အာနုထင်း ချာန်ဝီရာကွန်း
ထိုင်းနိုင်ငံဝန်ကြီးချုပ် (၂၀၂၅ - လက်ရှိ) From Wikipedia, the free encyclopedia
Remove ads
အာနုထင်း ချာန်ဝီရာကွန်း [မှတ်စု ၁](ထိုင်း: อนุทิน ชาญวีรกูล; အင်္ဂလိပ်: Anutin Charnvirakul; ၁၃ စက်တင်ဘာ ၁၉၆၆ မွေးဖွား) သည် ထိုင်းနိုင်ငံ နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး အမျိုးသမီးဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ် အားရာထူးမှ ဆိုင်းငံ့ ရပ်ဆိုင်းခဲ့ပြီးနောက်၊လွှတ်တော်အတွင်း မဲပေးရွေးချယ်မှုတွင် အနိုင်ရသဖြင့် နိုင်ငံ၏ ၃၂ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သူ ဖြစ်သည်။သူသည် ထိုင်းနိုင်ငံတွင် ဆေးခြောက် ကို မူးယစ်ဆေးဝါးစာရင်းမှ ဖယ်ရှားကာ တရားဝင်စိုက်ပျိုးခွင့် နှင့် ကုန်သွယ်ခွင့်ပေးအောင် စွမ်းဆောင်ခဲ့သူ အဖြစ်လည်း လူသိများ သည်။[၁]
Remove ads
ငယ်ဘဝ နှင့် ပညာရေး
အာနုထင်း ချာန်ဝီရာကွန်း သည် ၂၀၀၈ ခုနှစ် ထိုင်းနိုင်ငံအကျပ်အတည်းအတွင်း ၂၀၁၁ ခုနှစ်အထိ ယာယီဝန်ကြီးချုပ် တာဝန်ယူခဲ့ပြီး၊တစ်ချိန်တည်းမှာပင် ပြည်တွင်းရေးဝန်ကြီး အဖြစ်လည်း တာဝန်ယူခဲ့သူ ချာဝရက် ချာန်ဝီရာကွန်း (Chavarat Charnvirakul) ၏ သား ဖြစ်သည်။သူ၏ ဖခင်သည် ထိုင်းဝန်ကြီးချုပ် အဘီစစ် ဝိဇ္ဇာဇီဝ လက်ထက်တွင် ထင်ရှားသည့် ပြည်တွင်းရေးဝန်ကြီး တစ်ဦးလည်း ဖြစ်ခဲ့သည်။
မိသားစုသည် ထိုင်း-တရုတ်စပ် မျိုးနွယ်ဖြစ်ပြီး တရုတ်နိုင်ငံ၊ ဂွမ်ဒုံ Guangdon သားများ ဖြစ်ကြ၏။ ၎င်းသည် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ တွင် မွေးဖွားကြီးပြင်းခဲ့ပြီး၊ အမေရိကန်နိုင်ငံ၊ Hofstra University မှ စက်မှုအင်ဂျင်နီယာဘွဲ့ရ တစ်ဦး ဖြစ်သည်။
Remove ads
နိုင်ငံရေးဘဝဖြတ်သန်းမှု
စက်မှုအင်ဂျင်နီယာ အာနုထင်း သည် ၎င်း၏ အသက် ၃၀ ကျော်အစောပိုင်းတွင် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့်၊ နိုင်ငံရေးလောကထဲသို့ စတင် ဝင်ရောက်ခဲ့သည်။
အာနုထင်း သည် ၎င်း၏ အစောပိုင်း နိုင်ငံရေးဘဝ ကို သက်ဆင် ၏ ပါတီတွင် ရုံးထိုင်သူ တစ်ဦးအဖြစ် ဖြတ်သန်းခဲ့သည်။နိုင်ငံရေးကို အောက်သက်ကြေခဲ့သူ ဟု ထိုင်းသတင်းများ၏ ဖော်ပြခြင်းကို ခံရသူလည်း ဖြစ်သည်။
အာနုထင်း သည် ၎င်းရှေ့ လတ်တလော ထိုင်းဝန်ကြီးချုပ် သုံးဦး၏ လက်ထောက်အဖြစ် အစိုးရ ညွန့်ပေါင်းများတွင် ပါဝင်လာခဲ့သည်။ အရောင်အမျိုးမျိုး ပြောင်းနိုင်သော နိုင်ငံရေး ပုတ်သင်ညို ဟုလည်း ဖော်ညွန်းခံရသည်။
အာနုထင်း သည် စစ်တပ်ဦးဆောင်သော အစိုးရလက်ထက်တွင်လည်း ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့စဥ်၊ COVID-19 ကူးစက်ရောဂါကို တုံ့ပြန်ရာ၌ နှာခေါင်းစည်း မတပ်သော နိုင်ငံခြားသားများကို အပြစ်တင်ပြောဆိုမှုဖြင့် နိုင်ငံတကာသတင်းများတွင် ထင်ရှားကျော်ကြားလာခဲ့သည်။
သူသည် ၂၀၀၄ ခုနှစ်၊ သူ့အသက် ၃၈ နှစ် တွင် သက်ဆင် ရှင်နာဝပ် အစိုးရအဖွဲ့ တွင် ကုန်သွယ်ရေး ဒုဝန်ကြီး တာဝန်ပေးအပ်ခံရခြင်းဖြင့် အစိုးရအဖွဲ့တွင်း ထိပ်ပိုင်းရာထူးအဆင့်ကို စတင်ရရှိလာခဲ့သည်။[၂]
နောက်ပိုင်းတွင် ကျန်းမာရေး ဒုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး၊ ပြည်တွင်းရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ် အထိ ဖြစ်လာခဲ့သည်။[၃]
အနုတင် သည် ၂၀၂၃ ခုနှစ်၊ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် တတိယနေရာ အနိုင်ရခဲ့သည့် ဗဟိုလက်ယာယိမ်း ဘုမ်ကျိုင်ထိုင်းပါတီ၏ ခေါင်းဆောင် ဖြစ်သည်။
ဘုမ်ကျိုင်ထိုင်းပါတီသည် ၂၀၂၃ ခုနှစ်တွင် သက်ဆင်၏ ဖွေထိုင်းပါတီ နှင့် မဟာမိတ်ဖွဲ့ခဲ့သည့် ပါတီဖြစ်သည်။
Remove ads
ထိုင်းဝန်ကြီးချုပ်ဘဝ
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ် ကို ရာထူးမှ ထုတ်ပယ်ရန် စွပ်စွဲထားသည့် အမှုနှင့်ပတ်သက်၍ ၇-၂ မဲဖြင့် ဝန်ကြီးချုပ်တာဝန်ယာယီမှ ဆိုင်းငံ့ ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့ သောကြာနေ့တွင် ကျင့်ဝတ်ဆိုင်ရာ အရှုပ်တော်ပုံဖြင့် ဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ် ကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ်အဖြစ်မှ ထုတ်ပယ်ခဲ့သည်။လစ်လပ်သွားသည့် ထိုင်းဝန်ကြီးချုပ် နေရာအတွက် အစားထိုးရန် အာနုထင်း သည် အဆိုတင်သွင်းခံခဲ့ရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် ထိုင်းလွှတ်တော် အတွင်း ကျင်းပသည့် ဝန်ကြီးချုပ် မဲပေးရွေးချယ်ခဲ့မှုတွင် ကွန်ဆာဗေးတစ် အတိုက်အခံ ဘူမ်ကျိုင်ထိုင်းပါတီ ခေါင်းဆောင် အနုတင် သည် ထောက်ခံမဲ ၃၁၁ မဲ ဖြင့် နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ လွှတ်တော်အမတ် ၄၉၂ ဦး တွင် လိုအပ်သည့် မဲအများစုအဖြစ် ၂၄၇ မဲ ထက် ၎င်းသည် များစွာသာလွန် ရရှိခဲ့သည်။[၄]
၂၀၂၅ ခုနှစ်၊စက်တင်ဘာ ၇ ရက် တွင် ထိုင်းဘုရင် မဟာဝဇိရာလင်္ကရဏသည် နိုင်ငံ၏ ၃၂ ဦးမြောက် ထိုင်းဝန်ကြီးချုပ်အဖြစ် ဘူမ်ကျိုင်းထိုင်းပါတီ ခေါင်းဆောင် အာနုထင်း ချာန်ဝီရာကွန်း အား တရားဝင်ခန့်အပ်ခဲ့သည်။[၅]
ပိုင်ဆိုင်မှုများ
စီးပွားရေးလုပ်ငန်းရှင် နှင့် နိုင်ငံရေးသမား အဖြစ် လူသိများသည့် အာနုထင်း ချာန်ဝီရာကွန်း တနည်း အနုထင် ချန်ဝီရကွန်း သည် ဘတ် ၄,၃၇၂,၁၇၃,၀၉၄ (ဘတ်လေးဘီလျံကျော်)ပိုင်ဆိုင်သည်ဟု ထိုင်းနိုင်ငံ၊ အမျိုးသား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် (NACC)က ကြေညာထားသည်။[၆]
ပုဂ္ဂိုလ်ရေးဘဝ နှင့် စီးပွားရေး
သူသည် အားလပ်ချိန်များတွင် လေယာဉ်မောင်းတတ်သည်။ ကိုယ်ပိုင်လေယာဉ်ငယ်များကိုလည်း စုဆောင်းတတ်သူဟု နာမည်ကျော်သည်။သူလုပ်ကိုင်ဖူးသည့် လုပ်ငန်းများထဲတွင် ဖျားနာသူများ လေယာဥ်ဖြင့် ဆေးရုံပို့ပေးခြင်း နှင့် လှူဒါန်းထားသည့် ကိုယ်တွင်းအင်္ဂါများအား သယ်ယူပို့ဆောင်ပေးသော အလုပ်အကိုင်လည်း ပါဝင်ခဲ့သည်။
ဆိုရှယ်မီဒီယာပေါ်တွင် သူသည် တီရှပ်နှင့် ဘောင်းဘီတိုကို ဝတ်ဆင်ပြီး ခေါက်ဆွဲကြော်ပြတတ်သည်။ထို့အပြင် ၁၉၈၀ ခုနှစ်များက ရေပန်းစားသည့် ထိုင်းပေါ့ပ်သီချင်းတပုဒ်ကို ဆက်ဆိုဖုံး မှုတ်ပြ သို့မဟုတ် စန္ဒယားတီးပြတတ်သူအဖြစ် လူသိကြသည်။
အာနုထင်း သည် မိသားစု၏ Sino-Thai Engineering and Construction PCL အကျိုးအမြတ်ကြီးမားသည့် ဆောက်လုပ်ရေးကုမ္ပဏီကို အမွေဆက်ခံသူ ဖြစ်သည်။ ၎င်းကုမ္ပဏီ သည် ဘန်ကောက် သု လေဆိပ် အပါအဝင် အစိုးရ၏ အကြီးစား ကွန်ထရက်များ များစွာ ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီ ဖြစ်သည်။ အင်ဂျင်နီယာအဖြစ် အနုတင်သည် ထိုကုမ္ပဏီ၏ ဥက္ကဋ္ဌ (president) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
အာနုထင်း သည် အိမ်ထောင်နှစ်ဆက်ကျခဲ့ပြီး သားသမီး နှစ်ဦး ရှိသည်။
Remove ads
မှတ်စု
- ထိုင်းအသံထွက်: အနုထင် ချန်ဝီရကွန်း
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads