လှမိုးအောင်
From Wikipedia, the free encyclopedia
Remove ads
ဦးလှမိုးအောင် (၂၂ ဒီဇင်ဘာ ၁၉၆၅ မွေးဖွား) သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ယခင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်သူ မန်းဂျော်နီ နုတ်ထွက်ပြီးနောက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ခန့်အပ်ခဲ့သည်။[၂] ဦးလှမိုးအောင်သည် မြန်အောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်သည်။[၃]
Remove ads
အစောပိုင်းဘဝနှင့် ပညာရေး
ဦးလှမိုးအောင်ကို ၁၉၆၅ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဦးကြည်ဝင်း၊ ဒေါ်ထွေးရီတို့မှ မွေးဖွားခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားခဲ့ပြီး စိုက်ပျိုးရေးဘွဲ့ (B.Ag) ကို ၁၉၉၁ ခုနှစ်တွင် ရရှိခဲ့သည်။[၄]
နိုင်ငံရေးလုပ်ကိုင်ခြင်း
၁၉၈၈ အရေးအခင်းကာလတွင် သပြေကုန်းတိုက်နယ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ၁၉၈၉ ခုနှစ်တွင် ဝင်ရောက်ခဲ့သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် သပြေကုန်းတိုက်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အောင်နိုင်ရေး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။[၄]
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မြန်အောင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်း ခံရသည်။လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းကျိန်ပြီးနောက် ဒုတိယအကြိမ် ဧရာဝတီတိုင်းလွှတ်တော်တွင် တိုင်းလွှတ်တော် စိုက်ပျိုးမွေးမြူရေး၊ ဆည်မြောင်း နှင့် သယံဇာတရေးရာကော်မတီ အတွင်းရေးမှူး အဖြစ်တာဝန်ထမ်းဆောင်သည်။ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ရ၍ ထိုကော်မတီအတွင်းရေးမှူးရာထူးမှ နုတ်ထွက်သည်။ ဦးလှမိုးအောင်သည် အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင်လည်း မြန်အောင်မဲဆန္ဒနယ်(၁) မှနေ၍ အမျိုးသားဒီမိုကရေစီပါတီအဖွဲ့ချုပ် ကိုယ်စားပြု၍ဝင်ပြိုင်ရာ ခိုင်လုံမဲစုစုပေါင်း၏ ၇၁ဒသမ၆၅ရာခိုင်နှုန်းဖြင့် အနိုင်ရသည်။
Remove ads
၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းဖြစ်ရပ်
၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း တွင် ဦးလှမိုးအောင်သည်လည်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ထိန်းသိမ်းခံရသည်။ တိုင်းအစိုးရအဖွဲ့အိမ်ရာဝင်းထဲ နေအိမ်အကျယ်ချုပ်ဖြင့် ၂နှစ်နီးပါးကြာ ထိမ်းသိမ်းခံရသည်။[၅] စစ်ကောင်စီက ၎င်းအား မည်သည့် ပုဒ်မတပ်ကာ တရားစွဲဆို အရေးယူခြင်းမရှိပေ။စစ်ကောင်စီလက်ထက် ပုဒ်မတပ်အရေးမယူခံရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဝန်ကြီးချုပ်များစာရင်းထဲ သူလည်းပါဝင်သည်။ စစ်ကောင်စီက ၎င်းကို ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ပြန်လွတ်ပေး၍ နေအိမ်အကျယ်ချုပ်မှ လွတ်လာသည်။[၆]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads