ဟန်တရုတ်လူမျိုး

From Wikipedia, the free encyclopedia

Remove ads

ဟန်တရုတ်[၃၆][၃၇][၃၈] ဟန်ဇူ[၃၉][၄၀][၄၁] သို့မဟုတ် ဟန်လူမျိုး[၄၂][၄၃][၄၄][၄၅] (UK: /hæn/,[၄၆] US: /hɑːn/;[၄၇] ရိုးရှင်းတရုတ်: 汉人; ရိုးရာတရုတ်: 漢人; ပင်ယင်: Hànrén[မှတ်စု ၂][၄၈] သို့မဟုတ် ရိုးရှင်းတရုတ်: 汉族; ရိုးရာတရုတ်: 漢族; ပင်ယင်: Hànzú)[မှတ်စု ၃][၄၉][၅၀] သည် ခေတ်သစ်တရုတ်နိုင်ငံ၏ မြစ်ဝါမြစ်ဝှမ်းဒေသတွင် သမိုင်းတလျောက် မွေးဖွားနေထိုင်ခဲ့ကြသော အရှေ့အာရှ လူမျိုးစုတစ်ခု ဖြစ်သည်။[၅၁][၅၂][၅၃][၅၄][၅၅] ဟန်တရုတ်တို့သည် ကမ္ဘာ့လူဦးရေ၏ ၁၈% အထိရှိပြီး ကမ္ဘာ့လူဦးရေ အများဆုံး လူမျိုးစု ဖြစ်ကာ တရုတ်ဘာသာစကားကို ပြောဆိုကြသည်။[၅၆][၅၇] ဟန်တရုတ်လူမျိုး ၁.၄ ဘီလီယံခန့်သည် တရုတ်ပြည်မကြီးတွင် အဓိက နေထိုင်ကြပြီး တရုတ်ပြည်မကြီး စုစုပေါင်း လူဦးရေ၏ ၉၂ % ခန့် ရှိသည်။[၅၈][၅၉] ဟန်တရုတ်လူမျိုး အဆက်အနွယ်များသည် စင်ကာပူနိုင်ငံတွင် စုစုပေါင်း လူဦးရေ၏ ၇၅% ခန့် နေထိုင်ကြသည်။[၆၀]

အချက်တိုများ လူဦးရေ စုစုပေါင်း, အများစု နေထိုင်သည့် နေရာ ...
အချက်တိုများ ရိုးရှင်းသော တရုတ်, ရိုးရာ တရုတ် ...

ဟန်တရုတ်တို့သည် မြစ်ဝါမြစ်တလျောက် အခြေချနေထိုင်ခဲ့သော ဟွာရှား (Huaxia) မျိုးရိုးမှ ဆင်းသက်လာခြင်း ဖြစ်သည်။[၆၁][၆၂] ဟွာရှားဟူသော ဝေါဟာရသည် တရုတ်မြောက်ပိုင်း မြစ်ဝါမြစ်အလယ်နှင့် အောက်ပိုင်းတလျောက်ရှိ အလယ်မြေပြန့်လွင်ပြင်ဒေသတွင် အခြေချနေထိုင်ခဲ့ကြသော ကျောက်ခေတ်သစ်လူမျိုးစုများဖြစ်သည့် ဟွာ နှင့် ရှား တို့ကို ပေါင်းစပ်ရည်ညွှန်းသည်။[၆၃][၆၄][၆၅][၆၂] ထိုလူမျိုးစုများသည် ခေတ်သစ်တရုတ်လူမျိုးများ၏ ဘိုးဘေးများဖြစ်ကြပြီး တရုတ်လူမျိုးအစုအဝေးကို မွေးဖွားခဲ့ကြသူများ ဖြစ်သည်။[၆၆][၆၄][၆၇]

နိုင်ငံရပ်ခြား တရုတ်အသိုင်းအဝိုင်းအများစုတို့က ဟွားရန် (华人; 華人; Huárén)၊ ဟွားချောင် (华侨; 華僑; Huáqiáo) သို့မဟုတ် ဟွားဇူ (华族; 華族; Huázú) စသော ဝေါဟာရများကို ဟန်တရုတ်လူမျိုးများအား ရည်ညွှန်းခေါ်ဆိုကြပြီး ဟန်လူမျိုးမဟုတ်သော လူမျိုးများအပါအဝင် တရုတ်နိုင်ငံသားများကို ကျူးကော့ရန် (中国人; 中國人) ဟူသော ဝေါဟာရဖြင့် ရည်ညွန်းခေါ်ဆိုကြသည်။[၆၈][၆၉][၇၀] ဟန်လူမျိုး (汉人; 漢人; Hànrén) ဆိုသည်ကို ကမ္ဘာတစ်ဝန်းရှိ တရုတ်မျိုးနွယ်များကို ခေါ်ဆိုရာတွင်လည်း အသုံးပြုလေ့ရှိသည်။[၇၁]

အရှေ့အာရှတွင် အာဏာဖြန့်ကျက်နိုင်ခဲ့ပြီး အိမ်နီးချင်းဒေသများအပေါ် များစွာ လွှမ်းမိုးနိုင်ခဲ့သော ဟန်မင်းဆက်ကို တရုတ်သမိုင်းတွင် ပထမဆုံး အကြီးကျယ်ဆုံးသော ခေတ်တစ်ခုအဖြစ် မှတ်ယူကြသည်။[၇၂][၇၃][၇၄] ရှေးဟွာရှားတို့အပေါ် များစွာ လွှမ်းမိုးနိုင်ခဲ့သော ဟန်မင်းဆက်၏ ဂုဏ်သိက္ခာနှင့် ကျော်ဇောမှုတို့က ယင်းတို့ကို "ဟန်နိုင်ငံသားများ"အဖြစ် မှတ်ယူလာစေနိုင်ခဲ့သည်။[၆၆][၇၅][၇၆][၇၇][၇၈] ဟန်မင်းဆက်မှ မျိုးရိုးအမည်ဆင်းသက်လာသော ဟန်တရုတ်တို့သည် တရုတ်စာလုံးတို့ကို "ဟန်အက္ခရာများ"အဖြစ် ရည်ညွှန်းခေါ်ဆိုကြသည်။[၇၂][၇၉][၇၇]

Remove ads

မှတ်စု

  1. Of the 710,000 Chinese nationals living in Korea in 2016, 500,000 are ethnic Koreans.
  2. lit. "ဟန်လူမျိုး"
  3. lit. "ဟန်လူမျိုးစု

ကိုးကား

ဆက်လက်ဖတ်ရှုရန်

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads