မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်များ စာရင်း
From Wikipedia, the free encyclopedia
Remove ads
ဤဆောင်းပါးသည် ၁၉၄၈ မှစ၍ မြန်မာနိုင်ငံ၏ဝန်ကြီးချုပ်များ စာရင်း ဖြစ်သည်။
- ထိပ်ဘေးပုံ: ဦးနု သည် မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်ခဲ့သည်။
- ထိပ်ညာပုံ: နေဝင်း သည် မြန်မာနိုင်ငံ၏ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ် ဖြစ်ခဲ့သည်။.
- အောက်ဘေးပုံ: သိန်းစိန်သည် ဝန်ကြီးချုပ်ရာထူးနှင့် နိုင်ငံတော်သမ္မတ ရာထူးကို ဆက်ခံဖူးသူ ဖြစ်သည်။
- အောက်ညာပုံ: ညိုစော သည် လက်ရှိ နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်သည်။
၁၉၆၂ မှ ၁၉၇၄ အတွင်း ဗိုလ်နေဝင်းသည် ဝန်ကြီးချုပ်နေရာကို "နိုင်ငံတော်တော်လှန်ရေးကောင်စီအစိုးရအဖွဲ့ ဥက္ကဋ္ဌ" ဟုပြောင်းလဲခဲ့သည်။
စစ်အစိုးရလက်ထက်များဖြစ်သည့် နဝတနှင့် နအဖတို့တွင် ဝန်ကြီးချုပ်ရာထူးကို ပြန်လည်ကျင့်သုံးခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ခံအစိုးရ ပေါ်ပေါက်လာသောအခါ ဝန်ကြီးချုပ်ရာထူး မရှိတော့ပေ။ ဦးထင်ကျော်အစိုးရလက်ထက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို ဖန်တီးခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်နီးပါးကို လုပ်ဆောင်ခဲ့သည်။
၂၀၂၁ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအောက်၌ အိမ်စောင့်အစိုးရ ပေါ်ပေါက်လာခဲ့သည်။ ၎င်းအစိုးရအဖွဲ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စသည့် ရာထူးများကို ရယူခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် အရေးပေါ်အခြေအနေ ကြေညာချက်သက်တမ်း ကုန်ဆုံးပြီးနောက် အစိုးရအဖွဲ့အသစ်ကို ဖွဲ့စည်းသောအခါ နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးကို ဦးညိုစောအား လွှဲအပ်ခဲ့သည်။
Remove ads
ရာထူးအခေါ်အဝေါ်များ
- ၂၀၂၁ - ၂၀၂၅: နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်[၁]
- ၂၀၂၁ - လက်ရှိ: ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်ဝန်ကြီးချုပ်
မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်များ စာရင်း (၁၉၄၈-လက်ရှိ)
ပြည်ထောင်စုမြန်မာနိုင်ငံတော် (၁၉၄၈-၁၉၇၄)
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (၁၉၇၄-၁၉၈၈)
ပြည်ထောင်စုမြန်မာနိုင်ငံတော် (၁၉၈၈-၂၀၁၁)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် (၂၀၂၁-လက်ရှိ)
Remove ads
စစ်ပြိုင်အစိုးရများ
အမျိုးသားညီညွှတ်ရေးအစိုးရ (၂၀၂၁-လက်ရှိ)
အခြားကြည့်ရန်
- ဗြိတိသျှဘားမား၏ နန်းရင်းဝန်များ စာရင်း
- မြန်မာနိုင်ငံ၏ နိုင်ငံရေး
- မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်
- ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သမ္မတများ
မှတ်စု
- ကျန်းမာရေးအခြေအနေကြောင့် ရာထူးမှ ဖယ်ရှားခံရ
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads