၂၀၁၀ အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ

From Wikipedia, the free encyclopedia

Remove ads

၂၀၁၀ အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2010 Asian Para Games)သည် တရုတ်နိုင်ငံကွမ်ကျိုးမြို့တွင် ၂၀၁၀ပြည့်နှစ် ဒီဇင်ဘာလ ၁၂ရက်နေ့မှ ၁၉ရက်နေ့အထိ ကျင်းပခဲ့သော ပထမအကြိမ် အာရှ မသန်စွမ်း အားကစားပြိုင်ပွဲဖြစ်သည်။

အချက်တိုများ ကျင်းပရာမြို့, ဆောင်ပုဒ် ...

အဖွဲ့ဝင် ၄၅နိုင်ငံမှ အားကစားသမား ၅၅၀၀ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ အားကစားနည်းပေါင်း ၁၉မျိုးမှ ပွဲစဉ်ပေါင်း ၃၄၁မျိုး ကျင်းပခဲ့သည်။ ထိုစဉ်က တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လီခကျန်းမှ ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။ တရုတ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယတို့ ရရှိခဲ့သည်။

Remove ads

လက်ခံကျင်းပခြင်း

အိမ်ရှင်ရွေးချယ်ခြင်း

အရှေ့ဖျားနှင့် တောင်ပစိဖိတ်ဒေသ မသန်စွမ်းအားကစားပြိုင်ပွဲ (FESPIC)ကို ဦးစီးကျင်းပသည့် FESPIC အားကစားအဖွဲ့ချုပ်ကို အာရှမသန်စွမ်းအားကစားကောင်စီနှင့် ပေါင်းစည်းကာ အာရှမသန်စွမ်းအားကစားကော်မတီအဖြစ် ဖွဲ့စည်းခဲ့သည်။FESPIC၏ နောက်ဆုံးပွဲကို ၂၀၀၆ခုနှစ်တွင် ကျင်းပခဲ့သည်။ ပြိုင်ပွဲ၏ အစဉ်အလာအဖြစ် အာရှအားကစားပြိုင်ပွဲကို ကျင်းပမည့် မြို့သည် မသန်စွမ်းအားကစားပြိုင်ပွဲကို ဆက်လက် ကျင်းပရမည်ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့နှင့် ဂျော်ဒန်နိုင်ငံ အမ်မန်မြို့တို့သည် ၂၀၁၀ အာရှအားကစားပြိုင်ပွဲ အိမ်ရှင်လောင်းအဖြစ် တရားဝင် မသတ်မှတ်မီကပင် နုတ်ထွက်ခဲ့ကြသည်။ တောင်ကိုရီးယားသည် ၂၀၀၂ ဘူဆန်အာရှ အားကစားပြိုင်ပွဲကို ကျင်းပပြီးဖြစ်၍ ၈နှစ်သာ ကြာသေးသဖြင့် ပြန်လည်ကျင်းပရန်မှာ ကာလတိုးတောင်းနေ၍ နုတ်ထွက်ခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တို့သာ ကျန်ခဲ့သည်။ သို့ရာတွင် မလေးရှားအစိုးရအနေဖြင့် ကုန်ကျစရိတ်ကြီးမားသောကြောင့် မလေးရှား အိုလံပစ်ကောင်စီကို ထောက်ပံ့ရန် မဖြစ်နိုင်၍ ကွာလာလမ်ပူမြို့မှာ နုတ်ထွက်ရန် ဖြစ်လာခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှာ ပြိုင်ဘက်မရှိ အိမ်ရှင်မြို့ ဖြစ်လာခဲ့သည်။

ထို့​​​ကြောင့် ၂၀၀၄ခုနှစ် ဇူလိုင်လ ၁ရက်နေ့တွင် အာရှအိုလံပစ်ကောင်စီမှ ပထမဆုံးကျင်းပမည့် ၂၀၁၀အာရှမသန်စွမ်းအားကစားပြိုင်ပွဲ ကျင်းပမည့်မြို့အား တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့ကို ​ပေးအပ်ခဲ့သည်။

အားကစားကွင်းများ

၁၆ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို ကျင်းပခဲ့သည့် အားကစားကွင်းများကို မသန်စွမ်းသူများအတွက် လိုအပ်သော အပြင်အဆင်များ တပ်ဆင်ကာ အစုံးပြုခဲ့ကြသည်။[]

  • ဂွမ်ဒေါင်း အိုလံပစ်အားကစားကွင်း ပြေးခုန်ပစ်၊ ဖွင့်ပွဲ၊ ပိတ်ပွဲ
  • Aoti Archery Range - မြားပစ်
  • Tianhe Gymnasium - ကြက်တောင်ရိုက်
  • Zhongda Gymnasium - Boccia
  • Tianhe Bowling Hall - ဘိုလင်း
  • Guangzhou Velodrome - စက်ဘီးစီး (Track)
  • University Town Triathlon Venue - စက်ဘီးစီး (Road)၊ မာရသွန်
  • Aoti Hockey Field - ဘောလုံး (၅ယောက်)
  • Huagong Stadium - ဘောလုံး (၇ယောက်)
  • Huagong Gymnasium - ဂျူဒို
  • Guanggong Gymnasium - Goalball
  • Asian Games Town Gymnasium - Powerlifting၊ စားပွဲတင်တင်းနစ်
  • Guangdong International Rowing Centre - လှေလှော်
  • Aoti Shooting Range - သေနတ်ပစ်
  • Aoti Aquatic Centre - ရေကူး
  • Guangwai Gymnasium - ထိုင်လျက်ဘော်လီဘော
  • Guangyao Gymnasium - ဘီးတပ်ကုလားထိုင် ဘက်စကတ်ဘော
  • Guangda Gymnasium - ဘီးတပ်ကုလားထိုင် ဓားသိုင်း
  • Tianhe Tennis School - ဘီးတပ်ကုလားထိုင် တင်းနစ်

[]

Remove ads

ပြိုင်ပွဲအထိမ်းအမှတ်များ

အထိမ်းအမှတ်တံဆိပ်

၂၀၁၀ အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ကွမ်ကျိုးမြို့တွင် ၁၇ရာစုနှစ်ကတည်းက အသုံးပြုခဲ့သည့် ရိုးရာမှန်ပြတင်းပေါက် အရောင်များကို ပုံစံယူထားသည်။ ရောင်စုံမှန်များအကြားမှ နေရာအလွတ်များသည် လှုပ်ရှားနေသော အားကစားသမားတစ်ဦးအနေဖြင့် ပုံဖော်ထားသည်။ အလုံးစုံ ခြုံငုံရလျှင် ဤအထိမ်းအမှတ်တံဆိပ်သည် ကွမ်ကျိုးမြို့နေ ပြည်သူလူထု၏ ရင်းနှီးဖော်ရွေမှုနှင့် အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၏ သန်စွမ်းသူနှင့် မသန်စွမ်းသူတို့အကြား အတားအဆီးများကို ချိုးဖြတ်နိုင်မှုတို့ကို ပုံဖော်သည်။

လာဘ်ကောင်

၂၀၁၀ အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်လာဘ်ကောင်မှာ ဖန်ဖန် (Fun Fun - 芬芬) ဟုခေါ်သော ပန်းပွင့်ပုံဖြစ်သည်။ ထိုပန်းပွင့်မှာ ကွမ်ကျိုးမြို့တွင် ပေါက်ရောက်သည့် လက်ပံပွင့်ကို ပုံဖော်ထားသည်။ အာရှတိုက်၏ မသန်စွမ်းသူများအရေး တက်ကြွစွာလှုပ်ရှားမှုနှင့် အားကစားသမားများ၏ တက်ကြွမှုတို့ကို ရည်ညွှန်းသည်။

Remove ads

ပွဲများနှင့် အားကစား

ဖွင့်ပွဲအခမ်းအနား

၂၀၁၀ အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၀ပြည့်နှစ် ဒီဇင်ဘာလ ၁၂ရက်နေ့ည ၈နာရီတွင် ဂွမ်ဒေါင်း အိုလံပစ်အားကစားကွင်း၌ ကျင်းပခဲ့သည်။ ထိုစဉ်က တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လီခကျန်းက ပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

ပိတ်ပွဲအခမ်းအနား

၂၀၁၀ အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၏ ပိတ်ပွဲအခမ်းအနားကို ၂၀၁၀ပြည့်နှစ် ဒီဇင်ဘာလ ၁၉ရက်နေ့ည ၈နာရီတွင် ဂွမ်ဒေါင်း အိုလံပစ်အားကစားကွင်း၌ ကျင်းပခဲ့သည်။၂၀၁၄ အင်ချွန်းပွဲတော်ကို လက်ခံကျင်းပမည့် တောင်ကိုရီးယားနိုင်ငံ မသန်စွမ်းသူများအားကစားကော်မတီ ဥက္ကဋ္ဌကို အာရှမသန်စွမ်းသူများအားကစားကော်မတီအလံကို လွှဲပြောင်းပေးခဲ့သည်။

အားကစားနည်းများ

နောက်ထပ် အချက်အလက်များ အားကစားနည်းများ ...

ပါဝင်သည့်နိုင်ငံများ

နောက်ထပ် အချက်အလက်များ NPCs, နိုင်ငံ ...

ဆုတံဆိပ်ဇယား

၂၀၁၀ အာရှမသန်စွမ်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၃၄၁ခု၊ ငွေတံဆိပ် ၃၃၈ခု၊ ကြေးတံဆိပ် ၃၄၁ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၀၂၀ခုတို့ကို ချီးမြှင့်နိုင်ခဲ့သည်။ အချို့သော အားကစားပွဲစဉ်များတွင် သတ်မှတ်ထားသော လူဦးရေပင် ပြည့်မီအောင် ယှဉ်ပြိုင်မည့်သူ မရှိသဖြင့် ကြေးတံဆိပ်များ ပေးအပ်နိုင်ခဲ့ခြင်း မရှိပေ။

Key

  *   အိမ်ရှင်နိုင်ငံ

နောက်ထပ် အချက်အလက်များ အဆင့်, NOC ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads