သိန်းသိန်းမြင့်

From Wikipedia, the free encyclopedia

Remove ads

ပါမောက္ခဒေါက်တာသိန်းသိန်းမြင့်သည် မြန်မာ ကလေးအထူးကုဆရာဝန်ကြီးဖြစ်ပြီး မြန်မာနိုင်ငံဆရာဝန်အသင်းကလေးကျန်းမာပညာအဖွဲ့ နာယက ဖြစ်သည်။ [] မြန်မာနိုင်ငံဆရာဝန်အသင်း၊​ သက်ကြီးဆရာဝန်များထောက်ကူအဖွဲ့၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ [] သူမကို အဖ ဦးကျော်မြင့်၊ အမိ ဒေါ်မြစိန်တို့က ၁၉၄၀ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း ၇ ဦးအနက် ဒုတိယမြောက်ဖြစ်သည်။[]

အချက်တိုများ ပါမောက္ခ ဒေါက်တာ သိန်းသိန်းမြင့်, ပါမောက္ခ၊ ဌာနမှူး၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၁)၊ ရန်ကုန် ...
Remove ads

ပညာရေး

၁၉၅၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို မိန်းကလေးအထက်တန်းကျောင်း၊​ ကြည့်မြင်တိုင် (ABM) မှ သင်္ချာဂုဏ်ထူးဖြင့် ပထမဆင့်မှ အောင်မြင်ခဲ့သည်။ [] ဆေးပညာဘွဲ့ကို ရန်ကုန်တက္ကသိုလ်၊​ ဆေးပညာမဟာဌာနကြီးမှ ၁၉၆၃ ခုနှစ်တွင်လည်းကောင်း၊ DCH (London) ဘွဲ့ကို ၁၉၇၂ ခုနှစ်တွင်လည်းကောင်း၊ MRCP (UK) ဘွဲ့ကို ၁၉၇၃ ခုနှစ်တွင်လည်းကောင်း၊ FRCP (Edin) ဘွဲ့၊ FRCP (London) ဘွဲ့ နှင့် FRCPCH ဘွဲ့တို့ကို ၁၉၈၄၊ ၁၉၉၃ နှင့် ၁၉၉၉ ခုနှစ်များတွင်လည်းကောင်း ရရှိခဲ့သည်။ ဆေးလက်တွေ့ပါရဂူဘွဲ့ (ကလေးကျန်းမာပညာ) ကို ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်မှ ၁၉၉၉ တွင် ရရှိခဲ့သည်။[]

Remove ads

ဝန်ထမ်းဘဝ

အစိုးရဝန်ထမ်းဘဝသို့ ၁၉၆၄ ခုနှစ် ဇွန်လတွင် သရုပ်ပြ၊ ရောဂါဗေဒဌာန၊​ ဆေးတက္ကသိုလ်၊ မန္တလေးရာထူးဖြင့် စတင်ဝင်ရောက်ခဲ့သည်။ ၁၉၆၅ ခုနှစ် သရုပ်ပြရာထူးဖြင့် မတ်လတွင် ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ်၊ မန္တလေးသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်ဆေးတက္ကသိုလ် (၂) ရန်ကုန်တို့တွင် သရုပ်ပြ၊ လက်ထောက်ကထိကကထိကပါမောက္ခ၊ ဌာနမှူး၊ ကလေးအထူးကုဆရာဝန်ကြီးရာထူးများဖြင့် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၃ ခုနှစ် မတ်လတွင် အငြိမ်းစားယူခဲ့သည်။ ၁၉၉၃ ခုနှစ် ဇူလိုင်မှ အောက်တိုဘာလအထိ ဆေးရုံအုပ်ကြီး၊ ရန်ကုန်ကလေးဆေးရုံကြီး တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။[][][]

Remove ads

ရရှိခဲ့သော ဆုတံဆိပ်များ

  1. နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ် (၁၉၉၂)[]
  2. ပြည်သူ့ဝန်ထမ်းတံဆိပ် (၁၉၉၃)[]
  3. စီမံထူးချွန်ဆု (၁၉၉၄)[]
  4. ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ် (၁၉၉၇)[]
  5. Outstanding Asian Paediatrician Award (၂၀၁၈) (Asia Pacific Pediatric Association က ချီးမြှင့်သည်)

ပညာရပ်ဆိုင်ရာ သုတေသနများ

ကလေးကျန်းမာပညာရပ်ဆိုင်ရာ သုတေသနများပြုလုပ်ခြင်း၊​ ကြီးကြပ်ခြင်းများ ပြုလုပ်ခဲ့သည်။ [] နိုင်ငံတကာ သုတေသနစာစောင်များတွင် ပုံနှိပ်ဖော်ပြပြီးသော သုတေသနစာတမ်းအချို့မှာ -

  1. Common alpha-thalassemia deletions in transfusion-dependent thalassemia patients in the Southeast Asia region of Myanmar []
  2. Active surveillance for congenital rubella syndrome in Yangon, Myanmar []
  3. Myanmar Dengue Outbreak Associated with Displacement of Serotypes 2, 3, and 4 by Dengue 1 []
  4. Dengue Hemorrhagic Fever in Infants: Research Opportunities Ignored [၁၀]
  5. A wider molecular spectrum of beta-thalassaemia in Myanmar [၁၁]
  6. Investigation of small-intestinal transit time in normal and malnourished children [၁၂]
  7. Serum Cortisol Levels in Children with Dengue Haemorrhagic Fever [၁၃]
  8. High-calorie, rice-derived, short-chain, glucose polymer-based oral rehydration solution in acute watery diarrhea [၁၄]
  9. Thermophilic Amylase-Digested Rice-Electrolyte Solution in the Treatment of Acute Diarrhea in Children [၁၅]
  10. A prospective study on defecation frequency, stool weight, and consistency [၁၆]
  11. The effect of intramuscular loading dose of quinine on Myanmar patients (children and adults) with falciparum malaria [၁၇]
  12. Scenario of the twins with suspected congenital rubella syndrome (CRS) in Yangon, Myanmar [၁၈]
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads