ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ
From Wikipedia, the free encyclopedia
Remove ads
ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (အင်္ဂလိပ်: Shan-ni Solidarity Party; အတိုကောက် SSP) သည် ၂၀၁၅ ခုနှစ်တွင် တရားဝင်ပေါ်ပေါက်လာသော ရှမ်းနီလူမျိုးအခြေပြု နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[၄] ပါတီဥက္ကဋ္ဌသည် ဦးအောင်ခင်း ဖြစ်သည်။
ပါတီ၏ နိုင်ငံရေးသဘောတရားမှာ ရှမ်းနီလူမျိုးများ၏ အခွင့်အရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖြစ်သည်။ ပါတီမူဝါဒမှာ ဒီမိုကရေစီနည်းအရ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေး၊ တိုင်းရင်းသားမျိုးနွယ်စုများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်စေရေး တို့ဖြစ်သည်။
Remove ads
သမိုင်းကြောင်း
၂၀၁၂ ခုနှစ်တွင် တည်ထောင်ခဲ့သည့် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီတွင် သဘောထားကွဲလွဲမှုများရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ရှမ်းနီ (တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ အမည်ဖြင့် ပါတီအသစ်တည်ထောင်ရန် ပြန်လည်လျှောက်ထားခဲ့ပြီး ၂၀၁၅ ခုနှစ် မေလတွင် ပါတီအသစ်မှတ်ပုံတင် ရရှိခဲ့သည်။[၃]
၂၀၁၉ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ အဖြစ် အမည်ပြောင်းလဲခဲ့သည်။[၅]
Remove ads
ပါတီမှတ်ပုံတင်ခြင်း
၂၀၂၃
အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် စကစ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၈) ဖြင့် ခွင့်ပြုခဲ့သည်။[၆]
ရွေးကောက်ပွဲ ဝင်ပြိုင်မှုများ
၂၀၂၀
ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ခန္တီးမြို့နယ်နှင့် ကချင်ပြည်နယ်တွင် မိုးညှင်းမြို့နယ်တို့မှ စုစုပေါင်း ကိုယ်စားလှယ်(၁၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[၇]
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads