်။  

"မေယု" (Mayu) ဟူသော စကားလုံးသည် မေယုတောင်တန်းလမ်း၊ မောင်တောဘူးသီးတောင်လမ်း (Mayu Hill Track) မှ ဆင်းသက်လာခြင်းဖြစ်ပြီး၊ ဤအမည်များနှင့် ပတ်သက်၍ ရခိုင်သမိုင်းပညာရှင်များ၏ ရည်ရွယ်ချက်ပါသော သမိုင်းပြုပြင်မှုများ ပါဝင်နေကြောင်း ဝေဖန်သူများက မီးမောင်းထိုးပြောဆိုလျက်ရှိပါသည်။

မြို့ပေါ်ဧရိယာ ၁.၈၇ စတုရန်းမိုင် (၄.၈ စတုရန်း ကီလိုမီတာ) ရှိသည်။[] မြို့ပေါ်လူဦးရေမှာ ၃၄၀၂၄-ဖြစ်ပြီး မြို့နယ်တစ်ခုလုံး၏ လူဦးရေမှာ ၅.၂ သိန်းကျော် ရှိသည်။ ရခိုင်ပြည်နယ် တစ်ခုလုံးတွင် လူဦးရေ အထူထပ်ဆုံး မြို့နယ်တစ်ခု ဖြစ်ကာ ရိုဟင်ဂျာအများစု နေထိုင်သည်။ ရခိုင်ပြည်နယ်တွင် လူဦးရေတိုးပွားမှု အမြင့်ဆုံးဒေသ ဖြစ်သည်။ မြို့ပေါ် သောက်သုံးရေအတွက် မြို့အရှေ့ဘက် သုံးမိုင်တွင် တောင်ကြောတစ်ဖက်ပိတ် ဆည် ရှိသည်။[]

လွတ်လပ်ရေးရပြီးနောက် မောင်တောမြို့သည် စစ်တွေခရိုင်တွင် ပါဝင်ခဲ့ပြီး ၁၉၆၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၁၉၆၄ ခုနှစ်အထိ မေယုနယ်ခြားခရိုင်တွင် ပါဝင်ခဲ့သည်။[]

Remove ads

တည်နေရာနှင့် အကျယ်အဝန်း

မောင်တောမြို့နယ်သည် မြန်မာနိုင်ငံ၏ အနောက်ပိုင်းတွင်တည်ရှိတည်ရှိပြီး မောင်တောခရိုင်၏ ရုံးစိုက်ရာမြို့လည်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် မိုင်ပေါင်း (၁၆၈)မိုင် ထိစပ်နေသော နယ်စပ်မြို့ဖြစ်သည်။ နတ်မြစ်မြစ်သည် မြောက်မှတောင်သို့ နယ်ခြားမြစ် အဖြစ်စီးဆင်းလျက်ရှိသည်။ အရှေ့လောင်ဂျီတွဒ် ၉၂ံ ၂၂'၀" မှ မြောက်လတ္တီတွဒ် ၂ဝံ ၄၉' ၀" အကြား တည်ရှိသည်။ မောင်တောမြို့၏ အရှေ့ဘက်တွင် ဘူးသီးတောင်မြို့၊ တောင်ဘက်တွင် ရသေ့တောင်မြို့ နှင့် ဘင်္ဂလားပင်လယ်အော်၊ အနောက်ဘက်တွင် နတ်မြစ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ရှိကြသည်။ ဧရိယာစတုရန်းမိုင်ပေါင်း(၅၈၂.၉၂)မိုင် ကျယ်ဝန်းသည်။ အရှေ့အနောက် (၈.၁၄)မိုင်ကျယ်ပြန့်ပြီး တောင်မြောက် (၇၂)မိုင်ရှည်လျားသည်။ ၂၀၀၈ခုနှစ်တွင် လူဦးရေ လေးသိန်းနီးပါး ရှိနေပြီ ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်ထက် ပျမ်းမျှ (၁၀)ပေခန့် မြင့်သည်။ မောင်တောမြို့တွင် ရခိုင်ဒိုင်းနက်မြိုသက်မရမာကြီးကမန်ဗမာချင်းနှင့် ရိုဟင်ဂျာလူမျိုးများနေထိုင်လျက်ရှိသည်။ [] [] []

Remove ads

မြို့ပေါ်ရပ်ကွက်များ

  1. မြို့မအရှေ့ရပ်ကွက်
  2. မြို့မအနောက်ရပ်ကွက်
  3. မြို့မတောင်ရပ်ကွက်
  4. မြို့မမြောက်ရပ်ကွက်
  5. ရွာသစ်ကေရပ်ကွက်

ရာသီဥတု

မောင်တောမြို့သည် ကမ်းရိုးတန်းဒေသဖြစ်သောကြောင့် မုတ်သုံရာသီဥတုမျိုးရှိသည်။ ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အပူဆုံးလမှာ မေလဖြစ်ပြီး အအေးဆုံးလမှာ ဇန်နဝါရီလဖြစ်သည်။ တစ်နှစ်လျှင် မိုးရေချိန် ၁၇၃ လက်မခန့်ရွာသည်။

လမ်းပန်းဆက်သွယ်ရေး

  • ၁ မောင်တော-ဘူးသီးတောင်လမ်း

မောင်တောမြို့ မှ ဘူးသီးတောင်မြို့ သို့ (၁၆)မိုင်ကွာဝေးပြီး ရာသီမရွေးသွားလာနိုင်သည်။ ဘူးသီးတောင်မြို့ မှတဆင့် စစ်တွေမြို့သို့ သင်္ဘော၊ အမြန်လျှပ်ပြေးရေယာဉ်ဖြင့် သွားလာနိုင်သည်။ မောင်တောမြို့ မှ စစ်တွေမြို့ သို့ (၉၆)မိုင်ကွာဝေးသည်။

  • ၂ မောင်တော-အလယ်သံကျော်-အငူမော်လမ်း

မောင်တော မှ အလယ်သံကျော်သို့ (၁၂)မိုင် (၆)ဖာလုံရှိပြီး ရာသီမရွေးသွားလာနိုင်သည်။ အလယ်သံကျော် မှ အငူမော်သို့ (၄၉)မိုင် (၂)ဖာလုံရှိပြီး မြေသားလမ်းဖြစ်သည်။ အငူမော်မှာ စစ်တွေမြို့၏တစ်ဖက်ကမ်း မေယုမြစ်၀တွင်ရှိသည်။ စစ်တွေ မှ အငူမော်သို့ ကူးတို့မော်တော်ငယ်များဖြင့် သွားလာနိုင်သည်။

  • ၃ မောင်တော-ကြိမ်ချောင်း-အောင်သပြေလမ်း

မောင်တော မှ ကြိမ်ချောင်း သို့ (၂၀)မိုင် (၃)ဖာလုံရှိပြီး ရာသီမရွေးသွားလာနိုင်သည်။ ကြိမ်ချောင်း မှ အောင်သပြေသို့ (၂၃)မိုင် (၅)ဖာလုံရှိသည့် မြေသားလမ်းဖြစ်သည်။

  • ၄ မောင်တော-ကြိမ်ချောင်း-တောင်ပြိုလမ်း

မောင်တော မှ ကြိမ်ချောင်း၊ ကြိမ်ချောင်း မှ တောင်ပြိုလက်ဝဲမြို့သို့ (၂၀)မိုင် (၅)ဖာလုံ ရှိသည်။

မြို့တွင်းအဓိကလမ်းများမှာ လမ်းမကြီး(မင်းဗာကြီးလမ်း)၊ ဦးဥတ္တမလမ်း တို့ဖြစ်သည်။

Remove ads

ဒေသထွက်ကုန်များနှင့်စီးပွားရေး

မောင်တောမြို့သည် နယ်စပ်မြို့ဖြစ်သည်နှင့်အမျှ တစ်ဘက်နိုင်ငံနှင့် ကုန်သွယ်ရောင်းဝယ်မှု စည်ကားသောမြို့ဖြစ်သည်။ မြို့နယ်လူများမှာ စိုက်ပျိုးရေးလုပ်ငန်း၊ကုန်သည်ပွဲစားလုပ်ငန်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် ရေငံပုစွန်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ဒေသထွက်ကုန်များမှာ ငါး၊ငါးပိ ငါးခြောက်၊ စပါး၊ သီဟိုသရက်၊ သရက်၊ တညင်း၊ ရော်ဘာ၊ ငရုတ်၊ ငရုတ်ကောင်း၊ ကျွန်းသစ်၊ ရော်ဘာ၊ မဟော်ဂနီ၊ ပျဉ်းကတိုးနှင့် သစ်အမျိုးမျိုးတို့ ဖြစ်သည်။ ဒေသထွက်ကုန်များကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် မြန်မာနိုင်ငံအနှံ တင်ပို့ရောင်းချသည်။

Remove ads

ထင်ရှားသောနေရာများ

  • မဟာကျန်ဘုရား (မြို့မကျောင်းတိုက်)
  • နန်းဦးဘုရား (မြို့ဦးကျောင်းတိုက်)
  • မြို့မဗလီဝတ်ပြုကျောင်းတော်ကြီး
  • မဟာဗန္ဓုလပန်းခြံ
  • မြို့ဦးရွှေစည်းခုံစေတီတော်
  • မောင်တောကုန်သွယ်ရေးစခန်း
  • အလယ်သံကျော်ကမ်းခြေ

ပြင်ပလင့်များ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads