ရာချာထေဝီမြို့နယ်
From Wikipedia, the free encyclopedia
Remove ads
ရာချာထေဝီမြို့နယ် (Khet Ratchathewi) သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ မြို့လယ်ခေါင်တွင် တည်ရှိသော မြို့နယ် (ထိုင်းအခေါ် - ခေတ်) တစ်ခု ဖြစ်သည်။ ၎င်း၏ မြောက်ဘက်မှစတင်၍ နာရီလက်တံအတိုင်း ပတ်လည်ရှိ အိမ်နီးချင်းမြို့နယ်များမှာ ဖယားထိုင်း၊ ဒင်းဒန်၊ ဟွေခွါန်၊ ဝတ်ထနာ၊ ပထုမ်ဝန် နှင့် ဒူဆစ်တို့ ဖြစ်ပါသည်။
မြန်မာနိုင်ငံသား ခရီးသွားဧည့်သည်များအကြား ထင်ရှားကျော်ကြားသည့် ပတူနမ်ဈေးနှင့် ပလတ်တီနမ် ကုန်တိုက်ကြီးတို့သည် ရာချာထေဝီမြို့နယ်အတွင်း၌ တည်ရှိပါသည်။
မြို့နယ်၏ ပါဠိဘာသာအမည်မှာ ရာဇဒေဝီ (Rajadevi) ဖြစ်ပြီး၊ ထိုင်းဘာသာစကားဖြင့် အသံထွက်ရာတွင် ရာချာထေဝီ (Ratchathewi) ဟု ခေါ်ဆိုပါသည်။
Remove ads
သမိုင်း

ရာချာထေဝီမြို့နယ်သည် ၁၉၆၆ ခုနှစ်မတိုင်မီက ဒူဆစ်မြို့နယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပြီး၊ ၁၉၆၆ ခုနှစ်တွင် ဖယာထိုင်းမြို့နယ်အဖြစ် သတ်မှတ်လိုက်သောအခါ ၁၉၆၆ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ဖယာထိုင်းမြို့နယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ ထိုမြို့နယ်၏အမည်သည် ဖေ့ချဘူရီလမ်းနှင့် ဖယာထိုင်းလမ်းတို့ ဆုံရာ ရာချာထေဝီလမ်းဆုံမှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။
မူလအစက အမည်နာမသည် ကျူလာလောင်ကွန်းဘုရင်၏ ကြင်ယာတော်တစ်ဦးဖြစ်သူ ဖုရားနန်းစော ဆုခုမာလမာရသီရိ ဖုရားရာဇဒေဝီကို အစွဲပြု မှည့်ခေါ်ထားခြင်း ဖြစ်သည်။ 'ဖုရားရာဇဒေဝီ' (Phra Rajadevi) ဟုလည်း စာလုံးပေါင်းသည်) သည် တော်ဝင်ကြင်ယာတော်များအတွက် တော်ဝင်အဆင့်ရာထူးတစ်ခု ဖြစ်ပါသည်။
Remove ads
အုပ်ချုပ်ရေး
![]() |
မြို့နယ်ကို ရပ်ကွက် လေးခုဖြင့် ဖွဲ့စည်းထားသည်။
၁။ | Thung Phaya Thai | ทุ่งพญาไท | ထုံဖယာထိုင်း |
၂။ | Thanon Phaya Thai | ถนนพญาไท | ထနွန်ဖယာထိုင်း |
၃။ | Thanon Phetchaburi | ถนนเพชรบุรี | ထနွန်ဖတ်ချာဘူရီ |
၄။ | Makkasan | มักกะสัน | မက္ကာဆန် |
အထင်ကရနေရာများ

အောင်ပွဲခံကျောက်တိုင်
ပြင်သစ်-ထိုင်းစစ်ပွဲတွင် ကျဆုံးခဲ့သည့် စစ်သည် ၅၉ ဦးကို ဂုဏ်ပြုသောအားဖြင့် ဝန်ကြီးချုပ် ပလပ် ဖိဘွန်ဆွန်ခရမ်က အောင်ပွဲခံကျောက်တိုင်ကြီးကို တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းကို ၁၉၄၂ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ ကျောက်တိုင်၏ ပုံသဏ္ဌာန်မှာ အောက်ခြေပတ်လည်တွင် တပ်မတော်၊ ရေတပ်၊ လေတပ်၊ ရဲတပ်ဖွဲ့နှင့် အရပ်ဘက်ဝန်ထမ်းများကို ကိုယ်စားပြုသော လှံစွပ်ငါးချောင်းဖြင့် တည်ဆောက်ထားသည့် ရုပ်တုပုံစံဖြစ်သည်။ ကျောက်တိုင်၏ အောက်ဘက်တွင် ဒုတိယကမ္ဘာစစ်နှင့် ကိုရီးယားစစ်ပွဲများအပါအဝင် စစ်ပွဲအသီးသီးတွင် ကျဆုံးခဲ့သူ စုစုပေါင်း ၈၀၉ ဦး၏ အမည်များကို ရေးထိုးထားသည်။
အောင်ပွဲခံကျောက်တိုင်ကြီး အနီးတွင် ဘီတီအက်စ် မိုးပျံရထားဘူတာတစ်ခု ရှိပါသည်။ ဤနေရာသည် မူလက အဓိကကျသည့် ဘတ်စ်ကားအချက်အချာနေရာတစ်ခု ဖြစ်ခဲ့ဖူးသော်လည်း ၂၀၁၆ ခုနှစ်အထိ မြောက်ပိုင်းဘတ်စ်ကားဂိတ် (မောချစ် ၂ ဘတ်စ်ကားမှတ်တိုင်၊ ပလက်ဖောင်းအမှတ် ၃ နေရာဟောင်း) သို့ ဘတ်စ်ကားအချက်အချာနေရာကို ပြောင်းရွှေ့ခဲ့ပါသည်။ ဤနေရာသည် ရန်ကုန်မြို့၏ ဆူးလေးဘတ်စ်ကားဂိတ်ဆုံကဲ့သို့ အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် အရေးပါသော နေရာတစ်ခု ဖြစ်သည်။
Baiyoke Tower
Baiyoke Tower သည် အမြင့် ၁၅၁ မီတာ (၄၃ ထပ်) ရှိပြီး Baiyoke Tower II သည် ၃၀၄ မီတာ (၈၅ ထပ်) မြင့်မားကာ ဘန်ကောက်မြို့၏ ယခင်က အမြင့်ဆုံး အဆောက်အအုံများ ဖြစ်ခဲ့ကြပြီး မြို့ရှုခင်းမှ အလွယ်တကူ မြင်တွေ့နိုင်ပါသည်။ ၎င်းတို့သည် ပြတူနမ် (Pratunam) ဟု လူသိများသော နေရာတွင် အချင်းချင်း နီးကပ်စွာ တည်ရှိပါသည်။ Baiyoke Tower ကို ၁၉၈၇ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ၁၉၉၃ ခုနှစ်အထိ အမြင့်ဆုံးအဆောက်အအုံအဖြစ် ရပ်တည်ခဲ့သည်။ Baiyoke Tower II ကို ၁၉၉၇ ခုနှစ်နှောင်းပိုင်းတွင် ဆောက်လုပ်ပြီးစီးကာ ၁၉၉၈ ခုနှစ် ဇန်နဝါရီလတွင် အများပြည်သူသို့ ဖွင့်လှစ်ခဲ့ပါသည်။ အဆောက်အအုံနှစ်ခုစလုံးကို အဓိကအားဖြင့် ဟိုတယ်များအဖြစ် အသုံးပြုထားပြီး (Tower I တွင် Baiyoke Suite ၊ Tower II တွင် Baiyoke Sky)၊ အောက်ထပ်များတွင်မူ စီးပွားရေးဆိုင်ခန်းများ ဖွင့်လှစ်ထားပါသည်။
Suan Pakkad နန်းတော်
ဆွန်ပတ်ကတ် နန်းတော်သည် ရှေးခေတ်ကာလမှ မကြာသေးမီကာလအထိ ထိုင်းရှေးဟောင်းပစ္စည်းများကို ပြသထားသည့် ပြတိုက်တစ်ခု ဖြစ်ပါသည်။ ပြတိုက်ဝင်းအတွင်း၌ ပြခန်းအဖြစ် အသုံးပြုထားသော ထိုင်းရိုးရာ သစ်သားအိမ် ရှစ်လုံး ပါရှိပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၄,၀၀၀ ခန့်က ပြုလုပ်ခဲ့သော ဗန်ချိယန် (Ban Chiang) မြေအိုးဟောင်းများသည် ထင်ရှားသည့် ပြပွဲများထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး ၎င်းတို့ကို ခေတ်မီ ချုမ်ဘွတ်-ပန်တစ် ပြခန်း အဆောက်အအုံတွင် ပြသထားပါသည်။
Remove ads
သံရုံးများ
လမ်းပန်းဆက်သွယ်ရေး
- ဘီတီအက်စ်မိုးပျံရထား - ဘူတာ (၃) ခု - ရာချာထေဝီဘူတာ၊ ဖယာထိုင်းဘူတာနှင့် အနုစာဝါရီချိုင်စမော်ရဖုမ် (Victory Monument)
- MRT အပြာရောင်လိုင်း - ဖတ်ချဘူရီဘူတာ
- လေဆိပ်ရထားလိုင်း (Airport Rail Link) - ဘူတာ (၃) ခု - ဖယာထိုင်းဘူတာ၊ ရာချာပါရာပ်ဘူတာနှင့် မက္ကာဆန်ဘူတာ
- SRT အရှေ့ပိုင်းလိုင်း - ဘူတာ (၄) ခု - ဖယာထိုင်းဘူတာ၊ ရာချာပါရာပ်ဘူတာနှင့် မက္ကာဆန်၊ အဆောက်ဘူတာ
- လှေ - ခလောင်းဆင်ဆပ်တူးမြောင်း လှေစီးကြောင်းသည် မြို့နယ်၏ တောင်ဘက်ပိုင်းတွင် တည်ရှိသည်။
မက္ကာဆန် မီးရထားဘူတာသည် သုဝဏ္ဏဘူမိလေဆိပ်သွား လေဆိပ်ရထားလိုင်း (Airport Rail Link) အတွက် အဓိကဘူတာရုံများထဲမှ တစ်ခု ဖြစ်ပါသည်။ ဤဘူတာရုံသည် ၂၀၁၄ ခုနှစ်ကတည်းက စစ်ဆေးမှုများ (check-in) ပြုလုပ်နိုင်ခြင်းနှင့် လေဆိပ်သို့ တိုက်ရိုက်ပြေးဆွဲသည့် City Air Terminal ဘူတာအဖြစ် ဆောင်ရွက်ခြင်းများ မရှိတော့ပါ။ မက္ကာဆန်ဘူတာသည် အမ်အာတီ ဖတ်ချဘူရီဘူတာနှင့်လည်း ရထားလိုင်းပြောင်းစီးနိုင်သည့် ဘူတာတစ်ခု ဖြစ်ပါသည်။
Remove ads
မက္ကာဆန်ရေကန်
ရာချာထေဝီမြို့နယ်၊ ဘန်ကောက်မြို့လယ်တွင် တည်ရှိသော ကြီးမားသည့် ရေကန်အတုတစ်ခုဖြစ်သည့် Bueng Makkasan (บึงมักกะสัน) သည် အလျား ၂.၄ ကီလိုမီတာ၊ အနံ မီတာ ၆၀ နှင့် အနက် ၁၅ မီတာ ရှိပါသည်။ ယင်းရေကန်ကို မူလက ဘန်ကောက်မြို့အတွင်း ရေကြီးရေလျှံမှုကို ကာကွယ်ရန်အတွက် အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။ ယခုအခါတွင်မူ ထိုရေကန်သည် အမြန်လမ်းများ၏ ဖုံးအုပ်ခြင်း ခံထားရပါသည်။
ကျန်းမာရေး
- ပြည်သူ့ဆေးရုံများ
- ရာမဓိပတိဆေးရုံ
- ဘုရားမကုဋ်ကလောဆေးရုံ
- ရာဇဝိထိဆေးရုံ
- သီရိခေတ်ကလေးကျန်းမာရေးအမျိုးသားဗဟိုဌာန
- အပူပိုင်းဒေသရောဂါများအတွက် ဆေးရုံ
- ဘူရာချတ် ချိုင်ယာကွန်ဆေးရုံ
- ပုဂ္ဂလိကဆေးရုံများ
- ဘူမိရာဇနဂါရိန္ဒြာကျောက်ကပ်ဌာန
- ဖယာထိုင်း ၁ ဆေးရုံ
ပညာရေး

- တက္ကသိုလ်များ
- မဟီတလတက္ကသိုလ်၏ ဖယာထိုင်းတက္ကသိုလ်နယ်မြေများ တည်ရှိပြီး၊ တက္ကသိုလ်၏ ဌာနဖြစ်သော အောက်ပါ ဌာနများ တည်ရှိသည်။
- ရာမဓိပတိဆေးရုံ၊ ဆေးပညာဌာန
- သွားဘက်ဆိုင်ရာဌာန
- သိပ္ပံဌာန
- ဆေးဝါးဌာန
- ပြည်သူ့ကျန်းမာရေးဌာန
- အပူပိုင်းဒေသဆေးပညာဌာန
- ဆေးကောလိပ်၊ ရန်စစ်တက္ကသိုလ်
- ဘုရားမကုဋ်ကလောင်ဆေးကောလိပ်
- ထိုင်းဘုရင့်တပ်မတော်သူနာပြုကောလိပ်
- Valaya Alongkorn Rajabhat University- Bangkok Campus၊
- မဟီတလတက္ကသိုလ်၏ ဖယာထိုင်းတက္ကသိုလ်နယ်မြေများ တည်ရှိပြီး၊ တက္ကသိုလ်၏ ဌာနဖြစ်သော အောက်ပါ ဌာနများ တည်ရှိသည်။
- ကျောင်းများ
- ဘန်ကောက်အင်ဒိုနီးရှားကျောင်း ၊ ခရိုင်ရှိ အင်ဒိုနီးရှားသံရုံးဝင်းတွင် တည်ရှိသည်။
- သီရိအယုဒ္ဓယလမ်းတွင် တည်ရှိသော သီရိအယုဒ္ဓယကျောင်း၊
- Santirat Witthayalai School၊ စီအယုဒ္ဓယလမ်းမ
- Amnuay Silpa School
- စီအယုဒ္ဓယလမ်းတွင် တည်ရှိသော ပရာထိုင်းကျောင်း၊
- စိန့်ဒိုမီနစ်ကျောင်း၊ မက္ကဆန်ရပ်ကွက်၊ ရာချာထေဝိမြို့နယ်
- တခြား
- Phay Thai လမ်းဆုံတွင်ရှိသော ပညာရေးအချက်အချာဖြစ်သော Wannasorn Tower ကို ဓာတုဗေဒ နည်းပြဆရာ Uraiwan Sivakul မှ တည်ထောင်ခဲ့ပါသည်။ တာဝါသည် ယခုအခါ ထိုင်းကျူရှင်ကျောင်းများ၏ အဓိကအချက်အချာဖြစ်သည်။
Remove ads
ဓာတ်ပုံများ
- Suan Pakkad နန်းတော်
- Pratu Nam zone မှာ ညဘက်
- သီရိအယုဒ္ဓယကျောင်းရှေ့ ၊
- Phetchaburi လမ်း မြင်ကွင်း
- သမိုင်းဝင် ထိုင်းပိုး မွတ်ဆလင်အသိုက်အဝန်းဖြစ်သော Ban Krua အသိုက်အဝန်း ဧရိယာရှိ ကန့်လန့်ဆေပ် ၏ အဆင့်
- ပရာတူနမ်ဈေး၏ ရှုခင်း
- Baiyoke Tower II (Pratu Nam ဈေး၊ Soi Phetchaburi 21) ဝင်ပေါက်၊
- ဆစ်အယုဒ္ဓယလမ်း၊ ဒူဆစ်ဘက် ခြမ်း
- လေဆိပ်လင့်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads