အနောက်ပိုးကရင်ဘာသာစကား
ဘာသာစကား From Wikipedia, the free encyclopedia
Remove ads
အနောက်ပိုးကရင်ဘာသာစကား သည် မြန်မာနိုင်ငံတွင် ပြောဆိုအသုံးပြုကြသော ကရင်ဘာသာစကားတစ်ခု ဖြစ်သည်။ ဤဘာသာစကားသည် အခြားပိုးကရင်ဘာသာစကားခွဲများနှင့် နားလည်နိုင်ခြင်း မရှိပေ။ ယင်းတွင် ဒေသိယစကားသံမူကွဲများ ရှိသည်။
Remove ads
ပျံ့နှံ့မှု
- ဧရာဝတီတိုင်းဒေသကြီး: အိမ်မဲမြို့၊ မအူပင်မြို့၊ ပုသိမ်မြို့၊ တွံတေးမြို့၊ ကျုံပျော်မြို့၊ ပၩ့တနီၫ့၊ ဝါးခယ်မမြို့၊ လပွတ္တာမြို့၊ ကျောင်းကုန်းမြို့၊ အင်္ဂပူမြို့၊ ထူးကြီးမြို့၊ သာပေါင်းမြို့ ဟင်္သာတမြို့ ကန်ကြီးထောင့်မြို့နယ် များ စသည့် ဧရာဝတီတိုင်း အောက်ပိုင်းဒေသများအပြင် ပဲခူးတိုင်း ဒေသအချို့
အက္ခရာ
အနောက်ပိုးကရင်ဘာသာစကားတွင် အသုံးပြုသော အက္ခရာမှာ မွန်-မြန်မာ အက္ခရာ ဖြစ်သည်။
ရင်းမြစ်
ခရစ်ယာန်ပိုးကရင်စာပေကို အနောက်ပိုးကရင်တို့က ယူငင်သုံးစွဲနေကြသည်။ မူလက ထိုစာပေကို အရှေ့ပိုးကရင် ခရစ်ယာန်ဘာသာဝင်များအတွက် တီထွင်ပေးခဲ့ခြင်းဖြစ်သည်။ အရှေ့ပိုးကရင်နှင့် အနောက်ပိုးကရင်တို့သည် အသံအနေအထားအရ ကွဲပြားခြားနားကြသော်လည်း သာသနာပြုပုဂ္ဂိုလ်များက ထိုစာပေကို မပြောင်းမလဲဘဲ အနောက်ပိုးကရင်ဘာသာစကားအတွက် ဆက်လက်သုံးစွဲစေခဲ့သည်။ ဖတ်ပုံဖတ်နည်းကိုသာ ပြောင်းလဲဖတ်ရှုစေခဲ့သည်။
ခရစ်ယာန်ပိုးကရင်စာပေကို အမေရိကန်သာသနာပြုပုဂ္ဂိုလ်များဖြစ်သော ဝိတ်၊ မေဆန်နှင့် ဘရေတန်တို့က ၁၈၄၀ နှစ်များဝန်းကျင်တွင် တီထွင်ခဲ့ကြသည်။ ၁၈၃၀ ဝန်းကျင်က ဒေါက်တာဝိတ်တီထွင်ခဲ့သော စကောကရင်စာပေကို အခြေခံ၍ တီထွင်ခဲ့ခြင်းဖြစ်သည်။ မူလက အရှေ့ပိုးကရင်များအတွက် တီထွင်ခဲ့သည်မှာမှန်သော်လည်း ယခုခေတ်ကာလတွင်မူ အရှေ့ပိုးကရင် ခရစ်ယာန်ဘာသာဝင်အချို့ကသာ ထိုစာပေကို သိကြ၊ သုံးကြသည်။ ထို့ကြောင့် ထိုစာပေသည် အနောက်ပိုးကရင်အတွက်သာ ဖြစ်သွားခဲ့သည်။[၃]
ယခုအသုံးပြုနေသော အနောက်ပိုးကရင်စာပေကို ခရစ်ယာန်သာသနာပြု ဘရေတန် (၁၈၀၈-၁၉၀၀) က ပြုပြင်မွမ်းမံခဲ့သည်။
သရ
အနောက်ပိုးကရင် သရသင်္ကေတ (အနောက်ပိုးကရင်: လံၬလူၥီၫ) (၁၀)ခု ရှိသည်။[၃]
ါ a IPA: /a/
|
ံ i IPA: /i/
|
့ e IPA: /e/
|
ဲ ae ~ ai IPA: /ɛ/ or /ai/
|
ၧ oe IPA: /ə/
|
ၨ uh IPA: /ɨ/
|
ု eu IPA: /ɯ/
|
ူ u IPA: /u/
|
ိ o IPA: /o/
|
ီ aw ~ au IPA: /ɔ/ or /au/
|
- သရ /-a/ အတွက် သင်္ကေတမှာ ါဖြစ်သည်။ တက်ကျသံပြောင်းသင်္ကေတများ မသုံးမှသာ ထိုသရသင်္ကေတကို သုံးသည်။
- သရသင်္ကေတ ဲ သည် /-ɛ/ နှင့် /-ai/ အသံ နှစ်သံလုံးအတွက် ကိုယ်စားပြုသည်။
- သရသင်္ကေတ ီ သည် /-ɔ/ နှင့် /-au/ အသံ နှစ်သံလုံးအတွက် ကိုယ်စားပြုသည်။
ဗျည်း
အနောက်ပိုးကရင်ဗျည်း (အနောက်ပိုးကရင်: လံၬမ့ၬဖျိၪ့) အရေအတွက် (၂၆)လုံးရှိသည်။ [၃]
က k IPA: k ကၭ kaʔ
|
ခ kh IPA: kh ခၭ kʰaʔ
|
ဂ gh IPA: gh ဂၭ ɣaʔ
|
ဎ ch IPA: ch ဎၭ xaʔ
|
င ng IPA: ng ငၭ ŋaʔ
|
စ s IPA: s စၭ saʔ
|
ဆ hs IPA: hs ဆၭ sʰaʔ
|
ဇ z IPA: z ဇၭ zaʔ
|
ည ny IPA: ny ညၭ ɲaʔ
|
ၡ sh IPA: sh ၡၭ ɕaʔ
|
တ t IPA: t တၭ taʔ
|
ထ ht IPA: ht ထၭ tʰaʔ
|
ဒ d IPA: d ဒၭ ɗaʔ
|
န n IPA: n နၭ naʔ
|
ပ p IPA: p ပၭ paʔ
|
ဖ hp IPA: hp ဖၭ pʰaʔ
|
ဘ b IPA: b ဘၭ ɓaʔ
|
မ m IPA: m မၭ maʔ
|
ယ y IPA: y ယၭ jaʔ
|
ရ r IPA: r ရၭ raʔ
|
လ l IPA: l လၭ laʔ
|
ဝ w IPA: w ဝၭ waʔ
|
ၥ th IPA: th ၥၭ θaʔ
|
ဟ h IPA: h ဟၭ haʔ
|
အ a IPA: a အၭ ʔaʔ
|
ဧ hh IPA: hh ဧၭ ɣaʔ
| ||||
- မူလစာပေတွင် ည မပါဝင်ခဲ့ပါ။[၄] ထိုအချိန်က /ɲ/ အသံထွက်ရန် နၠ ဟုရေးခဲ့ကြသည်။ ထိုသို့ရေးခဲ့ကြောင်း အနၠါမုနံၩ /ʔə ɲâ mɯ̂ ní/ 'အင်္ဂါနေ့' တွင် တွေ့နိုင်သည်။
- ၦ သည် မူလက ဗျည်းထဲတွင် ထည့်သွင်းခဲ့ကြသည်။ ယနေ့ခေတ်တွင်မူ ဗျည်းတွဲအဆင့်သာ သတ်မှတ်ကြတော့သည်။
ဗျည်းတွဲ
ဗျည်းတွဲသင်္ကေတ (အနောက်ပိုးကရင်: လံၬအီၪဒံၩ့) မှာ အောက်ပါအတိုင်းဖြစ်သည်။
ၠ j IPA: /-j-/
|
ျ l IPA: /-l-/
|
ြ r IPA: /-r-/
|
ွ w IPA: /-w-/
|
တက်ကျသံ
တက်ကျသံပြောင်းသင်္ကေတ (အနောက်ပိုးကရင်: လံၬထီးနဲၪ့) မှာ အောက်ပါအတိုင်းဖြစ်သည်။ တက်ကျသံပြောင်းသင်္ကေတ မပါဝင်ပါက သက်သံ (သို့မဟုတ်) အမြစ်သံဖြင့် ဖတ်ရသည်။[၃]
ဝဏ္ဏ
အနောက်ပိုးကရင်စာပေတွင် ဗျည်းနှင့်သရ(ဝဏ္ဏ)၊ တက်ကျသံပြောင်းသင်္ကေတ ပေါင်းစပ်နိုင်ပုံများကို အောက်ပါအတိုင်း တွေ့နိုင်သည်။[၃]
1 မြန်မာဘာသာစကားမှ မွေးစားထားသောစကားလုံးများ၊ မြန်မာဘာသာစကားမှတစ်ဆင့် မွေးစားထားသောစကားလုံးများကို စာလုံးပေါင်းနိုင်ရန်အတွက်သာ သုံးသည်။
2 နှာသံသရဖြစ်သော /-əɴ/ ၏အသံမှာ အလွန်အားပျော့ပြီး ရိုးရိုးသရသံ မတြာဝက်သံဖြစ်သော /-ə/ အသံနှင့် ခွဲခြား၍မရတော့ပါ။
ကိန်းဂဏန်း
ကိန်းဂဏန်းများကို ရေးသားရာတွင် မြန်မာကိန်းဂဏန်းများကိုသာ အသုံးပြုသည်။
သုည မှ ကိုး
သုညမှ ကိုးအထိ ရေတွက်ပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။[၅][၆]
0 ၀
|
1 ၁ IPA: /lə̀ɴ/¹ လၧၫ့1
|
2 ၂ IPA: /nì/² နံၫ2
|
3 ၃ IPA: /θə̀ɴ/² ၥၧၫ့2
|
4 ၄ IPA: /lî/ လံ
|
5 ၅ IPA: /jâi/ ယဲ
|
6 ၆ IPA: /xù/² ဎူၫ2
|
7 ၇ IPA: /nwè/³ နွ့ၫ2
|
8 ၈ IPA: /xoʔ/ ဎိၭ
|
9 ၉ IPA: /kʰwì/² ခွံၫ2
|
1 စကားပြောရာတွင်မူ က /kə/ ဟုသာ ပြောသည်။
2 ရေးသားရာတွင် အနိမ့်သံပြေနှင့် ရေးသားသော်လည်း စကားပြောရာတွင် အမြင့်သံပြေဖြင့် ပြောကြသည်။
ဆယ်ဂဏန်းမှ ကုဋေ
တစ်ဆယ်မှ တစ်ကုဋေအထိမှာ အောက်ပါအတိုင်းဖြစ်သည်။[၅] [၆]
10 ၁၀ IPA: /kə sʰì/ ကဆံၫ
|
11 ၁၁ IPA: /kə sʰì lə̀ɴ/ ကဆံၫလၧၫ့
|
12 ၁၂ IPA: /kə sʰì nì/ ကဆံၫနံၫ
|
20 ၂၀ IPA: /ní sʰì/ နံၫဆံၫ
|
21 ၂၁ IPA: /ní sʰì lə̀ɴ/ နံၫဆံၫလၧၫ့
|
22 ၂၂ IPA: /ní sʰì nì/ နံၫဆံၫနံၫ
|
100 ၁၀၀ IPA: /kə já/1 ကယၩ
|
1 000 ၁ ၀၀၀ IPA: /kə tʰàuɴ/2 ကထီၫ့
|
10 000 ၁၀ ၀၀၀ IPA: /kə laʔ/3 ကလၬ
|
100 000 ၁၀၀ ၀၀၀ IPA: /kə kəɯʔ/4 ကကုၭ
|
1 000 000 ၁ ၀၀၀ ၀၀၀ IPA: /kə kʰwâɴ/ or /kə kʰwàɴ/ ကခွး or ကခွၪ့
|
10 000 000 ၁၀ ၀၀၀ ၀၀၀ IPA: /kə ɓáɴ/ or /kə tɨʔ/ ကဘၩ့ or ကတၨၭ
|
1 မြန်မာဘာသာစကား 'ရာ' မှ မွေးစားထားသည်။
2 မြန်မာဘာသာစကား 'ထောင်' မှ မွေးစားထားသည်။
3 မွန်ဘာသာစကား 'လက်' မှ မွေးစားထားသည်။[၇].
4 မွန်ဘာသာစကား 'ကိုတ်' မှ မွေးစားထားသည်။[၇]
ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတများ
ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတများအဖြစ် ပုဒ်ကလေးအစား (,)၊ ပုဒ်မအစား (.) ကို သုံးသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads