အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ

From Wikipedia, the free encyclopedia

Remove ads

အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (အင်္ဂလိပ်: Inn National Development Party, INDP) သည် မြန်မာနိုင်ငံရှမ်းပြည်နယ်ညောင်ရွှေမြို့အခြေစိုက် အင်းသားနိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။၂၀၁၀ခုနှစ် ဇွန်လ ၁ရက်နေ့တွင် နိုင်ငံရေးပါတီတစ်ခုအဖြစ် မှတ်ပုံတင်ကာ တရားဝင်ရပ်တည်ခဲ့ပြီး ၂၀၂၃ခုနှစ် မတ်လ၂၄ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းသည်။[]

အချက်တိုများ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ, နာယက ...
Remove ads
Remove ads

သမိုင်းကြောင်း

ပါတီကို ၂၀၁၀ ခုနှစ် ဧပြီ ၂၉ ရက်တွင် တည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး ဇွန်လ ၁ ရက်နေ့တွင် တည်ထောင်ခွင့် ခွင့်ပြုချက်ရရှိခဲ့သည်။[] ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်တွင် ညောင်ရွှေမြို့နယ် မဲဆန္ဒနယ်ဖြင့် အနိုင်ရရှိခဲ့သည်။ ရှမ်းပြည်နယ် လွှတ်တော်တွင်လည်း ညောင်ရွှေမြို့နယ်မှ နှစ်နေရာ အနိုင်ရရှိခဲ့သလို တိုင်းရေးသားရေးရာဝန်ကြီးနေရာ ရရှိခဲ့သည်။[][] အထွေထွေရွေးကောက်ပွဲ ၂၀၁၅ နှင့် အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တို့တွင် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သော်လည်း တစ်နေရာမှ အရွေးချယ်မခံရပေ။

Remove ads

ပါတီဖျက်သိမ်းခြင်း

၂၀၂၃ခုနှစ် မတ်လ ၂၁ ရက်တွင် အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းပေးပါရန်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံတင်ပြသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃) ဆုံးဖြတ်ချက်ဖြင့် ၂၀၂၃ခုနှစ် မတ် ၂၄ရက်တွင် အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads