မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ

From Wikipedia, the free encyclopedia

Remove ads

မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (အင်္ဂလိပ်: Myanmar People's Democratic Party; အတိုကောက် MPD) သည် ၂၀၁၇ ခုနှစ်တွင် စတင်ပေါ်ပေါက်လာသော မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[]

အချက်တိုများ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ, အင်္ဂလိပ် အမည် ...

ပါတီဥက္ကဋ္ဌမှာ ဦးဌေးကျော် ဖြစ်သည်။​

Remove ads

သမိုင်းကြောင်း

မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီကို ၂၀၁၇ ခုနှစ် မေလ ၁၈ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့သည်။[]

၂၀၂၁ အာဏာသိမ်းမှုအပေါ် "အမျိုးသားနိုင်ငံရေး လုပ်ငန်းစဉ် ကတိကဝတ်များကို အကောင်အထည်ဖော်ဆောင်ရွက်မည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကြိဆိုထောက်ခံပါကြောင်း" ဟု ပါတီကြေညာချက် ၅/၂၀၂၁ ဖြင့် ထုတ်ပြန်ခဲ့သည်။ []

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့တွင် နိုင်ငံရေးပါတီများအနေဖြင့် အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၂) ဖြင့် ခွင့်ပြုခဲ့သည်။[]

Remove ads

ပါတီရုံးချုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့၊ ရန်ကုန် - ပဲခူးလမ်းမကြီး၊ အမှတ်(၈၃) တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads