ဆတ်ခလောက်မျိုးစု

From Wikipedia, the free encyclopedia

ဆတ်ခလောက်မျိုးစု
Remove ads

ဆတ်ခလောက် (အင်္ဂလိပ်: Marten) မျိုးစိတ် အမျိုးမျိုးကို ဥရောပတိုက်အာရှတိုက်နှင့် မြောက်အမေရိကတိုက်တို့တွင် တွေ့နိုင်သည်။ ယင်းတို့သည် မြွေပါမြီးတို မျိုးရင်းဝင်ဖြစ်သည်။ နေရပ်ဒေသကို လိုက်၍ ပါဏဗေဒအလိုအားဖြင့် မာတီးအမေရိကာနာ၊ မာတီး ပင်နန်တီ၊ မာတီးဖွိုင်န စသည်ဖြင့် အမျိုးမျိုး ခေါ်တွင်လေ သည်။ သေးသွယ်၍ ရှည်လျားသော ကိုယ်နှင့်တိုသည့် ခြေ ထောက်များရှိသည်။ အရွယ်မှာ ၁၇ လက်မမှ လက်မ ၄ဝ ထိ ရှိတတ်သည်။ ဆတ်ခလောက်များသည် များသောအားဖြင့် သစ် ခေါင်းများတွင် နေလေ့ရှိသော်လည်း၊ တစ်ခါတစ်ရံ ကျောက် တွင်းများလည်း နေလေ့ရှိသည်။ သစ်ပင်တက် အလွန် ကျွမ်းကျင်၍ ရှဉ့်များကဲ့သို့ပင် တစ်ပင်မှ တစ်ပင်သို့ ခုန်ကူးနိုင်သည်။

အချက်တိုများ မျိုးရိုးခွဲခြားခြင်း, အမျိုးအစား မျိုးစိတ် ...

ဆတ်ခလောက်များသည် ယုန်၊ ရှဉ့်၊ ခါနှင့်အခြားငှက်များ၊ ကြွက်နှင့် အခွံမာသီးများကို စားသောက်သည်။ တစ်မြုံလျှင် ခြောက်ကောင်မှ ရှစ်ကောင်အထိ ရှိတတ်သဖြင့် အပွား မြန်သည်။ ဆတ်ခလောက်များ၏ သားမွေးသည် လူကြိုက်များသောပစ္စည်း ဖြစ်၍ တန်ဖိုးကြီးသည်။ အထူးသဖြင့် ကမ္ဘာ့မြောက်ဘက်စွန်း အနီးတွင် နေထိုင်သည့် ဆတ်ခလောက်များ၏သားမွေးများကို ပို၍ ကြိုက်နှစ်သက်ကြသည်။ ဆောင်းတွင်း၌ ဖမ်းယူရရှိသော မြွေပါ ကြီးများ၏ သားမွေးသည် ပို၍ တန်ဖိုးကြီး၏။ ထိုသို့ ဖြစ်ရ သည်မှာ ထိုအချိန်၌ သားမွေးသည် ပို၍ အမွေးထူပြီးလျှင် ပို၍ ရှည်သောကြောင့် ဖြစ်သည်။ ထိုသားမွေးများဖြင့် အနွေးထည် များကို ချုပ်ယူကြသည်။ ထိုသားမွေးဖြင့် လုပ်ယူသည့် ပန်းချီစုတ်တံများသည်လည်း လွန်စွာကောင်းမွန်သည်ကို တွေ့ရသည်။ ဆတ်ခလောက်များကို ထောင်ချောက်များဖြင့် ဖမ်းယူလေ့ရှိကြသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads