အာရှ မသန်စွမ်း အားကစားပြိုင်ပွဲ
အာရှတိုက်တွင်ကျင်းပသည့် အားကစားပွဲတော် From Wikipedia, the free encyclopedia
Remove ads
အာရှ မသန်စွမ်း အားကစားပြိုင်ပွဲ (အင်္ဂလိပ်: Asian Para Games)သည် အာရှပါရာလမ်းပစ်ကော်မတီမှ ဦးစီးကျင်းပသည့် မသန်စွမ်းသူများဆိုင်ရာ အားကစားပွဲတော်ဖြစ်သည်။ ပြိုင်ပွဲဝင် မသန်စွမ်းသူများတွင် သွက်ချာပါဒ၊ လေဖြန်း၊ခြေ၊ လက်မသန်စွမ်း၊ အမြင်၊ အကြားချို့တဲ့ခြင်း စသည့် မသန်စွမ်းမှုအမျိုးမျိုး ခံစားနေရသူများ ပါဝင်သည်။ အိုလံပစ်နှင့် ပါရာလမ်းပစ်ကဲ့သို့ပင် အာရှအားကစားပြိုင်ပွဲအပြီးတွင် ထိုပွဲ၏ အိမ်ရှင်မြို့ကပင် ဆက်လက် ကျင်းပသည်။ဤပွဲတော်သည် မသန်စွမ်းအားကစားပြိုင်ပွဲ (ပါရာလမ်းပစ်)ပြီးလျှင် ဒုတိယမြောက် အကြီးကျယ်ဆုံးပွဲတော်ဖြစ်သည်။ လက်ရှိအချိန်အထိ နိုင်ငံ (၃)နိုင်ငံမှ လက်ခံကျင်းပခဲ့ပြီး နိုင်ငံပေါင်း (၄၄)နိုင်ငံမှ ပါဝင် ယှဉ်ပြိုင်ခဲ့သည်။
Remove ads
သမိုင်းကြောင်း
ယခင်က အရှေ့ဖျားနှင့် တောင်ပစိဖိတ် မသန်စွမ်းအားကစားပြိုင်ပွဲ (FESPIC)အဖြစ် ကျင်းပခဲ့ပြီး အာရှ-ပစိဖိတ်ဒေသမှ နိုင်ငံများ ယှဉ်ပြိုင်ခဲ့ကြသည်။၁၉၇၅ခုနှစ်တွင် ဂျပန်နိုင်ငံ၌ စတင်ကျင်းပခဲ့ပြီး ၂၀၀၆ခုနှစ်တွင် မလေးရှားနိုင်ငံ၌ နောက်ဆုံးကျင်းပခဲ့သည်။
FESPICကို ကြီးကြပ်ကျင်းပသည့် FESPIC အားကစားအဖွဲ့ချုပ်ကို ဖျက်သိမ်းပြီး အာရှမသန်စွမ်းသူများအားကစားကောင်စီနှင့် ပေါင်းစည်းခဲ့သည်။FESPICအားကစားပွဲကိုလည်း ဖျက်သိမ်းခဲ့သည်။ နောက်ဆုံးပွဲတော်ဖြစ်သော ၂၀၀၆ ကွာလာလမ်ပူပွဲတော်ပိတ်ပွဲတွင် အာရှမသန်စွမ်းသူများအားကစားကောင်စီကို အာရှမသန်စွမ်းသူများအားကစားကော်မတီအဖြစ် ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။
အာရှနိုင်ငံများပါဝင်သည့် ပထမဆုံး မသန်စွမ်းအားကစားပွဲကို ၂၀၁၀ပြည့်နှစ်တွင် တရုတ်နိုင်ငံ၌ စတင်ကျင်းပခဲ့သည်။
Remove ads
ပွဲတော်များ
Remove ads
အားကစားနည်းများ
၂၀၁၀ပွဲတော်မှစ၍ ယခုအချိန်အထိ မငန်စွမ်းသူများအတွက် အားကစားနည်းများအပါအဝင် အားကစားနည်းပေါင်း ၂၄မျိုးကို ကျင်းပနိုင်ခဲ့သည်။
ဆုတံဆိပ်ဇယား
အဖွဲ့ဝင် ၄၄နိုင်ငံတွင် ၃၇နိုင်ငံမှ အနည်းဆုံး ဆုတံဆိပ် တစ်ခုရယူနိုင်ခဲ့သည်။၇နိုင်ငံမှာမူ ဆုတံဆိပ် ဆွတ်ခူးထားခြင်းမရှိပေ။ရွှေတံဆိပ် အနည်းဆုံးတစ်ခု ရယူထားသောနိုင်ငံ ၃၁နိုင်ငံရှိသည်။၂၀၁၈ ဂျာကာတာပွဲတော်အထိ ဆုတံဆိပ်ပေါင်း ၃၉၁၀ကို ချီးမြှင့်နိုင်ခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads