အယ်လ်ဖာအမှုန်
From Wikipedia, the free encyclopedia
Remove ads
အယ်လ်ဖာအမှုန်တွင် ပရိုတွန် နှစ်ခုနှင့် နျူထရွန် နှစ်ခုတို့သည် အမှုန်တစ်ခုအဖြစ် စည်းနှောင်ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ၎င်းသည် ဟီလီယမ်ဒြပ်စင်၏ နျူကလိယနှင့် ထပ်တူညီသည်။ အယ်လ်ဖာအမှုန်များကို အယ်လ်ဖာပြိုကွဲမှု ဖြစ်စဉ်တွင် ထုတ်လွှတ်လေ့ရှိသည်။ သို့သော်အခြား နည်းလမ်းများဖြင့်လည်း ထုတ်လွှတ်နိုင်သည်။ အယ်လ်ဖာအမှုန်ကို ဂရိအက္ခရာ အယ်လ်ဖာ α ကိုအစွဲပြုပြီး အမည်ပေးထားခြင်း ဖြစ်သည်။ အယ်လ်ဖာအမှုန်အတွက် သင်္ကေတအဖြစ် α သို့မဟုတ် α2+ ဖြင့်ဖော်ပြသည်။ ၎င်းတို့သည် ဟီလီယမ် အက်တမ်၏ နျူကလိယနှင့် ထပ်တူညီ၍ အီလက်ထရွန် နှစ်လုံးပျောက်ဆုံးနေသော +2 လျှပ်စစ်ဓာတ်ဆောင်သည့် ဟီလီယမ် အိုင်ယွန် သင်္ကေတအဖြစ် He2+
သို့မဟုတ် 4
2He2+
ဟု တစ်ခါတစ်ရံတွင် ရေးသားဖော်ပြသည်။ အကယ်၍ ၎င်းအိုင်ယွန်သည် ပတ်ဝန်းကျင်မှ အီလက်ထရွန်များ ရရှိပါက ၎င်းအယ်လ်ဖာအမှုန်ကို သာမန် ဟီလီယမ်ဒြပ်စင် သင်္ကေတအဖြစ် 4
2He ဟု ရေးသားနိုင်သည်။ အမည်ပေးစနစ် သေချာသတ်မှတ်ထားခြင်း မရှိ၍ ယေဘုယျအားဖြင့် အလျင်နှုန်း အမြင့်ဖြင့် ရွေ့လျားနေသော ဟီလီယမ် နျူကလိယများ အားလုံးကို အယ်လ်ဖာအမှုန်ဟု ရည်ညွှန်း ရေးသားလေ့ရှိသည်။ ဟီလီယမ် နျူကလိယကဲ့သို့ပင် အယ်လ်ဖာအမှုန်၏ အသားတင် စပင်မှာ သုညဖြစ်သည်။ စံပြုထားသည့် အယ်လ်ဖာ ရေဒီယိုသတ္တိကြွပြိုကွဲမှုတွင် ထုတ်လွှတ်သော အယ်လ်ဖာအမှုန်များတွင် ယေဘုယျအားဖြင့် အရွေ့စွမ်းအင် ၅ MeV ခန့်ရှိပြီး အလျင်နှုန်းမှာ အလင်းအလျင်၏ ၅% ခန့် ရှိသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads