ဝိနည်းကံ

From Wikipedia, the free encyclopedia

ဝိနည်းကံ
Remove ads

ဝိနည်းပိဋကလာ ကံတို့သည်—

ဝိနည်းကံ ၄-မျိုး

ညီညွတ်သော သံဃာ၏ ခွင့်ပြုချက်အရ—

  • (၁) သုံးကြိမ် သံဃာကို ပန်ကြား၍ ပြုအပ်သော အမှုကိစ္စအဝဝသည် အပလောကနကံ မည်၏။
  • (၂) ဉတ်တစ်ကြိမ်ဖြင့်သာ ပြုအပ်သော ဥပုသ်ကံ, ပဝါရဏာစသောကံသည် ဉတ္တိကံ မည်၏။
  • (၃) ဉတ်တစ်ကြိမ်, ကမ္မဝါစာတစ်ကြိမ်ဖြင့် ပြုအပ်သော ကထိန်ကံ, သိမ် သမုတ်ကံ စသောကံသည် ဉတ္တိဒုတိယကံ မည်၏။
  • (၄) ဉတ်တစ်ကြိမ်, ကမ္မဝါစာသုံးကြိမ်ဖြင့် ပြုအပ်သော ရဟန်းခံခြင်း စသောကံသည် ဉတ္တိစတုတ္ထကံ မည်၏။ [] []

ဝိနည်းကံ ၅-မျိုး

ထို့ပြင်

  • ထိုတွင် (၁) သံဃာသည် ငြင်းခုံတတ်သောရဟန်းကို ငြင်းခုံခြင်း, မညီမညွတ်ခြင်း၏ အပြစ်ဘေးကိုပြ၍ သည်းခံစေ, ငြိမ်းချမ်းစေ သောကံသည် တဇ္ဇနီယကံမည်၏။ []
  • (၂) ဝိနည်းသိက္ခာပုဒ်၌ မကျွမ်းကျင် မလိမ္မာသဖြင့် အာပတ်(အပြစ်)အသင့် များ၍ လူတို့နှင့် ရောရော နှောနှော အနေ များသော ရဟန်းအား “သင်သည် ဆရာ သမားကို မှီခို၍ နေရမည်”ဟု နှိပ်ကွပ်သောကံသည် နိယဿကံ မည်၏။ []
  • (၃) ပန်းပင်ငယ် စိုက်ပျိုးခြင်း စသည်ဖြင့် ဒကာတို့၏ သဒ္ဓါတရားကို ဖျက်ဆီးသော ရဟန်းအား ထိုရဟန်းနေထိုင်ရာ ကျောင်းရွာ စသည်မှ နှင်ထုတ်သောကံသည် ပဗ္ဗာဇနီယကံ မည်၏။ []
  • (၄) ရတနာသုံးပါး ကြည်ညိုသော ဒကာအား ဆဲရေးမိသဖြင့် ထိုဒကာထံ ဆဲရေးမိသော ရဟန်းကိုယ်တိုင် သွား၍ သည်းခံစေရမည် (တောင်းပန် ရမည်)ဟု သံဃာက စေလွှတ်သောကံသည် ပဋိသာရဏီယကံမည်၏။ []
  • (၅) မိမိသင့်သော အာပတ်ကို-မရှူ-မကုစား–သဖြင့်လည်းကောင်း, မိစ္ဆာအယူရှိသဖြင့်၎င်း သံဃာက ဆွမ်းအတူ မစားခြင်း စသည်ဖြင့် ပယ်စွန့် ကြဉ်ဖယ်သောကံသည် ဥက္ခေပနီယကံ မည်၏။ [][]
Remove ads

ကံကြီး, ကံငယ်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads