မြိုင်မြို့
မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီးရှိ မြို့ From Wikipedia, the free encyclopedia
Remove ads
မြိုင်မြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် အညာဒေသ၊ ပခုက္ကူမြို့၏ အနောက်မြောက်ဘက် ၂၅ မိုင် အကွာတွင် တည်ရှိပြီး မြို့နယ်ရုံးစိုက်မြို့ဖြစ်သည်။
Remove ads
တည်နေရာ
မြိုင်မြို့နယ်သည် မြောက်ဘက်တွင် ပုလဲမြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ အနောက်ဘက်တွင် ပေါက်မြို့နယ်၊ အရှေ့ဘက်တွင် ရေစကြိုမြို့နယ်များနှင့် နယ်နိမိတ်ထိစပ်လျက်ရှိပြီး အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၀ မိနစ် နှင့် ၉၅ ဒီဂရီ ၃၀ မိနစ်၊ မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၂၅ မိနစ် နှင့် ၂၁ ဒီဂရီ ၅၅ မိနစ်အတွင်း၊ ပင်လယ်ရေမျက်နှာပြင်အထက် ၈၈၆ ပေတွင် တည်ရှိပြီး အကျယ်အဝန်းဧရိယာ ၅၀၂၈၂၅ ဧက၊ စတုရန်းမိုင်ပေါင်း ၇၈၅.၆၆၁ မိုင်ကျယ်ဝန်းသည်။ ရပ်ကွက် ၃ ခု၊ ကျေးရွာအုပ်စု ၈၄ ခု၊ ကျေးရွာပေါင်း ၃၃၁ တို့ ဖြင့်ဖွဲ့စည်းထားသော မြို့နယ်ဖြစ်ပြီး အိမ်ခြေ ၄၂၉၅၃၊ အိမ်ထောင်စုပေါင်း ၄၃၁၃၀ စု၊ လူဦးရေ ၂၆၀၀၀၀ ဝန်းကျင်ခန့် နေထိုင်သော မြို့နယ်ဖြစ်သည်။
Remove ads
ထင်ရှားကျော်ကြားမှုများ
စေတီပုထိုးများ
- ရွှေမြင်းတင်မုဋ္ဌောဘုရား
- ရွှေကူမုဋ္ဌောဘုရား
- ချောက်တောင်းမုဋ္ဌောဘုရား
- ဗဟင်းမုဋ္ဌောဘုရား
- ဖျသီးမုဋ္ဌောဘုရား
- ရှင်မတောင်မုဋ္ဌောဘုရား
ဆရာတော်ကြီးများ
- ကြည့်ကန်ရှင်ကြီး
- ပထမကျော်အောင်စံထားဆရာတော်
- တိလောကဂုရုဆရာတော်
- ပထမ ဗားကရာဆရာတော်
- ဒုတိယ ဗားကရာဆရာတော်
- ဘဒ္ဒန္တနေမိနန္ဒ (ဒုတိယမြောက် တိပိဋကဓရဆရာတော်)
- ဘဒ္ဒန္တသုန္ဒရ (ဒဿမမြောက် တိပိဋကဓရဆရာတော်)
- အရှင်စက္ကိန္ဒ (တိပိဋကဓရဆရာတော်)
လူပုဂ္ဂိုလ်များ
- မြသန်းတင့် (စာရေးဆရာ)
- နွဲ့နွဲ့စန်း (ဇာတ်သဘင်၊ရုပ်ရှင်သရုပ်ဆောင်)
- မန္တလေးသိန်းဇော် (ဇာတ်သဘင်၊အဆိုတော်၊ကဗျာဆရာ(ကေဇော်))
- အောင်လင်း (စာရေးဆရာ)
Remove ads
ဒေသထွက်စိုက်ပျိုးရေးထွက်ကုန်များ
မြိုင်မြို့နယ်မှ အဓိက စိုက်ပျိုးရေး ထွက်ကုန်မှာ သနပ်ခါး၊ ဝါ၊ မြေပဲ၊ နှမ်း၊ ပြောင်း၊ ပဲအမျိုးမျိုးတို့ဖြစ်သည်။ ဓား၊တံစဉ် တို့ အဓိကထွက်သည့် ပန်းပဲလုပ်ငန်း မြေအိုးလုပ်ငန်း လုပ်ကိုင်သည့်မြို့နယ်လည်းဖြစ်ပြီး ယက္ကန်းလုပ်ငန်း ထွန်းကားကာ ချည်စောင်(ဝါဒစောင်)၊ ချည်ပုဆိုး၊ တံဘက်များ ယက်လုပ်ကြသည်။ ရေနံလက်ယက်တွင်းတိမ်များမှရေနံစိမ်းထွက်ပါသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads