အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်

ခိုလမ်မြို့အ‌ခြေစိုက်တပ်မတော်တိုင်းစစ်ဌာနချုပ် From Wikipedia, the free encyclopedia

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
Remove ads

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (အတိုကောက် ရလခ) သည် ခိုလမ်မြို့တွင် အခြေစိုက်သည့် တပ်မတော်တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း နယ်နိမိတ်အလယ်ရှိ ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။

အချက်တိုများ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်, နိုင်ငံ ...

ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။

လက်ရှိ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ် မျိုးမင်းထွန်း ဖြစ်ပြီး ၎င်းသည် ၂၀၂၂ နှစ် ဇူလိုင်လမှစ၍ တြိဂံတိုင်းမှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခြင်း ဖြစ်သည်။

Remove ads

သမိုင်း​

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) ကို ၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော်လည်း ကွပ်ကဲမှုနယ်မြေကျယ်ပြန့်လှသည်ဖြစ်၍ ဝေးလံသောနေရာများကို ထိရောက်သော ကွပ်ကဲမှုမပေးနိုင်ခဲ့ပေ။ ထို့ကြောင့် ၁၉၇၂ ခုနှစ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လည်းကောင်း၊ ၁၉၉၆ ခုနှစ်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်ကို လည်းကောင်း၊ ရပခ နယ်မြေအတွင်းမှ ခွဲထုတ်ကာ သီးခြားစစ်တိုင်းများအဖြစ် ဖွင့်လှစ်ခဲ့ရသည်။ ၂၀၁၂ ခုနှစ်တွင် စစ်နယ်ဝှန်းလိုအပ်မှုအခြေအနေအရ ရပခ လက်အောက်ရှိ နယ်မြေအချို့အား ထပ်မံထုတ်နုတ်ကာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သီးခြားစစ်တိုင်းအဖြစ် ဖွဲ့စည်းခဲ့သည်။

Remove ads

ဖွဲ့စည်းပုံ

စစ်ဗျူဟာများ

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အား ရှမ်းပြည်နယ်ခိုလမ်မြို့[] တွင်အခြေပြုကာ တိုင်းစစ်ဌာနချုပ်လက်အောက်ခံအဖြစ် အခြေချ စစ်ဗျူဟာ (ကွန်ဟိန်း)၊ အခြေချ စစ်ဗျူဟာ (လင်းခေး)၊ လှုပ်ရှား စစ်ဗျူဟာများနှင့် ကွပ်ကဲမှုအောက် ခြေလျင်/ခြေမြန်တပ်ရင်း (၁၆) ရင်းရှိသည်။

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ

အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ

  • ဗိုလ်မှူးကြီး ထွန်းထွန်း​နောင်[] (ကြည်း - ၁၈၁၃၁) (စတသ - ၂၅) ( သား ဇင်မောင်ထွန်း ၊ သမီး ခင်မြင့်မြတ်ထက်)
  • ဗိုလ်ချုပ် သန်းလှိုင် ( သမီး ဆုရတီစံ)
  • ဗိုလ်ချုပ် မင်းနောင်(ဝန်ကြီး) (ကြည်း - ၁၈၂၈၀) (ဗသက - ၆၆) ( သား ဘိုဘ်ိုကျော်၊ သား ဇေယျာမင်း၊ သား သူရှိန်လှိုင်)
  • ဗိုလ်ချုပ် လှမိုး (သမီး နော်လှလှမိုး ၊ သား သူရထက်)
  • ဗိုလ်ချုပ် နီလင်း​အောင် [] (ကြည်း - ၂၇၁၆၀) (စတသ - ၃၇) ( သား သွင်ထူးအောင် ၊ သမီး ကြည်စင်နှင်းသန့် ၊ သမီး ကြည်စင်ရှင်းသန့်)
  • ဗိုလ်ချုပ် မျိုးမင်းထွန်း (ကြည်း - ၂၇၈၉၄) (တေဇ - ၂၃) ( ၂၀၂၂ ဩဂုတ်လအထိ တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး)
Remove ads

ကိုးကား

နောက်ထပ်ကြည့်ရန်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads