အရှေ့ဖျားနှင့် တောင်ပစိဖိတ် မသန်စွမ်းအားကစားပြိုင်ပွဲ

From Wikipedia, the free encyclopedia

Remove ads

အရှေ့ဖျားနှင့် တောင်ပစိဖိတ် မသန်စွမ်းအားကစားပြိုင်ပွဲ (အင်္ဂလိပ်: Far East and South Pacific Games for the Disabled -FESPIC Games)[] သည် အာရှတိုက်နှင့် တောင်ပစိဖိတ်ဒေသတွင် ၄နှစ် တစ်ကြိမ်ကျင်းပခဲ့သော မသန်စွမ်းသူများဆိုင်ရာ အားကစားပြိုင်ပွဲဖြစ်သည်။၁၉၇၅ခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး ၂၀၀၆ခုနှစ်တွင် နောက်ဆုံးအကြိမ် ကျင်းပခဲ့သည်။၂၀၁၀ပြည့်နှစ်မှစ၍ အာရှ မသန်စွမ်း အားကစားပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့သည်။[][]

အချက်တိုများ ဆောင်ပုဒ်, ပထမအကြိမ် ...
Remove ads

သမိုင်းကြောင်း

ပထမဆုံးသော FESPIC Gamesကို ဂျပန်နိုင်ငံ၊ အိုအီတမြို့တွင် ကျင်းပခဲ့သည်။ထိုအချိန်က အာရှတိုက်တွင် မသန်စွမ်းသူများ အားကစားပွဲများ၌ ယှဉ်ပြိုင်နိုင်ရန် အခွင့်အရေး နည်းပါးလှသည်။ထို့ကြောင့် ဤအားကစားပြိုင်ပွဲသည် အာရှတိုက်ရှိ မသန်စွမ်းသူများ အားကစားလှုပ်ရှားနိုင်ရန်နှင့် နိုင်ငံအသီးသီးမှ မသန်စွမ်းသူများ၏ လူမှုဘဝကို မြှင့်တင်ရန် ကျင်းပခဲ့သည်။

၂၀၀၂ခုနှစ်တွင် အာရှမသန်စွမ်းသူများအားကစားကောင်စီကို တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် ဖွဲ့စည်းခဲ့သည်။၂၀၀၄ခုနှစ် မေလ ၁၄ရက်တွင် FESPIC အားကစားအဖွဲ့ချုပ်ကို အာရှမသန်စွမ်းသူများအားကစားကောင်စီနှင့် ပေါင်းစည်း၍ အာရှမသန်စွမ်းသူများအားကစားကော်မတီအဖြစ် ဖွဲ့စည်းရန် သဘောတူညီမှု ရရှိခဲ့သည်။၂၀၀၆ခုနှစ် နိုဝင်ဘာလ ၂၆ရက်နေ့တွင် တရားဝင် ဖွဲ့စည်းခဲ့သည်။၂၀၀၆ခုနှစ် နိုဝင်ဘာ ၂၅ရက်မှ ဒီဇင်ဘာ ၁ရက်နေ့အထိ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင် ကျင်းပသော ၉ကြိမ်မြောက် FESPIC Gamesမှာ နောက်ဆုံးကျင်းပသော ပြိုင်ပွဲဖြစ်သည်။ဤအားကစားပွဲကို ဆက်ခံသော အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၏ ပထမအကြိမ်ကို ၂၀၁၀ပြည့်နှစ်တွင် တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့တွင် ကျင်းပခဲ့သည်။

FESPIC Games၏ လူငယ်ပြိုင်ပွဲကို ၂၀၀၃ခုနှစ်တွင် တစ်ကြိမ်သာ ကျင်းပခဲ့သည်။

Remove ads

ပွဲတော်များ


နောက်ထပ် အချက်အလက်များ ပွဲတော်, ခုနှစ် ...

လူငယ်ပြိုင်ပွဲများ

နောင်တွင် အာရှ လူငယ်မသန်စွမ်း အားကစားပြိုင်ပွဲအဖြစ် ကျင်းပမည့် FESPIC Youth Gamesကို တစ်ကြိမ်သာ ကျင်းပခဲ့သည်။

နောက်ထပ် အချက်အလက်များ ပွဲတော်, ခုနှစ် ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads