အလယ်အာရှ

အာရှတိုက်၏ဒေသ From Wikipedia, the free encyclopedia

အလယ်အာရှ
Remove ads

အလယ်အာရှ သည် အာရှတိုက်၏ ဗဟိုချက်တွင် တည်ရှိသော နေရာဒေသတစ်ခုဖြစ်သည်။ အနောက်ဘက်တွင် ကက်စပီယံပင်လယ်၊ အရှေ့ဘက်တွင် တရုတ်နိုင်ငံ၊ တောင်ဘက်တွင် အာဖဂန်နစ္စတန်နိုင်ငံနှင့် မြောက်ဘက်တွင် ရုရှားနိုင်ငံ တို့အထိကျယ်ပြန့်သည်။ လက်ရှိအခြေအနေအရ အလယ်အာရှတွင် ပါဝင်သည့်နိုင်ငံများမှာ ယခင် ဆိုဗီယက်ပြည်ထောင်စုမှ ကွဲထွက်လာသည့် နိုင်ငံများဖြစ်သော ကာဇက်စတန်နိုင်ငံကာဂျစ္စတန်နိုင်ငံတာဂျစ်ကစ္စတန်နိုင်ငံတာ့ခ်မင်နစ္စတန်နိုင်ငံ နှင့် ဥဇဘက်ကစ္စတန်နိုင်ငံ တို့ဖြစ်ကြသည်။ ရံဖန်ရံခါတွင် အာဖဂန်နစ္စတန်နိုင်ငံကိုလည်း ထည့်သွင်းရေတွက်သည်။

အချက်တိုများ အလယ်အာရှ (Central Asia), ဧရိယာ ...

အလယ်အာရှသည် သမိုင်းကြောင်းများအရ နောမက် (ခေါ်) နေရာအတည်တကျမရှိ လှည့်လည်သွားလာနေသော လူမျိုးစုများ နေထိုင်ခဲ့ကြခြင်းနှင့် ပိုးလမ်းမကြီး တည်ရှိနေခဲ့ခြင်းတို့ကြောင့် ဥရောပအနောက်အာရှအရှေ့တောင်အာရှ နှင့် အရှေ့အာရှ ဒေသများ၏ ကုန်သွယ်ရာ ဒေသတစ်ခုဖြစ်ခဲ့သည်။[][] အစ္စလမ်မတိုင်မီခေတ်နှင့် အစ္စလမ်ခေတ်ဦးပိုင်းတွင် အလယ်အာရှသည် အီရန်လူမျိုးများ ကြီးစိုးရာဒေသ ဖြစ်ခဲ့သည်။ တားကစ်ခ်လူမျိုးများ ရောက်ရှိလာပြီးနောက် အလယ်အာရှသည် ယင်းလူမျိုးတို့၏ အိမ်သဖွယ်ဖြစ်လာခဲ့သည်။ သို့အတွက်ကြောင့် အလယ်အာရှကို ရံဖန်ရံခါ တာကီစတန်ဟူ၍လည်း ခေါ်ဆိုကြသည်။[][][][]

၁၉ ရာစုအလယ်ပိုင်းမှ ၂၀ ရာစုအကုန်အထိ အလယ်အာရှ၏ ဒေသအများစုမှာ ရုရှားအင်ပါယာ တွင်ပါဝင်ပြီး နောက်ပိုင်းတွင် ဆိုဗီယက်ပြည်ထောင်စု အဖြစ်တည်ရှိခဲ့သည်။

Remove ads

နယ်မြေဒေသ အချက်အလက်များ

နောက်ထပ် အချက်အလက်များ နိုင်ငံ, ဧရိယာ km² ...

တစ်ခါတစ်ရံ ထည့်သွင်းရေတွက်သောနိုင်ငံများ

နောက်ထပ် အချက်အလက်များ နိုင်ငံ, ဧရိယာ km² ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads